ဖေဖေ့ကို လေးစား အားကျရတဲ့အပိုင်းတွေ အများကြီး ရှိတယ် ဟာသ သရုပ်ဆောင် အောင်သော်ရဲ့ သမီး သရုပ်ဆောင် ခေး

0
163

အနုပညာလောကထဲကို အဖေ ဖြစ်သူရဲ့ ဂုဏ်အရှိန်အဝါနဲ့ ဝင် ရောက်လာခဲ့တာမဟုတ်ဘဲ ကိုယ် တိုင်သရုပ်ဆောင်လုပ်ရတာကို ဝါသနာပါတဲ့အတွက် သရုပ်ဆောင်ပိုင်းကို ကြိုးစားနေသူကတော့ ဟာသသရုပ် ဆောင် လူရွှင်တော် အောင်သော်ရဲ့ သမီးလေးခေးပဲဖြစ်ပါတယ်။ သရုပ် ဆောင်ပိုင်းကို စိတ်ဝင်စားတဲ့အတွက် ကြောင့် ၁ဝ တန်း ဖြေဆိုပြီးတဲ့နောက်ပိုင်း သရုပ်ဆောင်အလုပ်တွေ လုပ် ဖြစ်နေကြောင်းကိုလည်း သရုပ် ဆောင် ခေးက…

”ညီမ သရုပ်ဆောင် ပိုင်းကိုဆယ်တန်းစာမေးပွဲ မဖြေ ဆိုခင်ကတည်းက စိတ်ဝင်စားခဲ့တာ။ ဖေဖေကလည်း ရုပ်ရှင်တွေ ရိုက် တယ်ဆိုတော့ ဖေဖေ့ရဲ့ ရိုက်ကွင်း တွေ လိုက်သွားတယ်။ မမသုသုတို့ သရုပ်ဆောင်တာတွေလိုက်ကြည့် တယ်။ အဲဒါနဲ့ တဖြည်းဖြည်း ညီမ ၁ဝ တန်းလည်း အောင်ရော အနုပညာလောကထဲကို ဝင်ရောက်ခဲ့တယ်။ အခုဆို ဇာတ်ကား ၂ ကားမှာ တော့ ပါဝင်ရိုက်ကူးပြီးပြီ။ ဇာတ်ကားရိုက်ကူးနေတဲ့အချိန်မှာလည်း ဖေဖေက သူ့သမီး သရုပ်ဆောင်နေတယ် ဆိုပြီးတော့လည်း လာမကြည့်ဘူး။ ဖေဖေလာမကြည့် တော့ တစ်ခါတလေတော့လည်း အားငယ်တာပေါ့။ ဒါပေမဲ့လည်း အကောင်းဆုံးကြိုးစားခဲ့တယ်။ ညီမအနေနဲ့လည်း ဖေဖေ့ကို အားပေးသလို၊ ဖေဖေ့ကို အားကျရတဲ့ အပိုင်းတွေ ရှိတယ်။ ဖေဖေ့လိုဖြစ် အောင် ကြိုးစားသွားမှာပါ”လို့ ခေးက ပြောပါတယ်။

ဖေဖေ့ကို လေးစားအားကျရတဲ့ အပိုင်းရှိလားလို့ မေးကြည့်တဲ့အခါ မှာတော့ ခေးက ”ဖေဖေ့ကို အားကျ ရတဲ့အပိုင်းတွေ အများကြီးရှိတယ်။ ဖေဖေက အိမ်မှာလည်း အိမ်ထောင် ဦးစီးကောင်းတစ်ယောက်ဖြစ်သလို သူအလုပ်လုပ်တဲ့ အနုပညာပိုင်းမှာ လည်း သူက ထူးချွန်တယ်။ သူ့ကာ ရိုက်တာနဲ့ သူ ကွက်တိသရုပ်ဆောင် နိုင်တယ်လေ။ ဖေဖေ့ကို ကြည့်ရတာ အားကျတယ်။ ကျောင်းမှာဆို သူငယ် ချင်းတွေက ညီမကို ဖေဖေ့သမီးမှန်း သိတဲ့သူလည်း ရှိသလို မသိတဲ့သူ လည်းရှိတယ်။ ဒါပေမဲ့ ဖေဖေ့သမီး မှန်းသိရင်တော့ သူတို့က ပြောကြ တယ်။ ဟယ်တကယ်ပဲ နင်က ဦး အောင်သော်သမီးလားဆိုပြီး မေးကြ တယ်။ အဲဒီလို မေးလာတဲ့အခါဆိုရင် လည်း ပျော်တယ်။ အော် ငါ့ကို သိတဲ့ သူတွေရှိတယ်ဆိုပြီးတော့ပေါ့။ ဖေ ဖေ့ သမီးဖြစ်ရတာလည်း ဂုဏ်ယူ တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here