Digital ရုပ်ရှင်ပြစက်

0
327

ရုပ်ရှင်ရိုက်ကူးရေးမှာ ဖလင်ကနေ Digital ပြောင်းသွားသလို၊ ရုပ် ရှင်ရုံများမှာလည်း ဖလင်ပြစက်ကနေDigital ပြစက်များ ပြောင်းသွား ကြလေပြီ။ Digital နည်းပညာများနဲ့ တည်ဆောက်ထားတဲ့အတွက် ပေါ့ပါး သွက်လက်မြန်ဆန်ပြီး၊ လိုရာခရီးကို သွက်လက်လျင်မြန်တိကျစွာရောက် နိုင်တယ်။ ဖလင်လို ကရိကထမများ ပေတစ်ထောင်လိပ်၊ နှစ်ထောင်လိပ် များ ထမ်းပိုးနေစရာမလို၊ ရှေ့နောက် ပြန်ရစ်စရာမလို၊Leather စထပ် ဆင်စရာမလို။ ဖလင်ကြောင့် ဖြစ် ပေါ်သော မှုန်ခြင်း၊ ဝါးခြင်း၊ တုန်ခါ ခြင်းများ မရှိတော့ပေ။

Digital ပြစက်များအကြောင်း လေ့လာထားသလောက် ပြောရပါမူ …ဒီနေ့ခေတ် ရုပ်ရှင်ရုံများမှာ Digital ပြစက်ကို DCP ဟုခေါ်သော (Digital Cinema Package) များ နဲ့ ပြသရတဲ့စနစ်ဖြစ်တယ်။ အသံပိုင်း ကိုတော့Dolby Digital Surround များ တပ်ဆင်ထားတယ်။ ရုပ်ရှင်ရုံပတ်ပတ်လည်မှ အသံများ ထွက်လာခြင်းကိုSurrounding ဟု ခေါ်တယ်။

အသံစနစ်မှာ 5.1, 7.1, 11.T- DOLBY ATMOS System အနာ ဆိုပြီး ရှိပါတယ်။ ATMOS ဟာ အမြင့်ဆုံး ဖြစ်တယ်။ အသံများကို Surround- ing အပြင်၊ တချို့အသံများ ပွဲကြည့် ပရိသတ်ခေါင်းပေါ်မှ ပျံသန်းသွား တယ်။ ကျွန်တော်တို့ နည်းပညာအား နည်းမှုတွေကြောင့် 5.1 အသံ System အမှန်အတိအကျ ထုတ်ပေး နိုင်ဖို့ ကြိုးစားနေချိန်မှာ အခြားနိုင်ငံ များကBago 11.1 ကို ထုတ်ပေးနေ ပြီ။ အခုအခါ မြန်မာပြည်ရှိ တချို့ ရုပ်ရှင်ရုံများတွင်ATMOS ကို တပ်ဆင်ထားပြီးဖြစ်တယ်။ ရုံတိုင်းမှာ မရှိ၊ ATMOS ဟာ ကုန်ကျစရိတ် အလွန်များပြားလှပါတယ်။

ပြစက်မှာ အရုပ်အသံနဲ့ပတ် သက်ပြီး လေ့လာမိသလောက် ပြော ရရင် …

1. DCP Projector 2 Kု.
2. အမ်ပလီဖာယာ amp (အသံ ချဲ့စက်)
3. Monitor Speaker.
4. . Computer (Laptop)

5. Exhaust Fan (အပူထုတ် ပန်ကာ)
6. လျှပ်စစ်မီးပြတ်တောက်ပါက မီးစက်မနိုးမီကြားကာလအတွင်း အရုပ်/အသံပြတ်တောက်မှု မရှိစေ ရန် (Three Phase – UPS)

7. AC/DC လျှပ်စစ်ဒါရိုက်ကား ရင်း
8.KDM ထည့်ရနှ်နမလနမ
9. လုံလောက်သော လေအေး ပေးစက် …တို့ မဖြစ်မနေ ပါရှိနေ ရမည်။

D < P ..ပရိုဂျက်တာ (projector) အမျိုးအစားမှာSony, Barco, Christie, Nec ..တို့ရှိကြ တယ်။ မြန်မာပြည်ရှိ ရုပ်ရှင်ရုံအချို့ များမှာတော့Belgium လုပ် Barco အမျိုးအစားကို အသုံးပြုကြတယ်။ အဲဒီပြစက်မှာ 3 D အပါအဝင်HDMI အထိ ပြသနိုင်တယ်။ တစ်ဖန် Texas Instruments ရဲ့ 3 Chip DLP .Digital Light Processing နည်းပညာ အသုံးပြုထားတဲ့အတွက် အရောင်အမျိုးပေါင်း ၃၅ ကုဋေထက် မနည်း လွှင့်ထုတ်နိုင်ခဲ့တယ်။ Auro Digital Sound ပတ်လည်အသံစနစ် ကို ပိုကောင်းစေပြီး၊ အရုပ်အသံကြည် လင်ပြတ်သားမှုကို အထူးကောင်းမွန် စေတယ်။

