နာမည်ကြီးသွားတာက အောင်မြင်မှုမဟုတ်ပါဘူး သရုပ်ဆောင် မေမြတ်နိုး

0
199

လတ်တလောမှာ သရုပ်ဆောင် မေမြတ်နိုးကတော့ ဒါရိုက်တာသားညီ ရိုက်ကူးတဲ့Twenty-five percent (25%) ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ ဂျိုး ရိုက်ကူးတဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင် နိုင်းနိုင်း၊ အောင်ရဲထွေးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ပထမဆုံးခေါင်းမင်းသမီးအနေနဲ့ပါဝင်သရုပ်ဆောင် ထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ရင်ခုန်မှုကိုလည်း သရုပ်ဆောင် မေမြတ်နိုးက ခုလိုပြောပြခဲ့ပါတယ်။

“ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကား ကတော့ ခုကားဆက်နေပါပြီ။ ကားဆက်ပြီး ရင်တော့Recording လုပ်မယ်။ ဘယ်တော့လောက် ရုံတင်ပြသ ဖြစ်မယ်ဆို တာတော့ မသိသေးပါဘူး။ ဒီဇာတ်ကားရိုက်ကူးတဲ့အခါမှာလည်း ရိုက်ကွင်း ပေါ်မှာ အဆင်ပြေမှုတွေ ရှိသလို အဆင်မပြေမှုတွေလည်း အများကြီးရှိပါတယ်။ အဲဒီကြားထဲမှာ ဒါရိုက်တာကိုဂျိုးကလည်း အများကြီးသင်ပြပေးပါတယ်။ ဒရာမာဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးတစ်လက်အနေနဲ့ ပါဝင်သရုပ် ဆောင်ခဲ့ရတဲ့အတွက်လည်း အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီ ဇာတ်ကားမှာ အတွေ့အကြုံတွေအများကြီးရခဲ့တယ်။ ပြီးတော့ မြတ်နိုး အတွက် ဒိုင်ယာရီဇာတ်ကားက ပြင်ဆင်မှုတွေလည်း အများကြီးရှိခဲ့သလို ရင်တမမဖြစ်စရာတွေလည်း အများကြီးရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အလှမယ်တစ်ဦးဖြစ်တဲ့ သူမကို သရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကား များမှာပါဝင်သရုပ်ဆောင်ရတဲ့အခါ ဘာတွေကွာခြားသွားလဲလို့ မေးမြန်းခဲ့ ရာ….

“Missပဲဖြစ်ဖြစ် Modeling ပဲဖြစ်ဖြစ် သရုပ်ဆောင်တာပဲဖြစ်ဖြစ် အား လုံးကတော့ကွာခြားတာပေါ့။ ဒါပေမဲ့အားလုံးကအနုပညာဖြစ်တယ်။ တကယ် စိတ်နှစ်ပြီးတော့ ပရိသတ်တွေရင်ထဲ ရောက်အောင်လုပ်နိုင်မှ သာလျှင် အောင်မြင်မှုဆို တာရမှာပေါ့နော်။ နာမည်ကြီးသွားတာကအောင်မြင်မှု မဟုတ် ပါဘူး။ အဲဒါကြောင့်မြတ်နိုးအနေနဲ့ကတော့ ဘယ်ဟာပဲလုပ်လုပ် စိတ်ရော လူရောနှစ်ပြီးသေချာလေ့ လာပြီးလုပ်ပါတယ်” လို့ မေမြတ်နိုးကပြောပြ ခဲ့ ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here