ဆရာဝန်ပညာနဲ့ မိဘကို ကျေးဇူးဆပ်ချင်တဲ့ အဆိုတော်မလေး မေသက်ထားဆွေ

0
357

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်ကတော့ အဆိုတော်မလေး မေသက် ထားဆွေအတွက် စိန်ခေါ်မှုရှိတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။ မှန်ပါတယ်။ သူမအတွက် ပညာရေးမှာ ဘဝတစ်ဆစ်ချိုး ချိုးကွေ့ရမယ့် တက္ကသိုလ် ဝင်တန်းကို ရောက်ရှိလို့ လာခဲ့ပါပြီ။ သူမမှာ ရည်မှန်းချက်တစ်ခု လည်း ရှိ နေပါသေးတယ်။ အဲဒီအရာကတော့ …

“သမီးက ဆယ်တန်းအောင်ပြီးရင် ဆေးကျောင်းတက် ဆရာဝန်ဖြစ်ချင်ပါတယ်။ ပညာရေးနဲ့ မိဘကို ကျေးဇူးဆပ်ချင် ပါတယ်” လို့ သူမက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ မေသက်ထားဆွေအနေနဲ့ ဂီတအနုပညာသီဆိုဖျော်ဖြေမှုတွေ လုပ်ဖြစ်နေတာကတော့ …

“ဂုဏ်ပြုပွဲတွေ၊ အလှူပွဲတွေ၊ ဓမ္မစကူးလ်ပွဲတွေ၊ ထီးတော်တင်ပွဲတွေ၊ စတိတ်ရှိုးပွဲတွေစသဖြင့် မြန်မာနိုင်ငံ အနှံ့ သွားရောက်ဖျော်ဖြေဖြစ်နေပြီး အခုတော့ အိမ်မှာပဲ ဆယ်တန်းကျောင်းစာတွေနဲ့ ပြန်နပန်းလုံးနေပါပြီ” လို့ သူက ဆိုပါတယ်။

ခရီးတွေသွားရောက်တဲ့အခါမှာ အမြဲတမ်းအလှူ အတန်း လုပ်လေ့ရှိတဲ့ မေသက်ထားဆွေအနေနဲ့ မကြာသေး ခင်ကာလတုန်းကမှ အလှူအတန်းတစ်ခုကိုလည်း ပြုလုပ်ခဲ့ပါ သေးတယ်။ အဲဒီလှူဒါန်းမှုကတော့ …

“သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတ စုံလင် ဗုဒ္ဓဝင် ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရှင်အားလုံးတို့ကို ဆုငွေကျပ် ၅ဝဝဝဝ စီ ချီးမြှင့်လှူ ဒါန်းခဲ့ပါတယ်။ သမီးတတ်နိုင်တဲ့ ငွေကြေးလေးဖြစ်သလို ၇ ရက်သားသမီး ပရိသတ်တွေအားလုံးရဲ့အလှူလည်း ဖြစ် ပါတယ်”လို့ မေသက်ထားဆွေက ပြောပြခဲ့ပါတယ်။

 

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here