စပီကာ ၁၂ လုံး အသုံးပြုစေ တယ်။ ပိတ်ကားနောက်ဘက်မှာတော့ Sound Box အကြီး ၄ လုံးနဲ့ ယူနစ် ၃ လုံး တပ်ဆင်ထားတယ်။ ဒါကြောင့်Dolby Digital Surround အသံ ပတ်လည်စနစ်ကို ရရှိခြင်းဖြစ်တယ်။ ၅.၁ ဆိုရင် စပီကာ ၆ လုံး။ ၁၁.၁ ဆို ရင် စပီကာ ၁၂ လုံး တပ်ဆင်ထားရ တယ်။ မွိုင့်One ကWofer  ဖြစ်ပါ တယ်။Sound Effect တွေကို Wofer ကနေSurround  ဆီ ထုတ် လုပ်ပေးပါတယ်။

လျှပ်စစ် အသုံးပြုပုံမှာတော့ …AC (အောလ်တာနိတ်တင်း)နဲ့ DC (ဒါရိုက်ကားရင်း) နှစ်မျိုးရှိတယ်။ ရုပ်ရှင်ရုံတွေမှာ နှစ်မျိုးစလုံး အသုံး ပြုပါတယ်။

AC, Current မှာ3 Phase နဲ့Single Phase ဆိုပြီး ၂ မျိုးရှိ တယ်။ အုပ်စုကို Power နဲ့ Lightingလို့လည်း ခေါ်တယ်။ Power မှာ လျှပ်စစ် Volt 440 V ရှိပြီးLighting V မှာ 220 V ရှိမယ်။ DCPပရိုဂျက် တာများကို 3 Phase သုံးစွဲတယ်။ လျှပ်စစ်မီးပြတ်တောက်ပါက၊3 Phase UPS မှာ DC Vollage မှ AC သို့ လျှပ်စစ်ဓာတ်အားပြောင်း လဲထုတ်ယူနိုင်တယ်။

3 Phase Color Coke ကို အရောင်များနဲ့ ခွဲခြားထားတယ်။

1.Red
2.Yellow
3. Blue ဆိုပြီး သုံးကြိုးသုံးထား တယ်။Lighting အသုံးပြုရန်Neutral ကြိုးတစ်ကြိုးသွယ်ထားရ ပြန်တယ်။
အပူကြိုး ၃ ကြီုး1. Red Neutral
2. Yellow
3. Blue

အရောင် ၃ မျိုးက အပူကြိုးလို့ ခေါ်ပြီးNeutral ကို အအေးကြိုးလို့ ခေါ်တယ်။ မြင်းကောင်ရေ တစ် ကောင်လျှင် ဝပ်အား ၇၄၆ ဝပ်ရှိ တယ်။ ၃ ကောလင်သုံးလျှင် ၄၄ဝ.V နဲ့ အသုံးပြုရတယ်။ Phase to Phase သုံးပါက ၄၄ဝ.v ရှိရမယ်။

ပြစက်မှာ အသုံးပြုတဲ့ မီးလုံး မှာ ၆၅ဝဝ ဝပ်ရှိတယ်။ ဒါကြောင့် လျှပ်စစ်ကြိုးကို အရောင် ၃ မျိုးခွဲပြီး သုံးမျိုးသုံးရတာပါ။ ခံနိုင် ရည်အားက ၄၄ဝ.v ရှိရမယ်။ ဝါယာ မှာ ၄ ကြိုးရှိနေရမယ်။ အပူ ၃ ကြိုး အရောင်ခွဲလွှတ်ခြင်းတစ်ခုချင်းစီရဲ့ မီတာများ အသုံးပြုပုံကို ပြသနေ သဖြင့် AC လွှတ်အားကို ထိန်းညှိပေး နိုင်ခြင်းဖြစ်တယ်။

