အဆိုတော် မနောနဲ့ သီချင်း ၂ ပုဒ်အတူတူ သီဆိုထားတဲ့ အဆိုတော် ဗီဗာဟိန်း

0
228

ပရိသတ်တွေနဲ့ အလှမ်းဝေးနေ တဲ့ အဆိုတော် ဗီဗာဟိန်းကတော့ အဆိုတော်မနောနဲ့ပေါင်းပြီး သီချင်း အသစ် ၂ ပုဒ်ကို အွန်လိုင်းကနေပြီး ပရိသတ်တွေဆီ ချပြသွားမယ်လို့ သိရပါတယ်။ မနောနဲ့ အနုပညာအလုပ် တွဲလုပ်ပြီး သီချင်းအသစ် ၂ ပုဒ် ပြင်ဆင်ထားပုံနဲ့ ပတ်သက်ပြီးတော့ ဗီဗာဟိန်းက ”အစ်မက အခုအဆို ပိုင်းတင်မဟုတ်ဘဲ သရုပ်ဆောင် ဘက်ပါသွားနေတယ်။ ကိုနေထူးနိုင်နဲ့ ရိုက်ကူးထားတာလည်း ရှိတယ်ပေါ့နော်။ နှစ်ခွေ၊ သုံးခွေတော့ ရှိပြီး။ ပရိသတ်ကလည်း အားပေးတော့ ဇာတ်ကားလေးတွေလည်း ဆက်ရိုက်ကူးဖို့ရှိတယ်။ အခု ကိုမနောနဲ့လည်း အတူတူ သီချင်း ၂ ပုဒ်ကို အွန်လိုင်း ပေါ်မှာ တင်သွားဖို့ ရှိပါတယ်။ ကိုမနောနဲ့ သီချင်းအတူတူဆိုတော့ နည်းနည်းလေးလည်း ရင်ခုန်တယ်။ ဘာလို့လဲဆိုတော့ သူက ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထား တဲ့သူတစ်ယောက်ဖြစ်နေတော့ ကိုယ့် အတွက်လည်း တာဝန်ကြီးတယ်။ ပြီး တော့ အစ်ကိုနဲ့ တွဲဆိုထားတဲ့ သီချင်း ကလည်း ပေါက်မယ်လို့ ယုံကြည် တယ်”လို့ ပြောပါတယ်။

ပရိသတ်တွေနဲ့ မဆုံတွေ့ဖြစ်တဲ့ အချိန်လေးမှာ ဘာတွေလုပ်ဖြစ်လဲလို့ မေးကြည့်တဲ့အခါမှာတော့ ဗီဗာဟိန်း က ”အစ်မပရိသတ်တွေနဲ့ မတွေ့ဖြစ်တာ မဟုတ်ပါဘူး။ တွေ့ဖြစ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်က ပရိသတ်တွေနဲ့ တော့ သိပ်မတွေ့ဖြစ်ဘူး။ အစ်မက နယ်ပွဲတွေပဲ သွားနေရတော့ နယ်က ပရိသတ်တွေနဲ့ တွေ့ဖြစ်တာများတယ်။ ပြီးတော့ အစ်မဆိုတဲ့ သီချင်းတော်တော်များများက နယ်က လူတွေ ပိုကြိုက်တယ်။ ကိုကြီးကျော်တို့၊ ဘူးသီးနုနုမခူးရတို့ အဲဒီသီချင်းတွေကို နယ်က လူတွေ ပိုကြိုက်တယ်။ ရန်ကုန်ကလူတွေလည်း ကြိုက်တဲ့သူ တွေရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အစ်မက အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်နေဆဲပါ။ ပရိသတ်အတွက်လည်း သီချင်းမြူးမြူးလေးတွေ လုပ်ထားတာတွေလည်း ရှိပါတယ်။ နား ထောင်စေချင်ပါတယ်။ ပရိသတ်တွေ ရဲ့ အားပေးမှုကြောင့် အဆိုတော် ဗီဗာဟိန်းက အခုဒီနေရာမှာ ရပ်တည် နေနိုင်တာပါ။ ဒါတွေအားလုံးက ပရိ သတ်တွေရဲ့ကျေးဇူးကြောင့်ပါ”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဗီဗာဟိန်းက နယ်ဖျော်ဖြေပွဲတွေမှာ သီချင်းဆိုဖြစ် နေပြီး သီချင်းခွေအသစ်တွေ ထုတ် လုပ်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here