ဥပါဒါန်ဇာတ်ကား ဖြစ်တည်လာဖို့ ကျွန်တော့် ရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးရင်းခဲ့ရတယ် ဒါရိုက်တာ ဗန်းကြီး

0
162

ဥပါဒါန် ရုပ်ရှင်ဇာတ်ကား ရုပ်ရှင် ရုံတင်ပြသခွင့်ရခြင်း အထိမ်း အမှတ်အဖြစ် တိပိဋကမဟာဂန္ဓာရုံ ကျောင်းမှ သံဃာတော်အပါး ၂၂၇ ပါးအား ဆွမ်းစတဲ့ ဒါတဗ္ဗဝတ္ထုအစုစု အကြိုလှူဒါန်းပွဲကြီးကို မေလ ၁၁ ရက်နေ့ မနက် ၇ နာရီက နဝဒေး ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဥပါဒါန် ရုပ်ရှင်ဇာတ်ကားကြီး ရုပ်ရှင်ရုံပေါ်ကို လျင်မြန်စွာရောက်ရှိ နိုင်ခြင်းဟာလည်း သူ့ရဲ့အကျိုး အကြောင်းတွေဆက်စပ်ညီတဲ့ အတွက် ကြောင့်သာ ဆိုလာသူ ဥပါဒါန် ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ ဗန်းကြီး က…

”ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန် ဇာတ်ကားလေးပါ။ ဒီဇာတ်ကား လေး မရိုက်ခင်မှာလည်း ကျွန်တော့်ကို အိပ်မက်လာပေးတာ တွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားလေး စတင်ရိုက်ကူးမယ်လို့ စဉ်းစားကတည်းက အကူအညီ အထောက်အပံ့တွေ သူ့အလိုလို ပေါ်လာတယ်။ ဇာတ်ကား ရိုက်ကူးချိန်ကနေ ဇာတ်ကားရုံတင်ပြသ တဲ့ အထိ ကူညီသူတွေကလျော့မသွားဘူး။ သူ့ဘာသာ အလိုလို ပေါ် လာကြတာ။ ဒါတွေက ကျိုးကြောင်း ဆက်စပ်ညီလို့ ဒီလိုမျိုးကူညီမယ့်သူတွေကပေါ်၊ လှူဒါန်းမယ့်သူတွေ ပေါ်ပြီး အစစ အရာရာ အဆင်ပြေ ခဲ့တယ်ပေါ့နော်။ ဒီဇာတ်ကားလေးဖြစ်တည်လာဖို့ ကျွန်တော်ရဲ့ ပိုင်ဆိုင် မှုတွေ အကုန်လုံးစိုက်ခဲ့ရတယ်။ တစ်ပြားမှလည်း မကျန်တော့ပါဘူး။ နောက်ဆုံးအပြင် သွားရင် Bus ကားနဲ့ သွားရတဲ့ အဆင့်အထိတောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားလေး အခုလို ရုပ်ရှင်ရုံပေါ်ရောက်ပြီဆိုတော့ ဝမ်း သာပါတယ်”လို့ ပြောပါတယ်။

ဥပါဒါန်ရုပ်ရှင်ဇာတ်ကားမှာ ရဟန်းအဖြစ် ပါဝင်ခဲ့တဲ့ သရုပ် ဆောင်အသစ် ခိုင်ထူးသာကလည်း ဥပါဒါန်ဇာတ်ကားရိုက်ကူးချိန် အတောအတွင်းမှာ တကယ့်ရဟန်း အဖြစ် ဝတ်၍ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။

ဥပါဒါန် ရုပ်ရှင်ဇာတ်ကားမှာ အစွဲကြီးတဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ပါဝင်ဖြစ်ခဲ့တဲ့ သရုပ် ဆောင် နန်းဆုဦးဟာ ဥပါဒါန်ဇာတ် ကားဟာ ဘာသာရေး ဇာတ်ကား ဖြစ်တဲ့အတွက် သူ့အတွက် တာဝန် ကြီးတယ် လို့ နန်းဆုဦးက…

” ပရိသတ်တွေ အတွက် ပညာပေးတဲ့ ဇာတ်ကား လေး ဖြစ်တယ်။ အဲဒါကြောင့် လက်ခံ ပြီး ရိုက်ကူးဖြစ်တယ်။ ကားရိုက်နေတဲ့ အချိန်မှာလည်း ကိုယ်က သရုပ်ဆောင် တာလိုတာထက် မပိုသွား အောင် အမြဲ တမ်းထိန်းပြီးတော့ လုပ်တဲ့အတွက် ကိုယ့်အတွက် တာဝန်ကြီးပါတယ်”လို့ ပြောပါတယ်။ ဥပါဒါန်ရုပ်ရှင်ဇာတ် ကားကြီး ကို မေလ ၁၈ ရက်နေ့က မြန်မာ တစ်နိုင်ငံလုံးမှာ ရုံတင်ပြသခဲ့တယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here