၎နှစ်ကြာအောင်လုပ်ခဲ့ရတဲ့ L လွန်းဝါရဲ့ အခွေအကြောင်း

0
199

မကြာခင်မှာတော့ Lလွန်းဝါက My Music Dictionary လို့အမည်ပေးထားတဲ့ အခွေ MTV ကို ထွက်ရှိတော့မှာဖြစ်ပါတယ်။ဒီအခွေက သူ့ဂီတအနုပညာဆရာဖြစ်တဲ့ ထူးအိမ်သင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ အမှတ်တရထွက်ရှိတဲ့ အခွေပဲဖြစ်ပါတယ်။CD အနေနဲ့ကတော့ ၂၀၁၄ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီလည်းဖြစ်ပြီး MTVကို ၂၀၁၆ ခုနှစ် ကတည်းက ထွက်ရှိဖို့စီစဉ်ခဲ့တာဖြစ်ပေမယ့် အခွေထွက်ဖို့ လုပ်နေရင်းနဲ့ ခုလို၂၀၁၈ ခုနှစ်ထဲ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီအခွေက ထူးအိမ်သင်အမှတ်တရ စီစဉ်ထုတ်လုပ်တဲ့ အခွေဖြစ်ပေမယ့် ထူးအိမ်သင် သီချင်းတွေကို ပြန်လည်သီဆိုတာမျိုးမဟုတ်ဘဲ ထူးအိမ်သင်အတွက် ရည်ရွယ်ပြီး ရေးသားထားတဲ့ သီချင်းတွေ၊ထူးအိမ်သင်နဲ့ အတူတူဖန်တီးရေးသားခဲ့တဲ့ သီချင်းတွေ ပါဝင်မှာဖြစ်ကြောင်း L လွန်းဝါက ရှင်းပြပါတယ်။

ထူးအိမ်သင်ကိုချစ်တဲ့ ပရိသတ်တွေကထဲမှာ ကျွန်တော်လည်းထိပ်ဆုံးကနေပါတယ်။ထူးအိမ်သင်ကိုကြည့်ပြီး အသံတွေလေ့ကျင့် ခဲ့ရတာမျိုး၊ထူးအိမ်သင်ကိုကြည့်ပြီးတော့မှ ကျွန်တော်တို့က ဘယ်လိုမျိုးနေချင်တာမျိုး ၊သူ့စတိုင်ကို ဘယ်လိုဖမ်းချ့င်တာမျိုးပေါ့။ဒီအခွေလေးကထူးအိမ်သင်ရ့ပရိသတ်တွေရော Lလွန်းဝါရဲ့ ပရီသတ်တွေရော ကြိုက်နှစ်သက်မယ့် အခွေလို့မြင်ပါတယ်လို့ အခွေနဲ့ ပတ်သက်လို့Lလွန်းဝါကပြောပါတယ်။ထူးအိမ်သင်အမှတ်တရ အခွေဖြစ်တဲ့အတွက် MTV ရောင်းရငွေများထဲမှ အမြတ်ငွေများကိုထူးအိမ်သင်မိသားစုကိုပေးအပ်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။”အဓိက ကတော့ကျွန်တော်က အနုပညာ စိုက်တယ်။အသံစိုက်တယ်။သီချင်းရေးတယ်။ကျွန်တော်ရဲ့ အမှတ်တရအနေနဲ့ ကျွှန်တော်လုပ်တယ်။ကျွန်တော်နာမည်ကြီးဖို့အတွက်မဟုတ်ပါဘူး။ဘ၀မှာ သင်ဆရာ မြင်ဆရာ၊ကြားဆရာဖြစ်ခဲ့တဲ့ ဆရာထူးအိမ်သင်အတွက်ကို ဒီအခွေတည်းပြီးတော့ လုပ်ပေးတာပါ။နောက်တစ်ခု ပြောချင်တာက ကျွန်တော်ကကွယ်လွန်သွားပြီးတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေပြန်လည်သီဆိုပြီးတော့မှ အသက်မွေးဝမ်းကျောင်းဖို့လည်းရည်ရွယ်တာမဟုတ်တဲ့အတွက်ကြောင့် သူ့သီချင်းတွေပြန်လည်သီဆိုတာတစ်ပုဒ်မှမပါဘူး။ကိုယ့်ဘာသာကိုယ်ရေးတယ်။သူ့ကိုအမှတ်တရ ဂုဏ်ပြုတယ်။သူ့ကိုကြိုက်လို့ သူ့ကိုလေးစားလို့သူ့အတွက်သီချင်းတွေရေးပြီး သူ့အတွက် အခွေထုတ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေ အနုပညာတွေ အကုန်လုံးက သူ့ကိုကန်တော့တာပါလို့ Lလွန်းဝါကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here