Men Universe Model Myanmar 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် မော်ဒယ်မြင့်မြတ်ကျော်ကျော်

0
60

Men Universe Model Myanmar 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်မယ့် မော်ဒယ်မြင့်မြတ်ကျော်ကျော်အတွက် ဂုဏ်ပြု ညစာစားပွဲကို မေလ ၉ ရက်နေ့ကRosie’s Sport Bas မှာ ပြုလုပ်ခဲ့ပါတယ်။

Men Universe Model Myanmar 2018 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့အကြောင်း မေးကြည့်တဲ့ အခါမှာတော့ မြင့်မြတ်ကျော်ကျော်က “တိုင်းနှင့်ပြည်နယ်တွေ ဝင်ရောက် ယှဉ်ပြိုင်တဲ့အထဲမှာ ကျွန်တော်အရွေးချယ်ခံရတဲ့အတွက် အလွန်ဝမ်းသာ မိတယ်။ ကျွန်တော့်မှာ အားနည်းချက်တွေရှိတယ်။ အဲဒီအားနည်းချက် တွေကိုလည်း ကျွန်တော်ကတည်းက လေ့ကျင့်နေတယ်။ အဓိကက Body ပိုင်းရယ်၊ English စကားပြောပိုင်းရယ်ဆိုရင်တော့ ကျွန်တော်သိပ်ပြီး မကျွမ်း သေးဘူး။ Perfect ဖြစ်အောင် လေ့ကျင့်နေတယ်။ အကုန်လုံးကလည်း ထောက်ပံ့ပေးတယ်။ သူများနိုင်ငံတွေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ စိုးရိမ် စိတ်တွေလည်းရှိနေတယ်။ ဒါပေမဲ့ Men Universe Model Myanmar 2018ဘယ်လိုပဲစိုးရိမ်စိတ်ရှိနေရှိနေ အကောင်း ဆုံး ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။

Men Universe Model Myanmar 2018 ပြိုင်ပွဲကြီးကို ဇူ လိုင် ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရ ပါတယ်။

 

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here