ခန္ဓာကိုယ်ပေါ်က အဆီတွေကိုအားကစားလုပ်ရင်းချမယ့် ဆုအိမ့်စံ

0
220

သရုပ်ဆောင်ဆုအိမ်စံကိုတော့လက်တလော ဖေ့စ်ဘုတ်ခ်စာ မျက် နှာတွေမှာ မြန်မာ ဝတ်စုံလေးတွေနဲ့ စုံတွဲပွဲတက်နေတာတွေ့မြင်ရပါတယ်။ ဇာတ်ကားရိုက်ကူးမှုအချို့မှာ လည်း ကာရိုက်တာနဲ့လိုက်ဖက်တဲ့ မြန်မာဝတ်စုံလေးတွေဝတ်ဆင်တဲ့အခါ ဆုအိမ်စံရဲ့ ပရိသတ်တွေက အထူးအားပေးကြပါတယ်။ ဒါပေမဲ့ ဆုအိမ်စံကတော့လတ်တ လောမှာ ခန္ဓာကိုယ်ထိန်းသိမ်းမှုတွေ ပြန်လုပ်ရဦးမယ်လို့ဆိုပါတယ်။

“ဆုဆုကပုံမှန်ဆိုရင်လည်း မြန်မာဝတ်စုံဝတ်ဆင်ရတာကို ကြိုက်တယ်။ အမြတ်တနိုး လည်းဝတ်ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေနဲ့ ဆို ရင်လည်း ပရိသတ်တွေက လိုက် တယ်လို့ပြောကြတယ်။ ဒါပေမဲ့ အခုတလောတော့ ဗိုက်မှာအဆီနည်းနည်း တက်နေတယ်။ ဒါကြောင့် လည်း Gym ပြန်ကစားဖို့လည်း လုပ်နေပါတယ်။ အမှန်အတိုင်းပြောရရင်ွပာ ကို သူရိယနဲ့ နှစ်ယောက်သားနှစ်ရက် လောက် ပဲ သွားပြီးတော့ ထပ်ပြီး မသွားဖြစ်သေးပါဘူး။ သွားဆော့မယ်၊ သွားဆော့ မယ်နဲ့ ရှုတင် ရှိလိုက်၊ ကားရိုက်အတွက် အချိန်ဖဲ့ပေးလိုက်၊ တခြား လုပ်စရာတွေပေါ်လာလိုက်နဲ့ဖြစ်နေတော့ သေသေချာချာ မဆော့ ဖြစ်သေး တာပါ။ အခု တော့ ဂရုတစိုက်ပြန်ဆော့ဖို့လုပ်နေပါတယ်”လို့ ဆုအိမ်စံက ပြောပြပါတယ်။ ဆက်လက်ပြီး ဆုအိမ်စံရဲ့ ခန္ဓာကိုယ်အချိုးအစား အပေါ် ကိုယ်တိုင်က စိတ်ကျေနပ်မှုရှိသလား ဘယ်လိုခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင် ချင်သလဲဆ တာ မေးမြန်းတော့…

“ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးတော့ စိတ်ကျေနပ်မှုကတော့ ရှိပါတယ်။ ဆုဆုကိုယ်တိုင်ကလည်း ခန္ဓာကိုယ် ပိန်ပိန်လေးကိုတော့ မကြိုက်ဘူး။ ပြည့်ပြည့် လေးနဲ့အချိုးအစားညီ တာလေးကိုပဲသဘောကျပါတယ်။ တအားကြီး ပိန်ကျသွား တာမျိုးကို လည်း မကြိုက်ဖူး။ အစားကိုတော့ သိပ်ပြီး မထိန်းဖြစ်ဘူး။ စိတ်ထဲမှာ စားချင်စိတ်ရှိရင်တော့ စားလိုက်တာပါပဲ။ ဆုဆုက တစ်ဘက်မှာ ဇာတ်ကားရိုက်ကူးမှု တွေလည်းရှိတော့ Gym ဆော့ဖြစ်ရင် လည်း ရှုတင်ပြီးတဲ့အချိန်ညဘက် လောက် မှပဲဆော့ရတယ်။ Gym မဆော့ဖြစ်ရင်လည်း ညဘက်ဗိုက်စည်းနဲ့ အိပ်တာ မျိုးကို တော့လုပ်ဖြစ်တယ်”လို့ ဆုအိမ်စံက ပြောပြပါတယ်။

လတ်တလောမှာ ဆုအိမ်စံရဲ့ အနုပညာလှုပ်ရှားမှုအသစ်များကတော့ မင်းခန့်ညီ၊ လင်းအောင်ခေတ်၊ နန်းမြတ်ဖြိုး သင်းတို့နဲ့အတူ ယူ (့You) ဆိုတဲ့ ဇာတ်ကားကို ပါဝင်ရိုက်ကူးနေပြီး ဆုအိမ်စံပါဝင်ထားတဲ့ သရဲသင်္ဘော၊ ဘော် ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားတွေလည်းမကြာမီရုံတင်ပြသတော့မှာဖြစ် ပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here