သရုပ်ဆောင် ထွန်းကိုကို ရဲ့ အချစ်ရေးလှုပ်လှုပ်ရှားရှားဖြစ်ပြီလား

0
308

လတ်တလောအချိန်မှာတော့ ပရဟိတအလုပ်တွေ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ မအားလပ်ရအောင် တွေ့နေရတဲ့ အနုပညာရှင်ကတော့ သရုပ်ဆောင်ထွန်းကိုကိုပဲ ဖြစ်ပါတယ်။ သင်္ကြန်ပြီးစအချိန်ကတည်းက အနုပညာအလုပ်တွေထပ် ပရဟိတပိုင်းကိုပဲလုပ်ဖြစ်နေ တဲ့ ထွန်းကိုကိုက …

”ပရဟိတ အလုပ်တွေခပ်စိပ်စိပ်လုပ်ဖြစ်နေတာက သင်္ကြန်အပြီးမှာ ရိုက် ကူးဖို့အတွက်ဆိုပြီး ဇာတ်ကားလေးတည်ထားတယ်။ ဒါပေမဲ့ မရိုက်ဖြစ်ဘဲ ရက်ရွေ့ သွားတယ်။ ဒါကြောင့် ကျွန်တော့်အတွက် ကိုယ်ပိုင်အချိန်လေးတွေ ရနေတယ်။ နည်းနည်းအားနေတယ်။ ဒါကြောင့် နာရေးကူညီမှုအသင်းမှာရော၊ မီးသတ် တာတွေရော လုပ်ဖြစ်ခဲ့တာပါ။ နာရေးကူညီမှုအသင်းမှာလည်း Volenteer လုပ်ရင်းနဲ့ နာရေးကူညီမှု အသင်းရဲ့ အသင်းသားပါဖြစ်နေပါပြီ။ ကျွန်တော်က အနုပညာပိုင်းမှာလည်း မလစ်ဟင်းအောင် ကြိုးစားနေတယ်။ အားလပ်ချိန်မှာ လည်း ပရဟိတလုပ်တယ်။ နောက်လည်း အားရင်အားသလို အသင်းနဲ့ပူးပေါင်း ပြီး နာရေးလမ်းကြောင်းလိုက်တာတွေ၊ မီးငြှိမ်းသတ်ရေးတွေ ဆက်တိုက် လုပ်သွားဦးမှာပါ”လို့ ပြောပြပါတယ်။ ဒီလိုအနုပညာအလုပ်တွေ၊ လူမှုကူညီ ရေးလုပ်ငန်းတွေပဲဆက်တိုက် လုပ်ဖြစ်နေတဲ့ ထွန်းကိုကိုအတွက် အချစ်ရေး အခြေအနေကရော ဘယ်လိုလဲဆိုတာကိုမေးမြန်းတော့…

”လတ်တလော ကျွန်တော့်ရဲ့အချစ်ရေးကတော့ Lonely ပေါ့။ တစ် ယောက်တည်းပါပဲ။ ကျွန်တော်ကိုယ်တိုင်က ရွေးလည်း မရွေးချယ်ချင်သေးဘူး။ ဆုံးဖြတ်ချက်လည်း မချချင်သေးဘူး။ နောက်ပြီး အချိန်လည်း မပေးနိုင်သေးတာကြောင့်ပါ။ အနုပညာအလုပ်တွေ ပရဟိတအလုပ်တွေလုပ်နေတာဖြစ်တဲ့အတွက် သူ့အတွက်လည်း အချိန်တွေ မပေးနိုင်သေးဘူး။ ကိုယ်ကိုယ်တိုင် လည်း မရွေးချယ်သေးဘဲ အနုပညာအလုပ်တွေလုပ်လို့ မဝသေးလို့ပါ။ ဒါကြောင့် အချစ်ရေးကတော့ လိုပါသေးတယ်”လို့ ထွန်းကိုကိုက ပြောပြပါတယ်။

အနုပညာပိုင်းမှာတော့ ၇၂ နှစ် မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ဒါရိုက်တာ တုနှိုင်းခ ရိုက်ကူးတဲ့ ‘မီးလျှံဒိုင်ယာရီ’ ဇာတ်ကားမှာလည်း ယုသန္တာတင်၊ မင်းတော်ဝင်၊ မြတ်နိုးအေး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ထွန်းကိုကိုရဲ့ သရုပ်ဆောင်မှုက . . .

”ကျွန်တော့်နေရာကလေးကတော့ မိဘကဖြစ်စေချင်တဲ့အတိုင်း အင်ဂျင်နီယာကျောင်းတက်ခဲ့တယ်။ ကိုယ်တိုင်ကတော့ မီးသတ်တပ်ဖွဲ့ထဲကိုဝင်ခဲ့တယ်။ မိဘကတော့ သဘော မတူဘူးဆိုတဲ့ပုံစံလေးပါ။ ကျွန်တော်အတွက်ကတော့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားရိုက်တာ နှစ်နှစ်ရှိပါတယ်။ ဒီနှစ်မှာတော့ မီးသတ်တဲ့နေရာက ပါဝင်တဲ့အခါ အပြင်မှာ ကိုယ်တိုင်ကလည်း မီးသတ်သင်တန်း ကိုတက်ရောက်ထားတဲ့ အတွက် သိပ်ပြီးတော့ ပြသနာမရှိပါဘူး”လို့ ပြောပြပါတယ်။ နောက်ထပ်လည်း ထွန်းကိုကိုက ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးမယ့် ‘ဒလံ’လို့အမည် ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို ပြင်ဦးလွင်မှာ သွားရောက်ရိုက်ကူးဦးမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here