သီချင်းဆိုပြိုင်ပွဲ ဒိုင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ နီနီခင်ဇော် ကို စိတ်ပင်ပန်းစေတဲ့ အရာကဘာတွေဖြစ်မလဲ

0
865

နွေရာသီရဲ့ ပူပြင်းမှုတွေကနေ လွတ်မြောက်ဖို့ သိပ်မလိုတော့ပါဘူး။ မကြာခင်မိုးရာသီ မိုးကျတော့မယ်။ ဒီရာသီ မှာ အနုပညာရှင်အများစု၊ အဓိကကတော့ အဆိုတော်တွေပေါ့လေ။ သူတို့တွေ စတူဒီယိုထဲ အောင်းပြီး သီချင်း ဖန်တီးမှုတွေလုပ်ချင်လုပ်နေ မယ်။ ဒါမှမဟုတ် အေးအေးဆေး ဆေးနေချင်နေနေမယ်။ ဒီကာလ လေးပဲ အနားရကြ တာကိုး။ ဒီလိုပါပဲ။ အဆိုတော် နီနီခင်ဇော်ရဲ့ မိုးရာသီ အစီအစဉ် ကိုမေးကြည့်တဲ့အခါ …

”မိုးတွင်းကတော့ နီနီတို့ ခရီး ထွက်စရာလေးတွေရှိတယ်။ မိသား စုခရီးရော၊ နိုင်ငံခြားဖျော်ဖြေရေး ခရီးလေးတွေရောပေါ့။ နောက်တစ် ခုကတော့ နီနီ့ရဲ့ သီချင်းအသစ်တစ် ပုဒ်ထပ်ထွက်ဖို့ရှိပါတယ်”လို့ နီနီ ခင်ဇော်က ပြောပါတယ်။ သီချင်း အသစ်ဆိုတာက ဘယ်သူရေးပေး ထားတာလဲ၊ ဘာပဲပြောပြော နီနီခင် ဇော်က နောက်ပိုင်းထွက်ရှိတဲ့ သီ ချင်းတွေဆိုရင်လည်း ပေါက်မြောက် အောင်မြင်ခဲ့တာပဲလေ။ သူများရေးပေးတဲ့ သီချင်းပဲဖြစ်ဖြစ်၊ နီနီကိုယ် တိုင်ရေးသီချင်းပဲဖြစ် ဖြစ်ပေါ့။

”နောက်ထွက်မယ့် သီချင်းတွေ က နီနီတို့ Red Generation ကနေ Red Gen ဆိုပြီးထောင်ထား သေးတယ်လေ။ အဲဒီက ညီမလေး အန်းနီ ရေးပေးတဲ့ သီချင်းကို နီနီကပြန်ဆိုမှာ ပါ။ ဆိုတော့ ကိုယ်မွေးဖွား ပေးတဲ့ ကြယ်ပွင့်လေးကနေ ကိုယ့်ကို ပြန် ရေး ပေးတာဖြစ်တယ်။ ပြီးတော့ သူ့ သီချင်းက နီနီရေးထား တာထက်အဆပေါင်းများစွာ ကောင်းနေတယ်။ အဲဒါကြောင့်မို့လို့ သူ့ သီချင်းလေးကိုသီဆိုပါမယ်။ ပရိသတ် အားပေးပါဦး” လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီ့ကို နောက်တစ်ခုမေးဖြစ်တာ က သူမအကဲဖြတ်ဒိုင်လုပ်ပေးနေတဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲပါ။ ပြိုင်ပွဲပြီးဆုံးဖို့ သိပ်မလို တော့တဲ့အချိန်မှာ နီနီခင်ဇော်ရဲ့ဒိုင်အတွေ့အကြုံ က ဘယ်လိုလဲ၊ နီနီတို့နဲ့ အပြိုင် သီချင်းဆိုပြိုင်ပွဲကြီးတစ်ခုကလည်းအင်အားကောင်းကောင်းနဲ့ စ တင်ပြသ နေပြီဆို တော့လေလို့ ဆိုတော့ …

”နီနီတို့အနေနဲ့က The Voice ကကျတော့ Coach အနေနဲ့ပါရတာဖြစ်တဲ့ အတွက် Talents တွေအားလုံးကို ကိုယ်က ဘေးကနေ တစ်ချိန်လုံးဝင်ကူနေရ တာ။ အခုဆိုတော် တော်ကူရတယ်။ သူတို့ရဲ့ အဝတ် အစားတွေရော၊ ဆိုဟန်တွေရောဆို တော့ သူတို့ရဲ့ Stylist ပါဖြစ်နေတာ ပေါ့နော်။ ဆိုတော့ သူတို့ပြိုင်ရသလို တင် မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ဝင်ပြိုင်နေရ သလိုဖြစ်နေတယ်။ အဲဒီအပေါ် မှာ ကိုယ်က ၂ ဆ၊ ၃ ဆ စိတ်ပင်ပန်းပါတယ်။ အခု The Voice မှာလည်း နီနီဖန်တီးချင်တဲ့ အနုပညာ တွေကို လိုက်လျော ပေးတဲ့ နီနီ့ရဲ့ ညီအစ်ကိုမောင်နှမ တွေကို ကျေးဇူးတင်ပါတယ်။ The Voice မှာလည်း နီနီ ရဲ့ Team Ni Ni ကိုလည်း ဆက်ပြီး အားပေးပါ။ ပရိသတ်ကအား ပေးမှ Team Ni Ni ထဲက Winner ဖြစ်မှ နီနီလည်း ပျော်ရမှာပေါ့နော်။ အဲဒီ တော့Team Ni Ni ရော၊ တခြားအဖွဲ့တွေကိုရော အားပေးပေးပါ။ နီနီတို့တစ်တွေကိုယ်ရော၊ စိတ်ရော ကြိုးစားနေပါတယ်”လို့ နီနီခင်ဇော်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here