အခုခေတ်ပေါ်နေတဲ့ ရွှေထူးလား၊ ဒါမှမဟုတ် လွှမ်းပိုင်လားဆိုပြီး မေးခွန်းထုတ်လိုက်တဲ့ မေခလာ

0
168

ရှေ့က စီနီယာအဆိုတော်ကြီးတွေရဲ့ ချစ်ခင်လေးစားစရာ ကောင်းတဲ့ဂုဏ်အင်တွေက ရွယ်တူတွေအချင်း ချင်းလေးစားပြီး လူငယ်တွေကို လက်ကမ်းကြိုဆိုတယ်ဆိုလာသူ အဆိုတော်မေခလာပါ။ လူငယ်တွေကိုWelcome လုပ်လေ့ရှိတဲ့ အဆိုတော်မေခလာ၊ ကိုယ်တိုင်ပြောတာရှိပါသေးတယ်။ အဲဒါက ဘာလဲဆို တော့…

“ချစ်ငယ်ကတော့ အားလုံးကို Welcome လုပ်နိုင်တဲ့အတွက် အခုခေတ်ပေါ်တဲ့ သီချင်းတွေ ကိုလည်း သီဆိုနိုင်တယ်။ ဥပမာအားဖြင့် စိုင်းစိုင်းခမ်းလှိုင်သီချင်းလား။ အခုခေတ်ပေါ်နေတဲ့ ရွှေထူးလား၊ ဒါမှမဟုတ် လွှမ်းပိုင် လား။ ချစ်ငယ် အလွန်ကြိုက်တယ်”လို့ ပြောပါတယ်။ မေခလာရဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုရှိပါသေးတယ်။ အဲဒီအကြောင်းကိုလည်း သူမက …

“ဒီနှစ်ထဲမှာ ချစ်ငယ်မှန်းထားပါတယ်။ ချစ်ငယ်တို့ကို ပွဲစီစဉ်ပေးမယ့် Organizer တစ်ဦး ကလည်း ပြောထားတယ်။ ချစ်ငယ်က ပြောတယ်။ တစ်ယောက်တည်း မဆိုချင်ဘူး။ နောက် တစ်ယောက်ပါ ထည့်ပေးပါ။ ဆိုတော့ ချစ်ငယ်ထင်တယ်။ ဇွန်၊ ဇူလိုင်လောက်လည်း ဖြစ်သွား နိုင်ပါတယ်” လို့ မေခလာကပြောပါတယ်။ ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကို အမြဲတမ်း ကျန်းမာ၊ ချမ်းသာပါစေဆိုပြီး ဆုတောင်းပေးနေရခြင်းမှာ ကျန်းမာခြင်းက ဘယ်လောက်အရေးကြီး လဲဆိုတာကိုလည်း သူမက အခုလိုပြောပြပါတယ်။ “လူတစ်ယောက် ကျန်းမာဖို့ဆိုတာ ကိုယ်ရော၊ စိတ်ရော အဆင်ပြေနေမှ။ ကိုယ်ကျတော့ ကိုယ့်ရဲ့ကျန်းမာရေးကို အမြဲတမ်းဂရုစိုက်နေရမယ်။ စိတ်ကျတော့လည်း မကောင်းတာတွေ အမြဲမသွင်းနေဘဲနဲ့ Delete လုပ်ပစ်ရမယ်။ ဒါပေမဲ့ ခန္ဓာကိုယ် ကို Care လုပ်ဖို့က ပိုက်ဆံလည်းရှိမှနော့။ တချို့ မရှိဆင်းရဲတဲ့လူတွေက ရောဂါရလာရင် သေရုံပဲလေ။ သနားပါတယ်။ ချစ်ငယ် အဲဒီလိုမျိုးတွေကြားရရင် အလွန်စိတ်မကောင်းဖြစ်ရတယ်။ ချစ်ငယ်မကြားချင်ဘူး။ စိတ်လည်းမချမ်းသာဘူး။ လူဆိုတာ တစ်နေ့တော့သေကြရမှာပါပဲ။ ဒါပေမဲ့လည်း အဲဒီလိုမျိုး ဗြုန်းစား ကြီးသေရတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့ ပရိသတ်အားလုံးကို ချစ်ငယ်က ဆုတောင်းပေးချင်တယ်။ ပိုက်ဆံတွေရပါစေ။ ကျန်းမာပါစေ။ အဓိကက အဲဒါပါပဲ”လို့ မေခလာက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here