သီချင်းဆိုပြိုင်ပွဲဝင်တွေအတွက်တင်ဇာမော်ရဲ့ အကြံပြုစကား

0
290

Myanmar Idol Season 3 ကို အခုနှစ် ဧပြီလကနေ စတင်ယှဉ်ပြိုင်ထုတ်လွှင့်ပြသနေပြီ ဖြစ်ပါတယ်။ အရင်season 2တုန်းက အကဲ ဖြတ်ဒိုင် ၃ ယောက် လုပ်ခဲ့ပေမယ့်လည်း အခုseason3 မှာတော့ မြန်မာပြည်သိန်းတန်၊ ရန်အောင်၊ မျိုးကျော့မြိုင်၊ တင်ဇာမော်စတဲ့ အကဲဖြတ်ဒိုင် ၄ ဦးနဲ့ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒိုင်တစ်ဦးဖြစ်တဲ့ တင်ဇာမော်က သူသီချင်းများနဲ့ ပြိုင်ပွဲဝင်များ သီဆိုယှဉ်ပြိုင်မှုအပေါ်မှာ အခုလိုပြောပြခဲ့ပါတယ်။ “အစ်မသီချင်းတိုင်းက မခက်ပါဘူး။ လွယ်တဲ့သီချင်းလေးတွေရှိတယ်။ ဒါပေမဲ့ ခက်တဲ့သီချင်းမှ ပညာပြလို့ရတာလေ။ ပညာပြမယ့်သီချင်းကို ရွေးချယ်ရင် ကိုယ်က အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားမှ ရွေးချယ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ပုံစံနဲ့ ကိုယ်ဆိုဆို၊ အစ်မပုံစံနဲ့ပဲဆိုဆို အကဲဖြတ်အမှတ်ပေးရတာ ပရိသတ်တွေလည်းပါ ဒိုင်တွေလည်း ပါတယ်ဆိုတော့ မမှားစေ ချင်ဘူး။ လုပ်နိုင်မယ်ဆို လုပ်စေချင်တယ်။ အမှတ်တွေလျော့သွားမှာစိုးလို့။ သီချင်းရွေး တာလည်း အလွန်အရေးကြီးပါတယ်။ အစ်မတို့လည်း အဆိုတော်တစ်ယောက်အနေနဲ့ သီချင်းကို အခွေပဲဖြစ်ဖြစ်၊ ရှိုးပွဲပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး သီဆိုတယ်။

လူငယ်မျိုးဆက်သစ်တွေကို မှာချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းသိဖို့၊ ဒါမှသီချင်း တစ်ပုဒ်လုပ်ရင်နိုင်တဲ့ ဝန်ထမ်းတာလား၊ မနိုင်တဲ့ ဝန်ထမ်းတာလားဆိုတာ ကိုယ်တိုင်သိမှ ခံစားပြီး ကြည့်ရှုကြတဲ့ ပရိသတ်က ဒီသီချင်းအပေါ်မှာ သက်ဝင်ခံစားနိုင်မှာ။ မနိုင်တဲ့ဝန်ထမ်းပြီ ဆို ပရိသတ်ကလည်း နားထောင်ရတာ၊ ကြည့်ရှုရတာ သက် တောင့်သက်သာဖြစ်မှာ မဟုတ်ဘူး။ လွယ်နေပြန်လည်း ကိုယ့်အရည် အချင်းရှိသလောက် မပေါ်လွင်မှာ စိုးရသေးတယ်။ ကိုယ်က ဘယ် လောက်ထိ လုပ်နိုင်လဲသိဖို့ အရေးကြီးတယ်ဆိုတော့ အစစအရာရာ ဂရုတစိုက်နဲ့ ရွေးချယ်ကြဖို့ ပြောချင် ပါတယ်”လို့ ပြောပါတယ်။ တင်ဇာ မော်အနေနဲ့Myanmar Idoမှာ စာချုပ်ဖြင့် အလုပ်လုပ်ကိုင်တာဖြစ်တဲ့ အတွက် လတ်တလောမှာ အခြား အဆိုပြိုင်ပွဲများမှာ ဒိုင်အဖြစ် လုပ်ဆောင်မှာမဟုတ်သေးကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here