နယူးယောက် Stony Brook တက္ကသိုလ်ကနေ ဘွဲ့ယူခဲ့တဲ့ သရုပ်ဆောင် နိုင်းနိုင်း ရဲ့ ဇနီး စန္ဒီချို

0
260

သရုပ်ဆောင်နိုင်းနိုင်းရဲ့ဇနီး စန္ဒီချိုဟာ မေလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Stony Brook တက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ သူမ လေ့လာဆည်းပူးခဲ့တဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်အတွက် ဘွဲ့တက်ရောက်ယူခဲ့ပါတယ်။

သူမရဲ့ ဘွဲ့နှင်းသဘင်ကို နိုင်းနိုင်း မတက်ရောက်နိုင်ခဲ့ပါဘူး။ အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆီရောက်ရှိနေတဲ့ နိုင်းနိုင်းက သူ့ဇနီးအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ ကျေးဇူးတင်ကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာထက်မှာ တင်ထားပါတယ်။

စန္ဒီချိုအနေနဲ့ နိုင်းနိုင်းကို ဘဝအဖော်မွန်အဖြစ် လက်တွဲပြီးဘဝ တစ်ခုစချိန်မှာပဲ ကောလာဟလအချို့ ရင်ဆိုင်ဖြတ် သန်းရင်း၊ ကျောင်းတစ်ဖက်၊ ကလေးများတစ်ဖက်နဲ့ ကြုံတွေ့ရလေ့ရှိတဲ့ ဘဝအခက်အခဲတွေ ရင်ဆိုင်ဖြတ်သန်းကာ အခုလို နေ့ရက်မျိုးဆီ ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်းနိုင်းက ဇနီးဖြစ်သူ စန္ဒီချိုကို ကျေးဇူးတင်ခြင်း၊ သနားခြင်း၊ မြတ်နိုးခြင်း၊ လေးစားခြင်းတို့ဖြင့် အမြဲအမွှမ်းတင်လေ့ရှိပါတယ်။

လက်ရှိမှာတော့ Law firm တစ်ခုမှာ အလုပ်ဝင်ရောက်လုပ်ကိုင်နေတဲ့ စန္ဒီချိုက မြန်မာပြည်ကို ပြန်မလာနိုင်သေးပါဘူး။ နိုင်းနိုင်းနဲ့ ညီမဖြစ်သူ ဖူးဖူးတို့ကတော့ သြဂုတ်လမှာ အမေရိကကို လိုက်သွားကြမှာဖြစ်ကြောင်း ဖူးဖူးက ပေါ်ပြူလာကို ပြောကြားပါတယ်။ အဲဒီခရီးစဉ်မှာ ဖူးဖူးက နှစ်ပတ်လောက်ကြာမှာဖြစ်ပြီး နိုင်းနိုင်းကတော့ တစ်လလောက်နေမယ်လို့ စီစဉ်ထားကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here