ဗန့်ကို သရုပ်ဆောင်လို့ ပရိသတ် မုန်းမှာ စိတ်မပူပါဘူး မြနှင်းရည်လွင်

0
141

မြနှင်းရည်လွင်ဟာ ကာရိုက် တာ အစုံအလင်ကို သရုပ်ဆောင်ချင် သူပီပီ လက်ရှိရုံတင်ပြသလျက်ရှိနေတဲ့ Toxic (အဆိပ်သွေး) မှာလည်း သူရဲ့ မတူညီတဲ့သရုပ်ဆောင်မှုဖြစ်တဲ့ ဗီလိန်ဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင် ထားတာကို တွေ့ရပါတယ်။ သူမရဲ့ ဘဘောဆန္ဒကတော့ ပရိသတ်တွေ အမြင်မှာ ကာရိုက်တာ စွဲမဖြစ်အောင် အတတ်နိုင်ဆုံးဇာတ်ကားတစ်ကားနဲ့ တစ်ကားမှာ မတူညီ တဲ့ ဇာတ်ရုပ်တွေကိုပဲ ရွေးချယ်ပြီး သရုပ်ဆောင်ဖြစ်နေတာ ဖြစ်တယ် လို့ ဆိုပါတယ်။ Toxic (အဆိပ်သွေး) ထဲမှာတော့ မြနှင်းရည်လွင် ဇာတ် ကောင်ဟာ လုံးဝအဖြည့်မပါတဲ့ ဗီလိန် ဇာတ်ရုပ်ကို သရုပ်ဆောင်ထားခဲ့ တာဖြစ်ပါတယ်။ မြနှင်းရည်လွင်ကတော့ ဗီလိန်သရုပ်ဆောင်လို့ ပရိသတ်မုန်း ကြမှာကိုတော့မစိုးရိမ်မိဘဲ အဓိကကတော့ ကာရိုက်တာ ပီပြင်ဖို့ ဖြစ်ပြီး အခုခေတ် ပရိသတ်တွေကလည်း ရုပ်ရှင်ရသကို ခံစားတတ်သူတွေမို့ ဗီလိန် ဖြစ်တိုင်းအမုန်းခံရတာမျိုးမဟုတ်တော့ဘူးလို့ သူကဆိုပါတယ်။

”တကယ်တော့ ဗီလိန်ဇာတ်ကောင်မျိုးကို မလုပ်ချင်တဲ့သူရှိတယ်။ လုပ် ချင်တဲ့သူ ရှိတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဗန့်ပုံစံကို လုပ်ကို လုပ်ချင်တာ။ ဒါရိုက်တာတွေကလည်း ဗန့်ပုံစံပီပြင်အောင် သင်ပြပေးတယ်။ ကျွန်မကတော့ ဗန့်ပုံစံကို Toxic(အ ဆိပ်သွေး)မှာ အပီပြင်ဆုံးကြိုးစား ထားခဲ့တယ်။ ဗန့်ပုံစံ သရုပ်ဆောင်လို့ မြနှင်းရည်လွင်က အပြင်မှာလည်း အဲဒီလိုလား မသိဘူး ဆိုရင်တော့ မဟုတ်ပါဘူး။ အခုနောက်ပိုင်း ပရိ သတ်တွေ တအားပွင့်လင်း လာကြပြီဖြစ်တယ်။ သူတို့တွေရဲ့ အတွေး အခေါ် အယူအဆတွေက အလွန်မြင့်မားကြတဲ့ ပရိသတ်တွေ ဖြစ်ပါတယ်။ ဒါသည် အစ်မရဲ့ အလုပ် ဆိုတာကိုသူတို့သိကြတယ်။ ဒီဟာကို သရုပ် ဆောင်နေ တယ်ဆိုတာ သူတို့ သိကြတယ်။ အစ်မအမုန်အတိုင်း ပြော ရရင် ဒီ Toxic (အဆိပ်သွေး) ဇာတ် လမ်းတွဲကို ကြည့်ရှုပြီးတော့ အစ်မကို မုန်းစေချင်တာ (ရယ်လျက်)။ အဲဒီ ဇာတ်ကားထဲက ပတ္တမြားခင်ကိုပေါ့ နော်။(ရယ်လျက်)။ အဲဒီတော့မှသာ အစ်မ လုပ်ထားတဲ့ အရာက ပီပြင် တယ်လို့ ပြောလို့ရမှာဖြစ် တယ်။ အဲဒီ တော့ အခုလို ဗန့်ကို သရုပ်ဆောင်လို့ ပရိသတ် မုန်းမှာဆိုတဲ့ ကိစ္စမျိုး အတွက် ကိုတော့ စိတ်မပူပါဘူး” လို့ မြနှင်း ရည်လွင် ကတော့ပွင့်ပွင့်လင်း လင်းနဲ့ ပြော ပြပေးပါ တယ်။

သူ့ရဲ့ စိတ်ဆန္ဒကတော့ အနုပညာ အလုပ်ကို လုပ်ကိုင် နေတာဖြစ်တဲ့ အတွက် ကိုယ်လုပ်ဆောင်ရမယ့် ကာ ရိုက်တာတစ်ခုအပေါ်ကို ဘယ် သော အခါမှပေါ့ပြက်ပြက်မဖြစ် ချင် တဲ့ ဆန္ဒတွေက အမြဲတမ်းအတွေး ထဲမှာ လွှမ်းမိုးနေတယ်လို့ သူကဆိုပါ တယ်။

”အစ်မကလေ ကာရိုက်တာ တစ်ခုကို ဘယ်တော့မှ ပေါ့ ပြက် ပြက်မဖြစ်ချင်ဘူး။ အပြင်က ဇာတ်ကောင် တွေအတိုင်း တူညီ အောင်လုပ်ပြချင် တာ။ နိုင်ငံတကာက သရုပ် ဆောင် တွေ လုပ်ပြ နေသလို မျိုးပေါ့။ တအားကြီးတွေး ထားတာတော့မဟုတ်ပါဘူး။ အနု ပညာသမား ဆိုတာ ဖြစ်လာတဲ့အတွက် ကိုယ်ကျရာ ဇာတ် ရုပ်အပေါ်မှာ ကိုယ်က အ ကောင်းဆုံး လုပ်သွားဖို့က ကိုယ့်တာဝန် ဖြစ်တယ်လို့ပဲ ခံယူ ချက်ထားတယ်” လို့ မြနှင်းရည်လွင်က ပြောပါတယ်။

ထက်လူ