အစကောင်းမှ အနှောင်းသေချာမည်ဖြစ်သဖြင့် ကလေးများ၏ ပညာရေး ရတက်အေးစေချင်

0
191

ဒီတစ်ပတ်မှာတော့ အစိုးရစာသင်ကျောင်းတွေပြန်ဖွင့်တော့မယ့်အချိန် ရောက်ရှိလာတော့မှာဖြစ်ပြီး ပညာသင်ကြားရမယ့် ကျောင်းသားမိဘတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေပညာရေးကို ဘယ်လိုပုံစံမျိုးဖြစ်စေချင်ကြသလဲ၊လက်ရှိ ပညာရေးစနစ်ကို ဘယ်လိုသုံးသပ် မှတ်ချက်ပေးကြလဲဆိုတဲ့ စကားသံတွေကိုစုစည်းပြီး ကလေးငယ်တွေရဲ့ ပညာရေးရတက်အေးစေဖို့အကြောင်းတင်ဆက်လိုက်ရပါတယ်။

မနွယ်နီ

လက်ရှိပညာရေးစနစ်ကပုံမှန်လို့ထင်တာပဲ။ ကျက်လိုက်ကြ၊ အောင်လိုက်ကြသိပ်မခက်ဘူး ထင် တာပဲ။ ကိုယ့်ကလေးအပါအဝင် ကလေးတွေရဲ့ ပညာရေးကို တကယ့် လက်တွေ့တွေနဲ့သင်ကြားပေးစေချင် တယ်။နားမလည်ဘဲ ကြက်တူရွေး နှုတ်တိုက်ချပေး အလွတ်ကျက်ပြီး အောင်ပေးတယ်ဆိုတာမျိုး မဖြစ်စေ ချင်ဘူး။ အချိန်ကုန်အကျိုးမရှိဘူး လို့ထင်ပါတယ်။ သေချာလက်တွေ့ နားလည်စေချင်ပါတယ်။ ပညာရေး မှာ သင်ကြားမှုပုံစံပြောင်းတာက တော့ ကောင်းတာလဲရှိသလို၊ အဆင် သိပ်မပြေတာတွေလဲရှိမယ်ထင်တာ ပဲ။ အစိုးရကျောင်းကတော့ သက် သာပြီးပုဂ္ဂလိကကျောင်းကတော့ ငွေပိုကုန်တာပေါ့။ ပညာပိုတတ်တာ ကတော့ ကျောင်းသား အရည်အချင်း စိတ်ဓာတ်က အဓိကပိုကျတယ်ထင် ပါတယ်။ မိဘတွေအနေနဲ့ကတော့ ဘယ်သူမဆို ကိုယ့်သားသမီးပညာ ရေးကို အကောင်းဆုံးဖြစ်စေချင် တာပါဘဲ။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခု လောက် သင်ပေးရမယ့်အခြေအနေ မှာ ကိုယ့်အနေအထားနဲ့ကို ချင့်ချိန်ရ တာလည်းရှိနေတော့ အစိုးရပညာရေး စနစ်ကိုပဲ အားကိုးချင်တာ။

————————-

မဇင်မြတ်နိုးဦး

လက်ရှိပညာရေးစနစ် ဘယ်လို မြင်လဲဆိုတော့ အရင်ပညာရေးနဲ့ ထူးမခြားပါပဲ။ ကလေးတွေရဲ့ပညာ ရေးကို တိုးတက်စေချင်ပါတယ်။ နိုင် ငံတကာပညာရေးနဲ့ ရင်ပေါင်တန်း နေစေချင်ပါတယ်။ ပညာရေးမှာ သင်ကြားမှု ပုံစံတွေပြောင်းတာနဲ့ ပတ်သက်ပြီး ကောင်းလားဆိုးလားဆို တာကတော့ ပြောင်းတာလည်းသိပ် မကြာသေးတော့စောင့်ကြည့်ရမှာ ပေါ့။ အလောတကြီးပြောလို့တော့မရ သေးဘူးလေ။ ပညာရေးအတွက် အစိုး ရစာသင်ကျောင်းကိုတော့ ပိုသဘော တွေ့ပါတယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂလိကကျောင်းက ပိုက်ဆံပိုကုန် တယ်လေ။ ကလေးတွေရဲ့ ပညာရေး စနစ်ကောင်းမှ တိုင်းပြည်အနာဂတ် က ကောင်းနိုင်တာဖြစ်လို့အစိုးရကလည်းပညာရေးဘက်ဂျက်သုံးစွဲမှုကိုပိုတိုးပြီး ချပေးစေချင်သလို ဆရာ၊ ဆရာမတွေကလည်း တကယ့်ကို နာသုံးနာနဲ့ ပြည့်စုံတဲ့ဆရာကောင်း တွေဖြစ်စေချင်ပါတယ်။

