မေ ၁၅ ရက်နေ့က ထုတ်လွှင်ခဲ့တဲ့ MBC ရဲ့ Video Star အစီအစဉ် တစ်ခုမှာ သူမရဲ့ ကောလာဟလတွေကို ဖြေရှင်းခဲ့ပါတယ်။
”လူတွေက ကျွန်မထင်တာထက် ပိုပြီးစပ်စုကြပါတယ်။ ကျွန်မဟာ အသားမည်းတယ်ဆိုပေမယ့် အသားရေ ကြည်တဲ့ထဲမှာပါပါတယ်။ သူမရဲ့ အသားအရေကို အမြဲစိုပြေ လှပနေဖို့ moisturing ၊ oil နဲ့ tanning cream အမြဲ လိမ်းပေးဖြစ်ပါတယ်။ ဆာဂျရီကိစ္စကတော့ ပရိ သတ်တွေသိတဲ့အတိုင်းကျွန်မမျက်လုံးကို ခွဲစိတ်ထားပါတယ်။ နှုတ်ခမ်း ကိုတော့ မပြင်ထား ပါဘူး။ ကျွန်မရဲ့ တင်ပါးအလှကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ ကျွန်မ ခန္ဓာကိုယ်လှပအောင် အမြဲကြိုးစား လေ့ကျင့်ဖြစ်ပါတယ်။ ကျွန်မခါးက ၂၅” ကနေ အခု ၂၃” ဖြစ်သွားပါပြီ။ အွန်လိုင်းမှာလည်း ဘစ်ကနီနဲ့ပုံကို အမြဲလိုလိုတင်ဖြစ်ပါတယ်။ ကျွန်မရဲ့ ကောက် ကြောင်းအလှကို သဘောကျလို့ပါ”လို့ဆိုပါတယ်။