ကိုယ်ပိုင် ထုတ်လုပ်ရေး အတွက် ဇာတ်လမ်းတွေ စုစည်းထားတဲ့ မြင့်မြတ်

0
86

myintmyat2“ကြေးကြီးတယ် ရုပ်ရှင်ဇာတ် ကားက ပညာပေးဇာတ်ကား နည်းနည်းဆန်တယ်။ အဲ့ဒီဇာတ် ကားထဲက ကျွန်တော့် ကာရိုက် တာဆိုရင် အတ္တ ကြီးတဲ့သူတွေ၊ တစ်ကိုယ် ကောင်းဆန်တဲ့သူ တွေကို မုန်းတဲ့သူပေါ့။ အဲဒီလို ဇာတ်ဖရိန်လေးပါ။ ဒီ “ကြေး ကြီးတယ်” ဇာတ်ကား ပြီးရင် တော့ “အယူတော်မင်္ဂလာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ဆက်လက် ရိုက်ကူးပါမယ်” လို့ မြင့်မြတ်က  ဆိုပါ တယ်။ ဒါရိုက်တာ ညိုမင်းလွင် နဲ့ ဗီဒီယို ဇာတ်ကားမှာသာ ဆုံဖူးခဲ့ပေမယ့် မဆုံ တာ ကြာဖြစ်နေခဲ့ပြီးမှ “အယူတော် မင်္ဂလာ” ရုပ်ရှင်ဇာတ်ကား မှာ ပြန်ဆုံ တာဖြစ် တယ် လို့ ဆိုပါသေးတယ်။

“အယူတော် မင်္ဂလာ ရုပ်ရှင် ဇာတ် ကားက အဖွဲ့လိုက် ပုံစံနဲ့သွားရမယ့် ဇာတ် မျိုးပေါ့။ မင်းသမီးရဲ့ အဖေဖြစ်သူ သူဌေး ကြီးကို သူ့ဆီ က နေ ပိုက်ဆံလိမ်ဖို့ အတွက် ကို အဖွဲ့လိုက် လိမ်တဲ့ ဇာတ်လမ်းမျိုးပါ။ ကျွန်တော် ကတော့ အဲဒီလိမ်မယ့် အဖွဲ့ ရဲ့ အဖွဲ့ခေါင်းဆောင်ပေါ့။ “ခိုး၊ ဆိုး၊ လု၊ နှိုက်” တုန်းကနဲ့တော့ ကွဲပြားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့  အဲဒီ ဇာတ်ကား တုန်း က ဒီ အတိုင်း အဖွဲ့လိုက် ခိုးကြတာ ပေါ့။ “အယူတော် မင်္ဂလာ” မှာကျတော့ သူ့ကိုအသိပေး တမင် စိန်ခေါ်ပြီးမှကို လိမ်ကြတာပေါ့။ ရသတစ်မျိုးစီ ကွဲပြား ပါတယ်” လို့ မြင့်မြတ်က မှတ်ချက်ပြု ပြောပြပေးပါတယ်။ မြင့်မြတ်က သူ့ရဲ့ကိုယ် ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး အတွက် သူရိုက်ကူး ချင်တာလေးတွေ ကို စု စည်းထားတာမျိုးတွေ ရှိပြီး ဇာတ်လမ်း အမျိုးအစား အစုံအလင်ကို သိမ်းဆည်း ထားတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော် ကြိုက်တဲ့ ဇာတ် လမ်းလေးတွေပါ။ ဇာတ်လမ်း အမျိုး အစား ကတော့ အစုံပါပဲ။ ကျွန်တော့်  ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဇာတ်ကားတွေ ဆိုတာက လည်း စီးပွားရေး အရ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ ဇာတ်ကားလေးတွေ ကို ရိုက်ကူးချင်လို့ပါ” လို့ မြင့်မြတ် က  ပြော ပြပေးပါတယ်။ မြင့်မြတ်က ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ မင်္ဂလာဆောင် တော့မှာဖြစ်ပြီး ချစ်သူ၊ ခင်သူအောင် နဲ့ ရည်းစားသက်တမ်း ၅ နှစ်ကျော် အကြာမှာ မင်္ဂလာဆောင်ဖို့ အတွက် ဆုံးဖြတ်ဖြစ် ခဲ့ကြတာပဲ ဖြစ်ပါတယ်။

“မင်္ဂလာပွဲ ကိုတော့ ၃ ပွဲလုပ်ဖို့ အစီအစဉ် ဆွဲထားပါတယ်။ ရန်ကုန် မှာ နှစ်ပွဲ။ မန္တလေးမှာ တစ်ပွဲလုပ်မှာ ဖြစ် ပါတယ်။ မန္တလေးမှာ လုပ်ဖြစ်တာက တော့ မန္တလေးက ကျွန်တော့်  ချစ်သူရဲ့ ဇာတိမို့လို့ပါ” လို့ မြင့်မြတ် က ပြောပြပေး ခဲ့ပါတယ်။

ထက်လူ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here