မြန်မာပြည်က ပရိသတ်များနဲ့ တွေ့ဆုံဦးမယ့် K-Pop Girl-Band အဖွဲ့ Rose Quartz

0
549

ကိုရီးယား Girl-Band တစ်ခုဖြစ်တဲ့ Rose Quartz အဖွဲ့ဟာ မြန်မာ နိုင်ငံကို သူတို့ရဲ့ ပထမဦးဆုံးထွက်ရှိလာတဲ့ Realize MTV ကို ပရိုမိုးရှင်း လုပ်ဖို့အတွက် ရောက်ရှိနေပါတယ်။Rose Quartz အဖွဲ့ဟာ ကိုရီးယား မိန်းကလေးတစ်ယောက်၊ ထိုင်းမိန်းကလေးနှစ်ယောက်၊ မြန်မာမိန်းကလေးနှစ် ယောက်တို့ဖြင့် ဖွဲ့စည်းထားတဲ့ Girl Band အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဘာသာစကား မတူတဲ့အတွက် MTV ရိုက်ကူးစဉ်အခက်အခဲတွေရှိလားလို့ မေးကြည့်တဲ့အခါ မှာတော့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Cindy က…

”သုံးနိုင်ငံပေါင်း လိုက်တဲ့အချိန်မှာ ဘာသာစကား အခက်အခဲကတော့ တော်တော်များများရှိခဲ့ပါတယ်။ သီချင်း ဆိုနေတဲ့ အချိန်မှာရော၊ စကားပြောတဲ့အခါမှာရောပေါ့။ အခက်အခဲတွေရှိခဲ့ တယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေ အချင်းချင်းအပြန်အလှန် ညီမတို့ကလည်း သူတို့ ကို မြန်မာလို သင်ပေးတယ်။ သူတို့ကလည်း ညီမတို့ကို ထိုင်းလိုပြန်သင်ပေး တယ်။ ကိုရီးယားလို ပြန်သင်ပေးတယ်။ အချင်းချင်း အဲဒီလိုလေးနဲ့ပဲ Realize ဆိုတဲ့ MTV လေး ထွက်ပေါ်လာတာပေါ့နော်” လို့ ပြောပါတယ်။

MTV ခွေ ထဲမှာ ချစ်စရာကောင်းတဲ့ အသံလေးနဲ့ မြန်မာလို ကြိုးစားပြီး သီဆိုထားတဲ့ ထိုင်းမလေး Eing ကလည်း…

”ပထမဦးဆုံး မြန်မာလို သီဆိုရတဲ့အတွက် သူ့ အနေနဲ့ တအားခက်ခဲပါတယ်။ အထူးသဖြင့် မြန်မာမှာရှိတဲ့ စကားလုံးတွေက ခက်ခဲပါတယ်။ သီချင်းစာသားမှာပါတဲ့ လန်းဆန်းတို့ နှလုံးတို့သီဆိုရတဲ့ အချိန် မှာ နှာကနေ ထွက်တဲ့အသံကို ဆိုရတဲ့အတွက် တအားခက်ခဲခဲ့ပါတယ်။ ဒါပေ မဲ့ ကြိုးကြိုးစားစားနဲ့သီဆိုထားတဲ့အတွက် အားပေးကြပါဦး” လို့ Eing က ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာမှ Naychi နဲ့ Cindy က ရွေးချယ်ခံရတဲ့ အတွက် ဘယ်လိုမျိုး စိတ်ခံစားမှုဖြစ်နေလဲလို့ မေးကြည့်တဲ့အခါမှာတော့ Naychi က…

”မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုအဖွဲ့ထဲမှာ ပါဝင်ခွင့်ရ တဲ့အတွက် အလွန်ပဲ ဝမ်းသာမိသလို တာဝန်လည်း ကြီးတယ်ပေါ့နော်။ အဲဒါ ကြောင့်မို့လို့ အကောင်းဆုံးလည်း ကြိုးစားနေပါတယ်။ အရင်တုန်းကလည်း ညီမ Galaxy Star 2017 မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီကနေ တစ်ဆင့် JBJ Entertainment နဲ့ လက်တွဲပြီးတော့ Rose Quartz အဖွဲ့မှာ ပါဝင်ဖြစ်ခဲ့ တာပါ”လို့ Naychi က ပြောပါတယ်။

ကိုရီးယားသူတစ်ယောက်ဖြစ် တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာရှင်တွေထဲမှာ ကိုယ်ကြိုက်နှစ်သက် တဲ့သူရောရှိလားလို့ မေးကြည့် တဲ့အခါမှာတော့…

”မနှစ်က G-Wave ဆိုတဲ့ ပွဲမှာ အတူတူဖျော်ဖြေခဲ့တဲ့ကို ဂျေမီကို သဘောကျတယ်။ ဟစ်ဟော့ပ်သီချင်း တွေဆိုတာ ကောင်းတဲ့အတွက် ကိုဂျေမီကိုတော့ သဘောကျပါတယ်”လို့ Sung Shin ကပြောပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အချိန် ဘယ်တွေ သွားရောက် ချင်လဲလို့ မေးကြည့်တဲ့အခါမှာတော့ Earn က…

”မြန်မာပြည်မှာရှိတဲ့ ကမ္ဘာကျော်တစ်နေရာဖြစ်တဲ့ ရွှေတိဂုံဘုရားကို သွားရောက်ပြီးဖူးမြော်ချင်တယ်။ အလွန်သပ္ပာယ်တယ်လို့လည်း ကြားဖူးတယ်။ ပြီးတော့ မြန်မာနိုင်ငံက အမျိုး သမီးတွေ ဝတ်တဲ့လုံချည်လည်း ဝတ်ချင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မစားဖူးတဲ့ မုန့်တွေ မှန်သမျှ စားဖူးချင်တယ်”လို့ Earn က ပြောပါတယ်။

Rose Quartz အဖွဲ့ဟာ မေ လ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပြန် လည်ထွက်ခွာသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာRealize MTV အတွက် ပရိုမိုးရှင်း သွားလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here