ကချင်ပြည်နယ်က စစ်ဘေးသင့်ပြည်သူများအတွက် တတ်နိုင်သလောက်ကူညီချင်တဲ့ မာရီကိုးလ် ရဲ့ ဆန္ဒ

0
195

လက်ရှိအချိန် မြန်မာနိုင်ငံရဲ့ အချို့သောနေရာတွေမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးက နေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူများကလည်း အများအပြားပါ။ ဒါကြောင့် Stop War စစ်ပွဲ တွေရပ်တန့်ပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူများအတွက် သူတို့နေရပ်ထံအမြန်ဆုံးအေးချမ်းစွာ ပြန်နေထိုင် နိုင်ဖို့ အားလုံးရဲ့ ဆန္ဒတွေကလည်း ပြင်းပြနေကြပါတယ်။ ဒီအထဲမှာ နာဂတိုင်းရင်းသားများအတွက် ကူညီ ကယ်ဆယ်ရေးတွေကို စိတ်အားထက်သန်စွာ လုပ်ကိုင်နေတဲ့ နာဂတိုင်းရင်းသူ မာရီကိုးလ်ကလည်းငြိမ်း ချမ်းရေး အတွက် သူမရဲ့ဆန္ဒကို အခုလို ပြောပြပါတယ်။

”စစ်ပွဲတွေ မဖြစ်ရင်တော့အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့မျက်စိထဲမှာမြင်နေတွေ့နေရတဲ့အခါ ဟိုဘက်ရော၊ ဒီဘက်ပါတိုင်းရင်းသား အချင်းချင်းတွေဖြစ်တဲ့ အတွက် မြန်မာနိုင်ငံထဲမှာပဲဖြစ်နေကြတဲ့အတွက် နှစ်ဖက်စလုံးအတွက် မကောင်းပါဘူး။ ပြည်သူတွေအတွက်လည်း မကောင်းဘူး။ အားလုံးနစ်နာကြရတဲ့အတွက် ဒီစစ်ပွဲကြီး အမြန်ဆုံးငြိမ်းချမ်းသွားရင် အကောင်းဆုံးပါပဲ။ အခုညီမတို့ မြင်နေတွေ့နေရတာလည်း တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ ညီမတို့ အဖေကလည်း အရင်ကစစ်သားပါ။ ကချင်ပြည်နယ်ကနေ ပြောင်းလာတာပါ။ စစ်ပွဲတွေမဖြစ်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ညီမတို့ကိုယ် တိုင်မြင်တွေ၊ ခံစားရခဲ့လို့ပါပဲ။ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေလည်း အများကြီးပါပဲ။ သူတို့ရဲ့ ဘဝတွေက တအားသနားဖို့ကောင်းတယ်။ အိုး အိမ်တွေ စွန့်ရတယ်။ တိုးတက်မှုတွေ တန့်သွားတယ်။ ဒါကြောင့် ငြိမ်းချမ်းပါစေလို့ပဲ ညီမတို့ဆန္ဒပြု ဆုတောင်းရပါတယ်”လို့ မာရီကိုးလ်က ပြောပြပါတယ်။

ဆက်လက်ပြီး ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ဘေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးသင့်ပြည်သူတွေကိုလည်း တတ်နိုင်သလောက် ကူညီချင်တဲ့ မာရီကိုးလ်က …

”ညီမက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အောန်ဆိုင်းနဲ့တွေ့ဖြစ်ခဲ့တယ်။ သူနဲ့စကားပြောဖြစ်တော့ ကချင်ပြည်နယ်ဘက်တွေလည်းမှာလည်း စစ်ဖြစ်နေတာကြာပြီ။ မငြိမ်းချမ်းသေးဘူး။ အကူအညီတွေ လိုအပ်တယ်။ ဒါကြောင့် သူ့ကိုလည်း ညီမက ပြောပါတယ်။ သူငယ်ချင်းလိုအပ်တာရှိရင်ပြောပါ။ ဝိုင်းဝန်းကူညီမယ်ဆိုတဲ့ စိတ်နဲ့ညီမက ကိုယ်တတ်နိုင်သလောက် ကူညီမယ်လို့လည်းပြောဖြစ်ခဲ့တယ်။ စစ်ဖြစ်ကြရင်တကယ့်တ ကယ်နစ်နာတာက အောက်ခြေကလူတန်းစားတွေ အထိနာဆုံးပဲလေ။ စစ်ဖြစ်ပွားနေတဲ့နေရာတွေမှာဆိုရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဆုံးရှုံးရတယ်။ အဲဒီဒေသမှာရှိတဲ့ကလေးသူငယ်တွေရဲ့ ပညာရေးတွေ စာသင်ကြားတာတွေအတွက်လည်း ခက်ခဲတယ်။ အစစအရာရာ အဲဒီဒေသရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေရပ်တန့်ကုန်တယ်။ စစ်တွေဖြစ်ရင်တော့ ကြားက မြေစာပင်တွေဖြစ်တဲ့ ပြည် သူတွေရဲ့ အသက်ဆုံးရှုံးမှုတွေနဲ့ ပေးဆပ်ရတယ်။ ဘာကြောင့်စစ်ပွဲတွေဖြစ်နေသလဲ။ ဒါကြောင့် ညီမကတော့ စစ်ပွဲတွေ လုံးဝမဖြစ်စေချင်ဘူး။ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြရတဲ့စစ်ဘေးရှောင်ပြည်သူတွေလည်း အများကြီးပါပဲ။ မြင်နေတွေ့နေရတဲ့မြင်ကွင်းတွေ ကြောင့်လည်း ညီမရင်ထဲမှာမကောင်းဘူး။ ဒါကြောင့် ညီမလည်း ကိုယ့်တတ်နိုင်သလောက် စစ်ဘေးသင့်ပြည်သူတွေကို ကူညီပေးသွားပါမယ်”လို့ ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here