My Boo ခေါင်းစွပ်တွေ ဖြန့်ချိဦးမယ့် မိစန္ဒီ

0
81

mi-san-d-1

ဟစ်ဟော့ပ်အမျိုးသမီးလေး မိစန္ဒီက သူမရဲ့ Collection Product တစ်ခုဖြစ်တဲ့ My Boo ကို စက်တင်ဘာလအတွင်းက ပရိသတ်ကို မိတ်ဆက်ခဲ့ပြီး အင်္ကျီများ၊ ဦးထုပ်များ ဖြန့်ချိပေးခဲ့ပါတယ်။ လူငယ်တွေကြား ခေတ်စားနေတဲ့ ပုံစံဒီဇိုင်းတွေနဲ့ အဝတ်အထည်တွေဖြစ်တာကြောင့် ပထမတစ် သုတ်ဖြန့်ချိ စဉ်မှာပဲ ပစ္စည်းပြတ်တဲ့အထိ ရောင်းချခဲ့ရတယ်လို့လည်းသိရပါတယ်။ လက်ရှိမှာတော့ ဒုတိယအသုတ်အဖြစ် ထပ်မံထုတ်လုပ်ထားလျက်ရှိတယ်လို့လည်း သိရပါတယ်။

” ပထမအကြိမ် Limited အနေနဲ့ အထည်ရာဂဏန်းလောက် ထုတ်ထားတာကတော့ အခု ပစ္စည်းပြတ်သွားပြီ။ ရောင်းရတယ်လို့ ပြောလို့ရပါတယ်။ စထုတ်တာဆိုတော့ ဈေးကွက်အနေအထားလည်း သိပ်မသိရသေးတော့ မှန်းလို့မရသေးတော့ Limited အနေနဲ့ထုတ်တာပါ။ အခုပထမအသုတ်ကတော့ ပစ္စည်းလည်း တော်တော်ပြတ်သွားတယ်။ အဲဒီအတွက်လည်း ညီမဝမ်းသာပါတယ်။ ပရိသတ်တွေကလည်း အားပေးကြတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ အဆိုတော်အနေနဲ့ ပရိသတ်အားပေးတဲ့ခံစားမှုက တစ်မျိုး။ အခုလိုအားပေးတဲ့ ခံစားမှုက တစ်မျိုး မတူဘူးပေါ့” လို့ မိစန္ဒီက ပြောပါတယ်။ မိစန္ဒီက ဒီဇင်ဘာလအတွင်းမှာလည်း My Boo ဒီဇိုင်းသစ်တွေ ထပ်မံထုတ်လုပ်သွားဖို့ရှိပြီး ဆောင်းတွင်းအတွက် ဆွယ်တာ ခေါင်းစွပ်လေးတွေပါ ထပ်မံထုတ်လုပ်သွားဖို့လည်းရှိတယ်လို့ သိရပါတယ်။

” ညီမဆောင်းနေကျ ခေါင်းစွပ်ပုံစံမျိုးလေးတွေကို My Boo အနေနဲ့ ဒီဇိုင်းထုတ်သွားဖို့ရှိပါတယ်။အခုတော့ နယ်တွေအထိပါ ဖြန့်ဖို့စီစဉ် နေပါတယ်။ဒါတွေအားလုံး လည်း ညီမကိုယ်တိုင်ပဲလုပ်ပါတယ်။ ဝန်ထမ်းလည်း အများကြီးမရှိဘူး။ ညီမရယ်၊ နောက်ထပ် ညီမလေး တစ်ယောက်ရယ်ပဲ ရှိပါတယ်။ အခုလို ကိုယ်လုပ်ချင်တာလေးကို ကိုယ်တိုင်လုပ်နေရတဲ့ အတွက်လည်း ပျော်ပါတယ်” လို့ မိစန္ဒီက ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here