စစ်ဘေးရှောင်စခန်း ၅ခုမှ ပြည်သူများကို သွားရောက်လှူဒါန်းခဲ့ကြတဲ့ မနောအလှ ဂီတအဖွဲ့

0
252

မနောအလှ အနုပညာရှင်များ အဖွဲ့မှ oneness Charity fashion show ပြုလုပ်​ကျင်းပပြီး ရရှိလာ​တဲ့ အလှူငွေတချို့မှငွေကျပ် ၁၃၅သိန်းကို ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည် သူများအတွက် ပါဝင်လှူဒါန်းပေးအပ် ခဲ့ကြပါတယ်။ မြစ်ဆုံ၊ အင်ဂျန်ယန်၊ ကဆုန်ရွာမှ စစ်ရှောင်ပြည်သူများ​ရောက်​ရှိ​နေ​တဲ့ မြစ်ဆုံနားရှိ တန်ဖရဲ စခန်းမှာ ဒုက္ခသည်​တစ်ထောင်​ကျော်​နှင့် နမ္မတီးမြို့နားရှိ စခန်း၎ခုကိုသွား ရောက်ခဲ့ကြပါတယ်။ လူမျိုးမ​ရွေး ဘာသာမခွဲဘဲ နှစ်​ခြင်းမူရင်းကက်သ လိတ်​အသင်း​တော်​ လီဆူရဝါန်အသင်း​ တော်​များဆီ​ရောက်​ရှိနေကြတဲ့ စစ်​​ဘေးရှောင်​​ပြည်​သူများကို လိုအပ်​တဲ့ အိမ်​သာများ​ဆောက်​လုပ်​ဖို့နဲ့ ချိုး​ရေ၊ သောက်​သုံး​ရေရရှိဖို့အစရှိတာတွေ အ တွက်​လည်း လှူဒါန်း​ပေးခဲ့ကြတယ်လို့ သိရပါတယ်။

”အန်တီLခွန်းရီတို့၊ အန်တီကေ ဂျာနူးတို့က နေဦးဆောင်ပြီးတော့ အစ်ကိုတို့ သွားရောက်လှူဒါန်းခဲ့ ကြတယ်။ မနောအလှအဖွဲ့ကိုလှူဒါန်း ထားတဲ့ အလှူငွေတွေရှိတယ်။ အဲဒီ အလှူငွေတွေကို တစ်ဆင့်သွား ပြီး တော့ လှူဒါန်းပေးကြတာပေါ့။ အစ်ကို တို့လှူဒါန်းကြတာဆိုရင် သိန်းထောင်နဲ့ ချီနေပြီ။ လှူဒါန်းတယ်ဆိုတာက အစ်ကို တို့အဖွဲ့ကနာမည်ခံ၊ တာဝန်ခံပြီးတော့ မှ စစ်ဘေးဒုက္ခသည်စခန်းတွေကို အရောက်ပို့ပေးတယ်။ ပိုက်ဆံအား ဖြင့်တော့ ကျပ်သိန်းထောင်ချီနေပြီ။ ပစ္စည်းအားဖြင်တော့ အများကြီးပဲ ဖြစ်နေပြီ။ အစ်ကိုတို့အဖွဲ့အနေနဲ့က အဲဒီလိုမျိုးသွားလှူတဲ့အခါမျိုးတွေ ဆိုရင်လည်း ခရီးစရိတ်တို့၊ စားစရိတ် တို့ကို လှူထားတဲ့အလှူငွေတွေဆီက နေ အသုံးမပြုဘဲနဲ့ ကိုယ့်စရိတ်နဲ့ ကိုယ်၊ ကိုယ့်ထမင်းကိုယ်စားပြီး သွား ရောက်လှူဒါန်းခဲ့ကြတယ်။ ဟိုရောက် တဲ့အခါမှာတော့ အစ်ကိုတို့လာတဲ့ အချိန်မှာ သူတို့သိပ်ဝမ်းသာကြတယ်။ အစ်ကိုတို့အနေနဲ့လည်း အဲဒါကို ကြည့်ပြီးတော့ ပီတိဖြစ်ရတယ်။ အခု တစ်ခေါက်သွားရောက်တဲ့ အချိန်မှာ တော့ အရင် ၆ နှစ် ၇ နှစ်တုန်းက တွေ့ခဲ့ရတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲနဲ့ တော်တော်လေးကိုစနစ်ကျလာတာကိုတွေ့ရတယ်။ အဲဒီ့အပေါ် ဝမ်း သာမိတယ်။ ကျန်းမာရေးစောင့် ရှောက်မှုတွေလည်းရှိသလို အလှူ ရှင်တွေကြီးပဲမဟုတ်ဘဲနဲ့ တာဝန် ရှိတဲ့လူတွေအကုန်လုံးကလည်း ဝိုင်း ဝန်းပြီးတော့မှကူညီထောက်ပံ့ပေးနေတာကိုတွေ့ခဲ့ရတယ်”လို့ သွား ရောက်လှူဒါန်းခဲ့တာနဲ့ ပတ်သက်လို့ မနောအလှဂီတအဖွဲ့မှ Lလွန်းဝါက ပြောပါတယ်။အဆိုပါနေရာဆီ ထပ် မံရှောင်တိမ်းလာနေကြသူများလည်း ခုထိရှိနေသေးပြီး စစ်ရှောင်စခန်းဆီ ရောက်ရှိနေကြတဲ့ သက်ကြီးရွယ်အို များ၊ အချို့အသက်​ ၁ဝဝ​ကျော်​အဘွားအိုများ၊ ကိုယ်​ဝန်​ဆောင်မိခင်​ များနဲ့ က​လေးများ၊ ကျန်းမာရေးချို့တဲ့ သူ သွေးချင်းညီအစ်ကို မောင်နှမများ ကို ကူညီဖို့လိုအပ်​နေကြကြောင်း လည်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here