မင်းသန့်မောင်မောင်ရဲ့ ရိုက်ကွင်းကို မသွားဖြစ်ရခြင်းအကြောင်းပြောပြတဲ့ စင်ရော်မောင်မောင်

0
143

ဒါရိုက်တာစင်ရော်မောင်မောင် အနေနဲ့ ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းဝါရင့်ဒါရိုက်တာတစ်ဦး ဖြစ်တာကြောင့် ကိုယ့်ရဲ့ပုံမှန်ဇာတ်ကား ရိုက်ကူး မှုတွေနဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်ရဲ့ ဇာတ်ကားရိုက်ကူးမှု ကွာခြား တဲ့အပေါ် အမြင်က …

”ပထမဆုံးသားက ဇာတ်ညွှန်း ကို ကျွန်တော့်ကိုပြတဲ့အချိန်မှာ ကျွန် တော့်ရဲ့ ယူဆမှုနဲ့ သူတို့ အယူအဆ တွေက တကယ်ပဲ တခြားစီဖြစ်နေတယ်။ သူတို့ရဲ့ အယူအဆသည် သူတို့ဆုံးဖြတ်ချက်နဲ့ ယုံကြည်ချက်အတိုင်းသွားပါတယ်။Camera Angle တွေ၊ Lighting အယူအဆတွေက သူက Chart နဲ့ဆွဲတယ်။ ကျွန်တော် ကတော့ လိုအပ်တဲ့ ငွေကြေးကို ထုတ်ပေးရတယ်။ တချို့ Setting ရှာလို့မရတဲ့ ပစ္စည်းတွေကိုဝိုင်းရှာပေး တယ်။ Location အိမ်နေရာတွေကို လိုက်ပြပေးပါတယ်။ ကျွန်တော်တို့ ပုံမှန်ရိုက်ကူးနေ ကျကတော့ စကားပြောနည်းနည်းများတယ်။ သားကတော့ Movement တွေနဲ့၊ သရုပ်ဆောင်မှု အမူအရာတွေကို အလေး ထားပါတယ်။ Lighting အယူအဆတွေက ကျွန်တော့်ထက် ပိုကောင်း တယ်လို့ ခံစားရတယ်။ ပိုကြိုက်တယ်။ မနာလိုဘူးပေါ့ဗျာ။ (ရယ်လျက်) ကုန်ကျ စရိတ်အနေနဲ့ကတော့ များတယ်။ မြန်မာနိုင်ငံမှာ ၁၅ မိနစ်စာ ဇာတ် လမ်းတိုအတွက်ကို ငွေကျပ်သိန်း တစ်ရာ့နှစ် ဆယ်လောက် ကုန်ကျ တယ်” လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here