၂ဝ၁၈ ခုနှစ် Miss Universe Myanmar ပြိုင်ပွဲအတွက် ပြည်နယ် နဲ့ တိုင်းအလိုက် ပထမအဆင့်အလှ မယ် ရွေးချယ်မှုများလည်း စတင်နေ ပြီဖြစ်ပါတယ်။ ရန်ကုန်တိုင်းကိုယ် စားပြု အလှမယ်လေးများအတွက် လည်း အခုအချိန်ကစတင်လို့ မေလ ၁၈ရက်နေ့အထိ ပြိုင်ပွဲဝင်လျှောက် လွှာများကို လက်ခံနေတယ်လို့လည်း သိရပါတယ်။ “Miss Universe Yangon Organization” က ကြီး မှူးကျင်းပမယ့် “Miss Universe Yangon 2018” အလှမယ်ရွေးချယ် ပွဲရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်း အနားကို မေလ ၁၂ ရက်နေ့ နေ့ လယ်ပိုင်းက ရန်ကုန်မြို့ Jasmine Palace Hotel မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။
Miss Universe Yangon 2018 အတွက် အလှမယ်ရွေးချယ် ခြင်းနဲ့ ပတ်သက်လို့ …
”ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော် တို့က မတ်လလောက်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပါ တယ်။ ကျွန်တော်တို့အနေနဲ့က မြန် မာနိုင်ငံမှာရှိတဲ့ မိန်းကလေးတွေ မိမိ ကိုယ်မိမိ ယုံကြည်မှုတွေ မိမိရဲ့ အလှ တရားတွေကို ဖော်ထုတ်နိုင်ဖို့ ဒီပွဲကို ကျင်းပခြင်းဖြစ်ပါတယ်။ မေလ ၁၈ ရက်နေ့မှာ ဖောင်ပိတ်ပါမယ်။ မေ လ၂ဝ ရက်မှာ ဆန်ကာတင်အလှမယ် တွေကို ကြေညာပြီး ၂၂ ရက်နေ့မှာ ဆန်ကာတင်တွေကို မီဒီယာနဲ့မိတ် ဆက်ပေးမှာပါ။ ဆန်ခါတင်အလှ မယ်တွေကိုလည်း personal grooming ပို့ချမှုတွေ၊ PR နဲ့ပတ် သက်တာတွေ၊ အလှမယ်တစ်ယောက် မှာ ရှိသင့် ရှိထိုက်တဲ့လိုအပ်ချက်တွေ ကို Camp သွင်းပြီး Training တွေ ပေးသွားမှာဖြစ်ပြီး Camp ကာလ ကလည်း ဆယ်ရက်သတ်မှတ်ထားပါ တယ်။ ရန်ကုန်ကိုယ်စားပြုအရှေ့ ပိုင်းခရိုင်၊အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်း ခရိုင်ကနေ အလှမယ် လေးဦးကို ရွေးချယ်သွားပါမယ်။ Miss Universe Yangon ပြိုင်ပွဲမှာ Winner ဖြစ်လာမယ့် အလှမယ် ကိုလည်း ကျွန်တော်တို့က ထပ်မံပြီး Miss Universe Myanmar ပြိုင်ပွဲဝင်နိုင်ဖို့ ပံ့ပိုးသွား ဦးမှာပါ”လို့ Miss Universe Yangon Organization မှ တာဝန်ရှိ သူတစ်ဦးက ပြောပြပါတယ်။
Miss Universe Yangon 2018 ပြိုင်ပွဲဝင် အလှမယ်များကို တော့ အဆင့်ဆင့် ရွေးချယ်ကာ Grand Final ပြိုင်ပွဲကြီးကိုတော့ ဇွန်လ ၉ ရက်နေ့ Sky Star Hotel မှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။
မြတ်မိုးပွင့်၊
ဓာတ်ပုံ-မင်းမင်းထွန်း