အလှအပကို ထိန်းသိမ်းပြုပြင်လိုသူ များအတွက် Beauty Bank Aesthetic Clinic ဖွင့်လှစ်

0
175

နုပျိုမှုနဲ့ အလှအပကို ထိန်းသိမ်း ပြုပြင်လိုသူ အမျိုးသား အမျိုးသမီး များအတွက်Beauty Bank Aes- thetic Clinic ပေါ်ထွက်လာပါပြီ။ Beauty Bank ရဲ့Soft Opening အခမ်းအနားကိုတော့ မေလ ၁၂ ရက်နေ့က ဆိုင်တည်ရှိရာ အခန်း ၆၃၊ ၆လွှာ၊Orchid Condominium၊အလုံလမ်းမှာ ပြုလုပ်ခဲ့ပါတယ်။ အလှအပရေးရာ ပြုပြင်နိုင်တာတွေနဲ့ ပတ်သက်ပြီး Beauty Bankရဲ့Owner ဒေါက်တာ ဝေမာသန်း အောင်က …

“အစ်မတို့Beauty Bank ရဲ့ ဝန်ဆောင်မှုတွေကိုတော့ မေလ ၁၃ ရက်နေ့က စတင်ပြီး ပြုလုပ်နိုင်ပါပြီ။ Beauty Bank မှာတော့ အလှအပ ပိုင်းနဲ့ပတ်သက်ပြီး တော်တော်များ များလုပ်လို့ရပါတယ်။ Facial ပိုင်း ကစတဲ့ အပြင်ပိုင်းပြင်ဆင်မှုတွေက စလို့ Chemical Peeling တွေ၊ Laser Treatment,Botox , Filler နဲ့Lifting & Designing စတာတွေ အားလုံးကို ရန်ကုန်မှာပဲ လုပ်နိုင် အောင်လို့ ဝန်ဆောင်မှုပေးပါတယ်။ ဆံပင်ပိုင်းနဲ့ပတ်သက်လို့လည်းHair Regrowth နဲ့ အသားဖြူဖို့ဆေးထိုးတာမျိုးတွေလည်း ပြုလုပ်လို့ရပါ တယ်။ ဒီလိုပြောလိုက်ရင် မိန်းက လေးတွေအတွက်လို့ပဲထင်ကြပါလိမ့် မယ်။ ဒါပေမဲ့ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ လုပ်လို့ရပါ တယ်။ ဖွင့်ပွဲအထိမ်း အမှတ်အနေ နဲ့လည်း လာရောက်တဲ့ မိတ်ဆွေတွေ၊ Customer တွေ အတွက် ၃ဝ% Discount တွေလည်း ပေးထားပါ တယ်”လို့ ပြောပြပါတယ်။

မျက်နှာပိုင်း ထိန်းသိမ်းမှုအချို့ပြုလုပ်ချင်တယ်ဆိုတဲ့ သရုပ်ဆောင် ဖူးစုံကလည်း “အလှအပ ဆိုတာက ဖူးစုံတို့လို သရုပ်ဆောင်တွေမှ မဟုတ်ပါဘူး။ အခုခေတ်မှာ ယောက်ျားလေး ရော၊ မိန်းကလေး တွေရော စိတ်ဝင်စားကြပါတယ်။ ဒီလိုစိတ်ဝင်စားကြတဲ့ အချိန်ရန် ကုန်မှာလည်း အလှအပ ပိုင်းဆိုင်ရာ ဆွေးနွေးလို့ရတယ်ဆို တော့ပိုပြီးအဆင်ပြေတာပေါ့”ပြောပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here