ကိုယ့်ကို ချစ်ခင်တဲ့သူတွေကြားမှာ အေးအေးချမ်းချမ်းနဲ့ အလုပ်တွေလုပ်ကိုင်ရင်း ဘဝကို ကျော်ဖြတ်ချင်ပါတယ် ထက်ထက်မိုးဦး

0
286

မေလ ၈ ရက်နေ့က အကယ် ဒမီ ထက်ထက်မိုးဦးရဲ့ မွေးနေ့ရက် မြတ်ပဲဖြစ်ပါတယ်။ ဒီ့အတွက် သူ့ကို ချစ်ခင်အားပေးနေကြတဲ့ We Love Htet Htet Moe Oo Fan Group အဖွဲ့သားများက ထက်ထက်မိုးဦးကို ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ Mescure Hotel မှာ မွေးနေ့ပွဲ လေး ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ အကယ် ဒမီထက်ထက်မိုးဦး တစ်ယောက် အင်မတန်မှ ပျော်ရွှင်နေတာကို မြင် တွေ့ရ ပါတယ်။ ပရိသတ်များပေး တဲ့ မွေး နေ့လက်ဆောင်များကလည်း အများအပြားပါပဲလို့ မွေးနေ့ဂုဏ်ပြုပွဲ ဆင်ယင်ကျင်းပတဲ့ ပျော်ရွှင်ငြိမ်း ချမ်းဖွယ် နေ့လေးအပေါ် ထက်ထက် မိုးဦးရဲ့ကြည်နူးပီတိခံစားမှုကတော့…

”တအားပျော်တယ်။ မန္တလေးက ပရိသတ်တွေကလည်း လုပ်ပေးတယ်။ညကလည်း သူတို့က ၁၂ နာရီကျော် တာနဲ့ မွေးနေ့ suprise လာလုပ် တယ်။ ကိုယ်ကခရီးကလည်း ပြန် လာ၊ရှုတင်ကလည်း ပြန်လာရတာဆို တော့ တော်တော်ပင်ပန်းနေတာနဲ့ အိပ်ပျော်သွားတယ်။ သူတို့ရောက် လာတာ တော်တော်အံသြသွား တယ်။တအားပျော်ပါတယ်” လို့ မွေးနေ့မှာ ခံစားရတဲ့ ခံစားမှုကိုပြောပြပါတယ်။ဒီနှစ်မှာကျ ရောက်တဲ့သူ့ရဲ့မွေးနေ့ မှာ သတိအရဆုံးကတော့ သူ့ရဲ့ မေမေဖြစ်ကြောင်းမွေးမေမေ ဘယ်ဘုံဘယ်ဘဝပဲရောက်ရောက် အေးချမ်းသာယာမှုရှိပါစေလို့ ဆု တောင်းကြောင်းလည်းပြောပြပါ တယ်။

သူ့ရဲ့ မွေးနေ့မှာ သူ့အတွက် တောင်းဆု ပြုချင်တာကလည်း ”အခုလိုအခြေအနေက အကောင်း ဆုံးပါပဲ။ နွေးထွေးမှုပေးတဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင် ကိုယ့်ရဲ့မီဒီယာတွေ ဒီ we love အဖွဲ့တွေ ပြီးတော့ ကိုယ့် အနီးအနား မှာ ကိုယ့်ကိုချစ်ခင် တဲ့ သူတွေကြားမှာ အေးအေး ချမ်းချမ်း နဲ့ အလုပ်တွေလုပ်ရင်း ကျော်ဖြတ် သွားချင်ပါတယ်” လို့ ထက်ထက် မိုးဦးက ပြောပြခဲ့ပါတယ်။ အခု လတ်တလော ထက်ထက်မိုးဦး ရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ ဇေရဲထက်နဲ့ ဗီဒီယိုဇာတ်ကားတစ် ကားမှာပါဝင်ရိုက်ကူးနေတာဖြစ်ပြီး မကြာခင်မှာစိန်ဌေးရုပ်ရှင်ထုတ် လုပ် ရေးနဲ့ ဇာတ်ကားများ ဆက် လက်ရိုက် ကူးသွားဖို့ရှိကြောင်းသိရပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here