၂၉နှစ်ပြည့်ပြီဖြစ်တဲ့ ဟိန်းဝေယံရဲ့ မွေးနေ့စကား

0
227

ရုပ်ရှင် သရုပ်ဆောင် ဟိန်းဝေယံကအခုနှစ် မေလ၁၂ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ ၂၉နှစ်ပြည့် မွေးနေ့အလှူအဖြစ် ပဲခူးမြို့ သီရိမင်္ဂလာ ကြတ်ခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်မှာ မွေးနေ့အလှူသွားရောက်လှူဒါန်းခဲ့ပါတယ်။လှူဒါန်းမှုတွေကတော့ ကျောင်းတိုက်ရှိ သံဃာအပါးပေါင်း ၂၅၀ ကျော်ကိုနေ့ဆွမ်း နဲ့ အတူ အခြားသော လှူဖွယ် ပစ္စည်းများ ၊ဆက်ကပ်လှူဒါန်း ခဲ့ပါတယ်။ ဒီ့အပြင် အမရပူရက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာလည်း မွေးနေ့အလှူပြုလုပ်ခဲ့ကြသလို သူ့ကို ချစ်ခင်အားပေးကြတဲ့ ချစ်ပရိသတ်များနဲ့လည်းမေလ၁၃ရက်နေ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူအယောက် တစ်ထောင် ကျော်အတွက် ထမင်းဟင်းများကျွေးမွေး ကုသိုလ်ပြုလှူဒါန်းခဲ့ပါတယ်။ ၂၉နှစ်ပြည့်မွေးနေ့အလှူနဲ့ ပတ်သက်ပြီး ဟိန်းဝေယံက….

ကျွန်တော့်မွေးနေ့မှာ အလှူလေးတစ်ခုခုလုပ်ဖို့ စဉ်းစားမိတယ်။နှစ်တိုင်းလည်း မွေးနေ့ဆိုရင် အမြဲတမ်းပေါ့။ကျွန်တော်နိုင်တဲ့အင်အားလေးတစ်ခုနဲ့ မွေးနေ့အလှူလုပ်ဖြစ်ပါတယ်။ဒီလိုလှူဒါန်းရလို့တအားဝမ်းသာပါတယ်။ပီတိလည်းဖြစ်ရပါတယ်။ဒီနေ့ကျွန်တော်ရဲ့ လှူဒါန်းမှုတွေကြောင့် ကျွန်တော် လှူဒါန်းတဲ့အလှူ အားလုံးကို ကျွန်တော်လည်း သာဓုခေါ်သလိုခုနှစ်ရက်သားသမီးများအားလုံးလည်း သာဓုခေါ်ကြပါလို့ပြောချင်ပါတယ်။အားလုံးလည်း မွေးနေ့တိုင်းး မွေးနေ့တိုင်းမှာ အစစအရာရာ အဆင်ပြေချောမွေ့ပါစေ။ဖြစ်ချင်တဲ့ကောင်းကျိုးလိုရာ ဆန္ဒတွေပြည့်ဝကြပါစေလို့ပြောပါတယ်။အသက်တစ်နှစ်ထက်တစ်နှစ်ကြီးပြင်းလာတော့ ငါအသက်ပိုကြီးလာပြီ သေဖို့တစ်ရက်နီးလာပြီဆိုတဲ့အတွက် အလှူအတန်းလေးတွေလုပ်သလို ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်ပါတယ်လို့ ပြောပါတယ်။ဒီ့အပြင် မွေးနေ့မှာ မျက်ကြည်လွှာ နဲ့ခန္ဓာကိုယ်လှူဒါန်းဖို့စိတ်ကူးထားခဲ့တဲ့အတွက် လည်း ဒီလသို့မဟုတ် နောက်လတွေထဲမှာ လှူဒါန်းသွားမယ့် အကြောင်းကိုလည်း ဟိန်းဝေယံကပြောပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here