အက်ရှင်ဇာတ်ကားတွေကို နိုင်ငံခြားရုပ်ရှင်တွေပုံစံမျိုး ရိုက်ကူးချင်တဲ့ ဆန္ဒအ မြဲ ရှိ တယ်ဒါရိုက်တာဂျိုး

0
308

သီဟရတနာ ရုပ်ရှင်ထုတ်လုပ် ရေးက ထုတ်လုပ်ရိုက်ကူးပြီး အက် ရှင် ဒါရိုက်တာဂျိုးရဲ့ ၆ ကား မြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ကာဗာ အမည်ရ ရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့တဲ့ ဧပြီ ၃ဝ ရက်နေ့က ကန်တော့ပွဲပေး အခမ်းအနားပြုလုပ်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ ရဟတ်ယာဉ်တွေကို ပင် အသုံးပြုက အက်ရှင်ဇာတ်ကားကို
ရိုက်ကူးတင်ဆက်လျက်ရှိနေပြီ ဖြစ်ပါ တယ်။ အဲဒီဇာတ်ကားမှာတော့ အကယ်ဒမီလူမင်း၊ အကယ်ဒမီ ရန်အောင်၊ ရဲမင်းပိုင်၊ နေဆန်း၊ ထူးခြား၊ သတ္တိ၊ ကျော်ဇင်ထွဋ်၊ တိုင်ရွှန်တို့နဲ့အတူ မင်းသမီးအဖြစ် ဟန်နီတို့က အဓိကပါဝင် သရုပ် ဆောင်ပါတယ်။

ဒါရိုက်တာဂျိုးကတော့ ဒီရုပ် ရှင်ဇာတ်ကားကြီးမတိုင်ခင်မှာလည်း အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ရန်အောင်၊ ထူးခြားတို့နဲ့အတူ အက်ရှင်ဗီဒီယိုဇာတ်ကား ဇီရိုးဟာဆိုရင် ပရိသတ်တွေအကြားမှာ ဖိုက်တင်းဇာတ်ကွက်နဲ့ ရိုက်ချက်အဆန်းတွေကြောင့် အောင်မြင်ခဲ့ပါတယ်။ ဒါရိုက်တာ ဂျိုးကတော့ သူ့အမြင်အရ ရုပ်ရှင်ခေတ် ပြောင်းလဲလာတဲ့အပြင် ရုပ်ရှင်ကြည့်ပရိသတ်တွေရဲ့ ရုပ်ရှင်ဇာတ်ကားအပေါ် ကြည့်ရှုကြတဲ့ အမြင်နဲ့ ခံစားမှုတွေဟာလည်း ပြောင်းလဲလာပြီလို့ မှတ်ချက်ပြု ပြန်ပါတယ်။ “ပရိသတ်တွေက ရုပ်ရှင်ဆိုတာကို အရင်ကထက်ပိုပြီးတော့ ခံစား တတ်လာတယ်။ အမြင်တွေကျယ်လာတယ်။ အရင်ကလို ရုပ်ရှင်ပုံစံတွေကို သူတို့ မကြည့်ချင်ကြတော့ဘူး။ ပြောရရင် ပရိသတ်တွေဟာ အရင်က ပုံစံတွေ ကို သူတို့ ငြီးငွေ့လာနေကြပြီ။ အသစ်အသစ်တွေကိုပဲ ပရိသတ်က လိုချင် တော့တယ်။ သူတို့တောင်း ဆိုလာနေပြီ။ ကျွန်တော်ကတော့ အက်ရှင်လိုင်းကိုပဲ သီးသန့်ရိုက်ကူး တာ ဖြစ်တယ်။ ကျွန်တော်ကတော့ အက်ရှင်ဇာတ်ကားတွေကို နိုင်ငံခြားရုပ်ရှင်တွေ ပုံစံမျိုး ရိုက်ကူးချင်တဲ့ ဆန္ဒအမြဲရှိတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး ကိုယ်လုပ်ခွင့်ရတဲ့ အတိုင်းအတာတစ်ခုမှာ အမြဲတမ်း ပြုပြင် ပြောင်းလဲပြီးတော့ ဖန်တီးရိုက်ကူးလျက်ရှိပါတယ်။ နောက်တစ်ခုက ထွေလာ မှာကျတော့ ကောင်းနေပြီး ရုံမှာသွားကြည့်တော့ ပရိသတ်က အဆင်မပြေဘူး ဆိုတာတွေလည်း ရှိလာပါတယ်။ ဒါကလည်း ဇာတ်လမ်း ဇာတ်အိမ် တည် ဆောက်ပုံနဲ့ပဲ ဆိုင်လာတယ်။ ဇာတ်ကားအမျိုးအစားတွေပေါ်မှာ မှုတည် လာတယ်”လို့ ဒါရိုက်တာဂျိုးက ပြောပြပေးပါတယ်။

ဒါရိုက်တာ ဂျိုးက လက်ရှိ ရိုက်ကူးနေတဲ့ ကာဗာရုပ်ရှင်ထုတ်လုပ်မှုထဲမှာ သူကိုယ်တိုင် ငွေကြေးစိုက်ထုတ်မှုတွေကိုလည်း ပြုလုပ်ထားခဲ့ခြင်းမှာ အကျိုး အမြတ်တစ်ခုကို မကြည့်တော့ပဲ အဓိကလိုချင်တာသည် ပရိသတ်တွေအတွက် ကောင်းမွန်လှတဲ့ ပီပီပြင်ပြင်အက်ရှင်ရုပ်ရှင် ဇာတ်ကားမျိုးကို ဖန်တီးဖြစ်နေခြင်း ဖြစ်ပါတယ်လို့ ဒါရိုက်တာဂျိုးက ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here