အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားတွေကို သွားရောက်ကြိုဆိုခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင် ထက်ထက်ထွန်း

0
218

မော်ဒယ်၊ သရုပ်ဆောင် ထက် ထက်ထွန်ကတော့ ‘ဘောစိ’ဆိုတဲ့ ရုပ် ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ် ဆောင်ရိုက်ကူးပြီးစီးသွားပြီး လက်ရှိ မှာတော့ အနက်ရောင်နှလုံးသားဆိုတဲ့ ဇာတ်ကားရိုက်ကူးဖို့ ပြင်ဆင်နေတယ် လို့ သိရပါတယ်။ သရုပ်ဆောင်လော ကထဲ ဝင်ရောက်လာတဲ့အချိန်မှာ အခက်အခဲဖြစ်ခဲ့တဲ့ အပိုင်းတွေရှိ ခဲ့ရလားလို့မေးကြည့်တဲ့အချိန်မှာ တော့ ထက်ထက်ထွန်းက . . .

”ထက် သရုပ်ဆောင်စတင်လုပ် ဆောင်တဲ့ အချိန်ကတည်းကကင်မရာ ကြောက်တာတို့၊ မီးကြောက်တာတို့ မရှိခဲ့ဘူး။ ဘာမှလည်း မကြောက်ဘူး။ ထက် ကိုယ်တိုင်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံးလုပ်တယ်။ ကိုယ်က အနုပညာလောကထဲ ဝင်ရောက်လာ တာ ဝါနုသေးတဲ့အတွက် ထက်လို အပ်ချက်တွေရှိမယ်။ အတွေ့အကြုံ တွေလည်းရှိတယ်။ အဲဒါတွေကိုတော့ ထက်ပြင်ဆင်သွားရဦးမှာပါ။ ကျန်တဲ့ အပိုင်းတွေကတော့ ထက်အတွက် အဆင်ပြေသွားပါတယ်”လို့ ထက် ထက်ထွန်းက ပြောပါတယ်။

မော်ဒယ်သရုပ်ဆောင် ထက် ထက်ထွန်းကတော့ မေလ ၁၅ ရက် နေ့က ပြုလုပ်ခဲ့တဲ့ အောင်ပွဲရရှေ့ တန်းပြန် တပ်မတော်သားတွေကို ကြိုဆိုတဲ့ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။ အောင်ပွဲရ တပ်မတော်သားတွေကို ကြိုဆိုဖို့ ပါဝင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ထက်ထက်ထွန်းက . . .

”ထက် မေမြို့ကနေ ဇာတ်ကား ရိုက်ကူးပြီးပြန်လာတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရဲ့ဇနီးက ထက်ကို တပ်မတော်သားတွေကို သွားပြီးကြို ဆိုကြရအောင်လားလို့ ပြောတော့ ထက်လည်း သွားဖြစ်ခဲ့တာပါ။ အခု ရှေ့တန်းကနေပြန်ရောက်ရှိလာတဲ့ စစ်သားတွေကတော့ လောက်ကိုင်က နေ အောင်ပွဲရပြီးပြန်လာတဲ့ စစ်သား တွေပါ။ ပြန်ရောက်ရှိလာတဲ့အထဲမှာ တချို့ စစ်သားတွေပါလာတဲ့သူရှိ သလို၊ မပါလာတဲ့သူတွေလည်းရှိတယ်။ အဲဒီအတွက် ပီတိဖြစ်ရတယ်”လို့ ပြောပါတယ်။ အောင်ပွဲရ ရှေ့တန်း ပြန်တပ်မတော်သားတွေကို သွား ရောက်ကြိုဆိုလို့ တချို့ပရိသတ်တွေ ဝေဖန်မှုတွေရှိမှာကို မစိုးရိမ်ဘူးလား လို့ မေးကြည့်တဲ့အခါမှာတော့ ထက် ထက်ထွန်းက . . .

”ထက်က ကိုယ့် ခံယူချက်နဲ့ကိုယ် အသက်ရှင်နေတဲ့ သူမျိုးပါ။ ကိုယ့်နိုင်ငံကာကွယ်ဖို့ အ တွက် ရှေ့တန်းစစ်မြေပြင်ထဲတိုက်ပွဲဝင်ဖို့သွားနေကြရတဲ့နေတဲ့သူတွေက ဂုဏ်မပြုပေးရဲစရာ ဘာမှမရှိဘူး။ ထက်အစ်ကိုတွေအတွက် ဂုဏ်ပြု တယ်၊ ထက်ကိုယ့်အကျိုးမပါဘဲ အများ အကျိုးပါတဲ့ အလုပ်တွေကိုလုပ်ရတာ ဖြစ်တဲ့အတွက်လည်း ဝမ်းသာတယ်။ ထက်လုပ်ခဲ့တဲ့အရာတွေကိုလည်း နောင်တရမှာမဟုတ်ဘူး”လို့ ထက်ထက် ထွန်းက ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here