Digital Cinema စနစ်က IT စနစ်ကို အခြေခံထားတာပါ။DCP ဟာ 2 K အရည်အသွေးကို စံပြုထား ခြင်းဖြစ်ပါတယ်။2K 4K ဆိုတာ ပုံ ရိပ်အရည်အသွေးများကို အလျား လိုက်တိုင်းတာတဲ့ Pixel (ပစ် ဆယ်လ်) ဖန်သားပြင်ပေါ်မှာ ပေါ် တဲ့ အစက်အပျောက်များထဲကပါ။

ကမ္ဘာမှာ 2 K DCP ပြသနိုင် ဖို့ ရိုက်ကူးသူကFull HD (1920 Horizontal) အရည်အသွေးမီ အောင် မဖြစ်မနေ ရိုက်ကူးရမှာပါ။

ရုပ်ရှင်ဇာတ်ကားတစ်ကား ကူး ယူနိုင်ဖို့အတွက် ထုတ်လုပ်သူထံမှ HD (Hard Drive) ကို ရယူစေပြီး ကူးယူရင် အနည်းဆုံး မိနစ် ၃ဝ၊ အများဆုံး ၄၅ မိနစ်ကြာပါတယ်။ ထိုသို့ကူးယူရုံနဲ့ ပြသလို့ မရနိုင် သေးပါ။ လောလောဆယ်ပြစက်ရဲ့ အလုပ်ရုံမှ ထုတ်လုပ်ရာမှာ အမှတ် အသား e-certifi- cate 1 D ကုဒ်နံပါတ်ကို DCP ထုတ်လုပ်တဲ့ Post House ကို ပေးပို့ပြီး ထုတ်လုပ် ရေးမှ တာဝန်ပေးထားတဲ့ DCP ပြုလုပ်ဆောင်ရွက်သူက ပြသနိုင်မယ့် ကုဒ်နံပါတ်နဲ့ ပြသမယ့် နိုင်ငံရဲ့ စံ တော်ချိန်ကို ကန့်သတ်ပြီး ရုပ်ရှင် File ဖိုင်ကို ဖတ်ရှုပြသနိုင်ဖို့၊KDM (Key Delivery Message) တစ်ခု ကိုE-mail နဲ့ သို့မဟုတ် ဖုန်းနဲ့ ပေး ပို့ရပါတယ်။
ပြသမယ့် ရုံက အဲဒီ KDMကိုSever အတွင်း ထည့်မှသာ ပြသလို့ ရမှာ ဖြစ်ပါတယ်။ အဲဒီလို ကိုက်ညီမှ သာ ပြသနိုင်မှာပါ။

Post House မှ ပေးပို့ထားတဲ့ KDM ကို ကွန်ပျူတာနဲ့ Download ဆွဲယူပြီး USB ကြိုးနဲ့ ဆက်သွယ် ကာ ဇာတ်ကားအမည် file ကို ကွန် ပျူတာအတွင်းသို့ ကူးယူရမှာပါ။ အဲဒီFile ကို အဝါရောင်folder အဖြစ် ပြောင်းယူရမယ်။်folder ပေါ် လာရင် Computer ဆက်သွယ်မှုကို ဖြုတ်ပြီး မန်မိုရီစတစ်ကို ကွန်ပျူတာ သို့ တပ်ဆင်ရပါမယ်။ Memory Stick နှင့် ကူး ယူပြီးပါက၊Projector USB သို့ တပ်ဆင်ရပြန်တယ်။ ကွန်ပျူတာမှာ Adgust System ဖွင့်ကာ မန်မိုရီ အတွင်းကkey ကို Adjust  ပြုလုပ် မှသာ သော့ပွင့်သွားပြီး အချိန် နာရီ အတိုင်း ဇာတ်ကားပြသလို့ရသွားပြီ။ ပြသချိန်ပြီးပါက အလိုအလျောက် ပျက်ပြယ်သွားပါတော့တယ်။
ဒါက ဒီနေ့ရုပ်ရှင်ရုံတွေမှာ ပြသနေတဲ့ Digital ပြစက်တွေပေါ့။ အရုပ်အသံတွေ ခေတ်မီသွားပြီ။ ရုံ တွေလည်း ခေတ်မီအဆင့်အတန်းမြင့် သွားပြီ။ ပရိသတ်လည်း စိတ်တိုင်းကျ အားပေးနေပါပြီ။

မြန်မာ့ရုပ်ရှင်ခေတ်မီအဆင့်ဆီ တိုးတက်ပါစေသား။

ဒါရိုက်တာ မောင်ဗေဒါ


LEAVE A REPLY

Please enter your comment!
Please enter your name here