ကျေးဇူးတရားတွေကို ဘယ်တော့မှ မမေ့ကြောင်း အသက် ၂၈နှစ်ပြည့် မွေးနေ့မှာ သက်သေပြခဲ့တဲ့  ပိုပို

0
288

မြန်မာအနုပညာရှင်တွေထဲမှာ မေလဖွားတွေများတယ်။ အဲဒီအ ထဲမှာ မေလ ၁၆ရက်နေ့ မွေးနေ့ရှင် က အဆိုတော်မလေး ပိုပို။ သူမ တောင် ဖြတ်သန်းခဲ့တဲ့နှစ်တွေ၊ ဘဝ မှတ်တိုင် အချိုးအကွေ့တွေကြားထဲ မှာ အခု ဆို၂၈နှစ်တိုင်ခဲ့ပြီ။ ၁၉၉ဝပြည့်နှစ်ဖွား မိန်းကလေးတစ် ယောက်ဖြစ်တဲ့ ပိုပိုပေါ့။ သူမမွေးနေ့ ညပိုင်းမှာ အနုပညာသူငယ်ချင်းတွေ နဲ့ Pool Party လုပ်တယ်ဆိုတာလည်း ပိုပိုကပြောသလို ဖိတ်လည်းဖိတ် ပါတယ်။ ဒါကလူငယ်တွေအပိုင်းပေါ့။ မေလ ၁၆ရက်နေ့ မနက်ပိုင်းမှာ သူမ လုပ်ခဲ့တဲ့ အလှူလေးက ထူးခြား တယ်။ ဘဝမှာ ကျေးဇူးရှိခဲ့တဲ့ ကျေးဇူးရှင်ကို ကျေးဇူးဆပ် တယ်ဆို တာ မင်္ဂလာတစ်ပါးပါ။ အဲဒီ အချက် ကို ပိုပိုက ပြလိုက်တာပါပဲ။ ပိုပို့ ကျေးဇူးရှင်ဆိုလို့ရှိရင် နံပါတ်တစ် ထိပ်ဆုံးမှာ မလွဲမသွေရှိမှာ သေချာ တယ်။ သူ့ အဘွားပဲလေ။ အဘွားရဲ့ ရွာလေးဖြစ်တဲ့ ဝေါမြို့က တမာတ ကေကျေးရွာလေးမှာ ပိုပိုက ရွာ ဘုရား အောက်ခံကြွေပြားကပ် တယ်။ သံဃာတော်တွေကို အရုဏ် ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်သလို ဝတ္ထုငွေ၊ သင်္ကန်း၊ ဖိနပ် တို့ကိုလည်းလှူ ဒါန်းတယ်။ ကဲ…ပိုပို့ရဲ့ ကြည်နူးပီတိ အပြော လေးကလည်း ရိုးရှင်းလှပါတယ်။

”အဓိကကတော့ အဘွားလှူ ထားတဲ့ ဘုရားမှာလှူဖြစ်တော့ အဘွားစိတ်ချမ်းသာတာပေါ့။ တကယ်လို့ သူမကျွတ်မလွတ်ခဲ့သည် ရှိရင်လည်း ဒီဘုရားအလှူကို သူသိ သွားရင် ကျွတ်လွတ် အောင်ပေါ့။ ဒါကတော့ ကိုယ်ထင်တာပါ။ တကယ် လို့ ကျွတ်လွတ်သွားခဲ့လို့ ရှိရင်လည်းကုသိုလ် ကောင်းမှုတွေ သူလည်းရ တယ်။ ပိုပိုလည်းရ တယ်။ နောက်တစ်ခုက မွေးနေ့မှာ ကိုယ့်ရွာမှာပဲလှူဖြစ်တာပေါ့။ ဒါကို တစ်ခါမှလည်း မလှူဖူးဘူးလေ။ အမှတ်တရလေး လည်းဖြစ်အောင်၊ နောက်တစ်ခုက လှူချင်လို့ပါ။ ဒီက သံဃာတော်တွေက နည်းနည်းလည်းနွမ်းပါး တယ်လေ။ လှူချင်တာ ပေါ့။ ဒါပါပဲ” လို့ သူမက ဆိုပါတယ်။ အဘွား ကိုအခုထက် ထိ သတိရတုန်း ပဲလား လို့ဆို တော့…

”သတိရတာ ပေါ့။ သူ့ ကိုတော့ အမြဲတမ်း သတိရ တယ်။ လွမ်းလည်း လွမ်း တယ်။ ဒီရက်ပိုင်းတောင် စဉ်း စားနေတာ။ အဘွားရုပ်တုကို ဆီလီကွန်ရုပ်တုလုပ်မလား လို့စဉ်းစားနေတာ။ ဘာ ကြောင့်လဲဆိုတော့ သူရှိ နေ သလိုခံစားရတာပေါ့။ အခု သူဆုံးတာ ၆လပိုင်း ၁၂ရက် နေ့ဆိုရင်၇နှစ်ပြည့်တော့ မယ်။ အဲဒီနေ့ကျရင်လည်း အလှူထပ်လုပ်ဦးမှာပါ။ သူနဲ့ ပတ်သက်တာတွေကို သတိရ တာတွေ အများကြီးပါပဲ” လို့ ပိုပိုက ဆိုပြန်ပါတယ်။ သူ့အဘွားအကြောင်း မေးနေတာကြာရင် ငိုတော့မယ်လေ။ မေးလက်စနဲ့ နောက်တစ်ခွန်းထပ် မေးလိုက်ပါသေးတယ်။ အဘွားကို ပြုစုခဲ့တဲ့အကျိုးတွေကြောင့် အခုလို အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်စေတဲ့ အကြောင်းတွေပါမလား လို့ ဆိုတော့…

”ပိုကတော့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုဆယ်တန်း အောင်တဲ့အချိန်မှာ အဘွားက ခြေ ထောက် ၂ချောင်းဖြတ်လိုက်ရတယ်။ အဲဒီအချိန်ကစလို့ ၆နှစ်တိတိ ပိုပိုက အဘွားကို အပေါ့၊ အလေးကအစ အကုန်လုပ်ပေးခဲ့ရတာ။ ညဘက် တွေဆို မအိပ်ရဘူး။ အဘွားက အိပ်ရင်နာဖြစ်တော့ ခဏခဏ ထူ ပေးရတယ်။ မနက်ဆိုရင် အင်္ကျီ အဝတ်အစားလဲပေးရတယ်။ အဘွား ရဲ့ ဝတ်ကြီးဝတ်ငယ်တွေကို ပြုစုပေး ခဲ့ရတာပေါ့။ အဲဒီ စေတနာ၊ အဲဒီအ ကျိုးတွေကြောင့် ပိုပိုအခုလို အောင် မြင်လာတာလို့လည်း ထင်တယ်။ နောက်ပြီးတော့ ပိုပိုအဘွားကို တတ် နိုင်တဲ့အချိန်တုန်းက လုပ်ကျွေး နိုင်သလောက်လုပ်ကျွေးတယ်။ အခုချိန်ထိ သူ့စိတ်ချမ်းသာစရာ တွေ ကို လုပ်ပေးချင်နေတုန်းပဲ။ ဒါပေမဲ့ သူမရှိတော့တဲ့ အချိန်ကျမှ ပိုပို အောင်မြင်တာဆိုတော့ သိပ်မလုပ် ပေးခဲ့ရဘူး။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်တယ်” လို့ ပိုပိုက ပြောပြခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ- မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here