အမြန်ဆုံးရုံတင်ပြသချင်နေတဲ့ ‘ငါ့ကို နမ်းတဲ့မုန်တိုင်း’ရုပ်ရှင်ဇာတ်ကားကြီးနဲ့ရဲရင့်အောင့်ရဲ့ ရင်ခုန်မှု

0
298

‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားကို ဇွန်လ ၁ ရက်နေ့ ရုံတင်ပြသပါတော့မယ်။ အဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ရဲ့ အားပြိုင်မှု၊ မင်းသမီးနေရာမှာ အကယ်ဒမီဖွေးဖွေး။ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ မှာ သြရထူးဆိုတဲ့ ကာရိုက်တာနဲ့ သူဌေးသားလူဆိုး တစ်ယောက် ဇာတ်ရုပ်နေရာကနေ ခပ်မိုက်မိုက်စတိုင်နဲ့ သရုပ်ဆောင်ထားတဲ့ ရဲရင့်အောင်။ ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’နဲ့ ပတ်သက်ပြီး ရဲရင့်အောင်က …

“ရှေ့မှာကလည်း အစ်ကိုတွေရဲ့ ဇာတ်ကားတွေ ရုံတင်ထားတယ်။ ပြီးတော့ ကြားထဲမှာ ကလည်း စာမေးပွဲ တွေနဲ့ဆိုတော့လေ။ ရုံတင်ပြသတော့မယ်ဆိုတော့ အလွန်ဝမ်းသာတယ်။ ကျွန်တော်လည်း ရင်ခုန်တယ်။ အမြန်လည်း ရုံတင်ပြသစေချင်နေပြီ”လို့ ပြောပါတယ်။ ရဲရင့် အောင်ရဲ့ ပရိသတ် (Yamily) တွေ မျှော်နေကြတဲ့ ဒုတိယအခွေကတော့ …

“ကျွန်တော့်မွေးနေ့ ပတ်ဝန်းကျင် နားမှာ ပေးနိုင်အောင်ကြိုးစားနေပါ တယ်။ အဓိကက အသံသွင်းတဲ့ နေရာမှာ စိတ်တိုင်းမကျသေးလို့ပါ” လို့ သူက ပြောပါတယ်။ အမှတ်တရ တချို့ကို ခန္ဓာကိုယ်အရေပြားပေါ်မှာ တက်တူး ထိုးလေးရှိတဲ့ ရဲရင့်အောင်ကို သူ့လက် မှာ နောက်ထပ် တက်တူး အသစ်လေး တွေတွေ့လို့ မေးဖြစ်တုန်းက ပုံလေး တစ်ပုံကတော့ အားလုံးသိပြီးသားဖြစ်လို့ မပြောတော့ပါဘူးတဲ့။ နောက်ထပ်ထိုး ထားတာ လေးတွေကိုတော့ သူက …

“ကြေးမုံလို့ထိုးတော့ ကျွန်တော့်ကို မေး ကြတယ်။ ကြေးမုံဆိုတာ ဘာလဲ။ ကြေးမုံ ဆိုတာ မှန်လေဗျာ။ မှန်ပေါ့။ ဒါပါ ပဲ။ ကျွန်တော် အဲဒီအဓိပ္ပာယ် ပြောချင်တာပါ။ ကျန်တာကတော့ ပူပေါင်းလေးတွေထိုးတယ်။ အဲဒါက ဂျိုကာ့ ပါးစပ်နဲ့ လိုက်ဖက်ညီလို့ ထပ်ထိုး လိုက်တာပါ”လို့ ရဲရင့်အောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here