မေမေက ကျန်းမာရေး သိပ်မကောင်းတော့ မေမေ့ကျန်းမာရေးကို ဂရုစိုက်ရတယ် လို့ပြောလာတဲ့ သရုပ်ဆောင် ယဉ်လတ်

0
518

အက်ရှင်မင်းသမီးချောလေး ယဉ်လတ်ကတော့ အနုပညာအလုပ်တွေကို ပရိသတ် နဲ့ မဝေးကွာသွားအောင် လုပ်ဆောင်နေပြီး တစ်ဖက်မှာလည်း မိသားစုအတွက် အလုပ် အချိန်ပေးဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်နဲ့ မိသားစုတာဝန်ကို ညီညီမျှမျှလုပ်ဖြစ် နေတယ်လို့ သိရပါတယ်။ တစ်ခါတလေ စိတ်တွေပင်ပန်းလာတဲ့အခါကျရင် မိသားစုနဲ့ပဲ အပန်းဖြေဖြစ်တယ်လို့ သရုပ်ဆောင် ယဉ်လတ်က…

“ညီမချစ်တဲ့ အနုပညာအလုပ်ကို ညီမကြိုးကြိုးစားစားလုပ်ကိုင်နေတယ်။ ဒီဘက်မှာ အလုပ်လုပ်လို့ မိသားစုကို အချိန်ပေးဖြစ်တာလည်း မလျော့သွားပါဘူး။ ညီမ မိသားစုကို ချစ်တယ်။ ဟိုးအရင် ကတည်းက မိသားစုအတွက် ဆင်းရဲသည်ဖြစ်စေ၊ ပင်ပန်းသည်ဖြစ်စေ စည်းစည်း လုံးလုံးနဲ့ ကြိုးစားခဲ့ကြတယ်။ အခုလည်း ကြိုးစားနေတုန်းပါပဲ။ အဓိကကတော့ မိသားစုအခြေအနေကို အမြဲတမ်းညီမစောင့်ကြည့်တယ်။ အခုဆိုရင် မေမေကလည်း သွေးကင်ဆာဆိုတော့ မေမေ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရတယ်။ အဲဒီလိုမျိုး မိသားစုကို အချိန် ပေးဖြစ်သလို၊ ညီမ လျှောက်လှမ်းနေတဲ့ အနုပညာလမ်းကြောင်းမှာလည်း အား စိုက်တာလျော့သွားတယ်ဆိုတာ မရှိပါ ဘူး။ ညီမ လျှောက်လှမ်းနေတဲ့ အနု ပညာလမ်းကြောင်းမှာလည်း အား စိုက်တာ လျော့သွားတယ်ဆိုတာ မရှိပါဘူး။ ညီမအများကြီး ကြိုးစားတယ်။ ပရိသတ်ကို လည်း ညီမကို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ တစ်ခါတလေကျတော့လည်း စိတ် ပင်ပန်းတာတို့၊ စိတ်ဓာတ်ကျတာတို့ ခဏခဏဖြစ်ခဲ့တဲ့နေ့တွေ အများကြီး ရှိတယ်။ အခက်အခဲတွေ ဘယ်လို ကြုံကြုံ၊ စိတ်ညစ်စရာတွေ ဘယ်လောက် ရှိရှိ ဖေဖေတို့၊ မေမေတို့အနားမှာ နေလိုက်ရင် စိတ်အေးချမ်းသွားတယ်။ အဲဒါကြောင့် ညီမစိတ်ပင်ပန်းတဲ့ အချိန် တွေဆို မိသားစုနဲ့ပဲ အပန်းဖြေဖြစ် တယ်” လို့ ယဉ်လတ်က ပြောပါတယ်။ လတ်တလောမှာတော့ သရုပ်ဆောင် ယဉ်လတ်က ဗီဒီယို၊ ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးဖြစ်နေတယ်လို့ သိရ ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here