အစ်မဖြစ်သူ ရွှေမှုံရတီဆီက အောင်မြင်မှုရယ် လူကြီးဆန်မှုရယ်တို့ အတုယူရမယ် ငွေမှုံရတီ

0
532

 

သရုပ်ဆောင်ငွေမှုံရတီက ဒီနှစ်ဆယ်တန်းစာမေးပွဲကို ဝင်ရောက်ဖြေ ဆိုထားပါတယ်။ စာမေးပွဲအောင်စာရင်းကလည်း မကြာခင်ထွက်ရှိလာ တော့မှာဖြစ်ပါတယ်။ မေးခွန်းအားလုံးကိုဖြေဆိုနိုင်ခဲ့တဲ့အတွက် ရလဒ် ကောင်းထွက်လာမှာပါလို့ ငွေမှုံရတီက ပြောပါတယ်။အစ်မဖြစ်သူ ရွှေမှုံရတီကလည်း ဒီနှစ်စာမေးပွဲကိုအောင်စေချင်ပြီး သူ့အတွက်ဆိုအစစအရာရာအလိုလိုက်ပြီး သူလိုချင်တာမှန်သမျှအမြဲဖြည့်ဆည်းပေးတဲ့ အစ်မတစ်ယောက်ဖြစ်ပါတယ်။ အစ်မကြီး ရွှေမှုံရတီဟာ သူ့အတွက်တော့ ဘယ်လိုနေရာမျိုးမှာ ရှိနေသလဲဆိုတာကိုလည်း …

“သဲက ညီမရဲ့ဒုတိယ အမေပါ။တအားကို သွန်သင်ဆုံးမပေးတယ်။လက်တွေ့ကျကျ ဆုံးမပေးတဲ့သူမျိုးပါ။ သူက ညီမအတွက်တအားကိုအရေးပါ အရာ ရောက်တဲ့ သူမျိုးပါ” လို့ ငွေမှုံရတီကဆိုပါတယ်။သူ့အစ်မက သူ့ရဲ့ လိုအပ်ချက် တွေကို သာမက တစ်မိသားစုလုံးကို ရှာဖွေကျွေးမွေးနေတဲ့ အစ်မ တစ်ယောက် ဖြစ်ပါ တယ်။ ဒီလိုအစ်မမျိုး ရရှိထားတဲ့အတွက် လေးစားဂုဏ်ယူရသလို အစ်မ ဆီက နေအတုယူရမယ့် အရာတွေလည်းများစွာရှိနေကြောင်းကိုငွေမှုံရတီ က..

“သူ့ကိုအတုယူရမှာက အောင်မြင်မှုရယ်၊ လူကြီးဆန်မှုရယ် ညီမ အဲဒါတွေကို အတုယူရမယ်။ သူ့ဆီမှာ အတုယူရမှာ တွေကအများကြီးပါ”လို့ ပြောပြပါ တယ်။ ငွေမှုံရတီကလည်း အနုပညာကို ဝါသနာပါတဲ့ သူဖြစ်ပါတယ်။ အနုပညာလော ကမှာ အောင် မြင်မှုများရရှိ နေတဲ့အစ်မရွှေမှုံရ တီလိုပဲ သူလည်း အောင်မြင် ကျော်ကြားတဲ့ အနုပညာ သမားတစ်ယောက်ဖြစ် အောင် ကြိုးစားသွား မယ့် အကြောင်းကိုငွေမှုံရတီက …

“ဒါကကိုယ့်ကြိုးစားမှုနဲ့ပဲဆိုင် သွားတာပေါ့ နော်။ နောက် ကွယ်က နေပံ့ပိုးပေးရမယ့်သူတွေက ပံ့ပိုး ပေးပြီးသွားပြီကိုယ့်မှမကြိုးစားဘူး ဆိုရင် ဒီနေရာမှာ တင်ရပ်သွား မှာ လေ။ အဲဒီလိုဆိုတော့ ဒါကညီမရဲ့ ကြိုးစားမှုနဲ့ဆိုင်သွားပြီ။ ညီမ ကြိုးစားမှဖြစ်မယ့် အရာတွေဆိုတော့ ညီမဆက်ပြီးတော့ ကြိုးစားမှရမှာ။ ပရိသတ် လက်ခံမယ့် အနု ပညာရှင် တစ်ယောက်ဖြစ်ရမယ်။နောက်ပြီး တော့အားလုံးလက်ခံ မယ့် အနု ပညာရှင် တစ်ယောက်ပေါ့ နော်။အဲဒီလို ဖြစ်ရအောင်လည်း ညီမ ကြိုးစားမှာပါ”လို့ ပြောပြခဲ့ပါ တယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here