အရင်တုန်းက ရိုက်ကူးခဲ့တဲ့ သူ့ဇာတ်ကားတွေကို အားမရဘူးဆိုသူစွမ်း

0
210

ဇာတ်သဘင်ဘက်ကို ဦးစားပေးဖြစ်နေတဲ့ စွမ်းက ဇာတ်ကားရိုက်ကူးမှုတွေကို သိပ်လုပ်ဖြစ်တော့ မှာမဟုတ်ကြောင်း ပြောပါတယ်။ ဒီလိုသိပ် မလုပ်ဖြစ်တော့ခြင်းက လည်း ဇာတ်သဘင်ကို ဇောက်ချပြီးလုပ်ဖြစ်နေတာကြောင့်ပါလို့ သူက ပြောပါတယ်။ မင်းရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက် ကူးလေ့ရှိတဲ့စွမ်းက အဆိုပါထုတ်လုပ်ရေးမှာလည်း သူပါဝင်ရိုက်ထားပြီးသား ဇာတ်ကားတွေထွက်ရှိဖို့ မကျန် တော့ဘူးလို့ သိရပါတယ်။

“ရိုက်ကူးထားပြီးလို့ ရုံမတင်ရသေးတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားပဲ ရှိတော့တယ်။ ဇာတ်ကား ရိုက်ကူးမှုတွေက လာ ချိတ်တယ်။ လာချိတ်တဲ့အချိန် ကျွန်တော်ပွဲကတဲ့ ရက်နဲ့ မအား လို့ မရိုက်ကူးဖြစ်တာ။ ဒါပေမဲ့ အခွင့်အခါကြုံရင်တော့လည်း ရိုက်ကူးရင်ရိုက်ကူးဖြစ်မှာပါ”လို့ ဇာတ်ကားရိုက်ကူးမှုအပိုင်းနဲ့ ပတ်သက်လို့ သူကပြောပါတယ်။

နောက်ပိုင်းမှာတော့ သူရိုက်ကူးချင်တဲ့ ဇာတ်လမ်း မျိုးဆိုရင်တော့ သူကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးသွားဖို့အစီအစဉ်ရှိပြီး အဲဒီလိုထုတ်ရိုက်ကူးဖို့ ဆိုတာကတော့ အချိန်ယူ ရဦးမှာပါလို့ ပြောပါတယ်။ “ရှေ့မှာရိုက်ကူးခဲ့တဲ့ ဇာတ်ကား တွေကို တစ်ကားမှမကြိုက်ဘူး။ အားမရဘူး။ ဇာတ်ကတော့ဘယ်လို ဇာတ်ရယ်မှဆိုပြီး မရွေးပါဘူး။ တူတူတန်တန် လေးကို အချိန်လည်းပေးပြီးတော့ ရိုက်ကူးချင်တာ။ တောက်လျှောက်ရိုက်ကူးလာခဲ့တဲ့ ဇာတ်ကားတွေကလည်း ကျွန်တော့်ဘက်က အချိန်မပေးနိုင်ခဲ့လို့ပါ။ ကျွန်တော့်အနေနဲ့ နောက်ပိုင်းမှာအခွင့်အခါကြုံရင် အကောင်းဆုံးအနေ အထားနဲ့ ပြင်ဆင်ပြီးတော့ ဇာတ်ကားတွေ ရိုက်ကူးပေးပါ့မယ်”လို့ သူ့ဇာတ်ကားတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေ အတွက် စွမ်းကစကားဆိုခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here