————————-

ကိုအောင်ကြည်ထွန်း

မိဘတစ်ယောက်အနေနဲ့ အ ကောင်းဆုံးဘယ်လိုပဲ ပံ့ပိုးပါစေ ကလေးက သင်ယူလိုစိတ်ရှိဖို့လည်း လိုပါတယ်။နောက်စာသင်ကျောင်း တွေမှာ ကလေးတွေရဲ့ဥာဏ်ကို ဖွင့် ပေးမယ့် သင်ခန်းစာတွေ လက်တွေ့ ကျတဲ့ဘာသာရပ်တွေလေ့ကျင့်ခန်း တွေလုပ်ပေးစေချင်တယ်။ ဆရာက ဒါပြောကလေးကလိုက် လုပ်ဆိုတာ ထက် ကလေးငယ်လုပ်ချင်တဲ့ စိတ် ဝင်စားတဲ့အရာကို ဆရာမိဘပူးပေါင်း ပြီး ပံ့ပိုးခြင်းအားဖြင့် ကလေးငယ်တွေ နောင်တစ်ချိန် လူကြီးဖြစ်လာတဲ့အခါ ဘာသာရပ်အလိုက် စပါယ်ရှယ်လစ် တွေ ဖြစ်လာမှာပါ။ လက်ရှိပညာရေး စနစ်ကိုက ထူးထူးခြားခြားပြောင်း လဲနေတာတော့မတွေ့ရသေးဘူး။ အရင် လိုပဲကျက်ဖြေတွေတွေ့နေရသေးတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေကို ကျက်ပြီးဖြေတဲ့ စနစ်မျိုးထက်စာရင် ကိုယ်တကယ့်ကို သိနားလည်လို့ ဖြေ တာမျိုးပဲဖြစ်စေချင်တယ်။ အဲဒီလို စနစ်မျိုးကိုလည်း အမြန်ဆုံးအကောင် အထည်ဖော်နိုင်စေချင်တယ်။ ပညာသင်ကြားမှုပိုင်းမှာပုံစံတွေပြောင်းလဲ ထားတယ်လို့လည်းကြားတယ်။ တကယ် ထိရောက်လားဆိုတာက တော့စောင့် ကြည့်ရမှာ။ စနစ်အကူးအပြောင်း ဆိုတော့ အခက်အခဲလေးတွေတော့ ရှိနိုင်တာပေါ့။ ကျောင်းဆိုတာက တော့ အစိုးရကျောင်းဖြစ်ဖြစ်၊ ပုဂ္ဂလိ ကကျောင်းဖြစ်ဖြစ်ကလေးရဲ့ သင် ယူလိုစိတ်ကသာ အဓိကကျတာပါ။

————————-

မခင်မျိုးထွေး

ပညာရေးစနစ်သစ်က ဘာတွေ ပြောင်းလဲသွားမလဲဆိုတာတော့ မသိ သေးဘူး။ ဒါကတော့ ကလေးတွေ ကျောင်းတက်ပြီးမှသိရမှာပေါ့။ ပညာ ရေးကတော့ သူတို့ပြောင်းထားတဲ့အ ထဲမှာလေးယောက်တစ်Group ဖြေတာ တို့စာမေးပွဲကိုလည်း သူငယ်တန်းကနေ တစ်တန်းအထိ စာမေးပွဲမရှိဘူး။ နှစ်တန်းကနေစပြီးစာမေးပွဲရှိမယ်။ အများကြီးပဲသူတို့ရေးထားတာလေးငါးခြောက်ခုရှိတယ် ကလေးတွေ ကျောင်းတက်ပြီးမှ ဒီစနစ်ကဘယ်လို သွားလဲသိရမှာပေါ့။ အစိုးရကျောင်း မှာ ခုလတ်တလောကိုယ်တွေခံစားနေ ရတာကတော့ လူဦးရေအလွန်းများ တယ်။ တစ်ခန်းတစ်ခန်းမှာဆိုရင် လူဦးရေ အလွန်းများတယ်။ ပြီးတော့ ကလေးတွေအတွက် အဓိကကကျန်း မာရေးပေါ့။ ငေမခသညမရှိဘာမရှိအိမ် သာညစ်ပတ်၊ ခြင်တွေလည်းရှိတယ်။သန့်ရှင်းမှုညံ့တယ်။ ပညာရေးပိုင်းနဲ့ ပတ်သက်ပြီးလည်း ခုလတ်တလောတခြားကျောင်းသားမိဘတွေဆီက ပြန်ကြားတာကတော့ ဒီကျောင်းမှာ တက်ရင် ဒီဆရာမဆီမှာကျူ ရှင် တက်ရတာ။ အဲဒီလိုမျိုးတွေတော့ ကြားတာပဲ။ ဒါပေမဲ့ကျောင်းတိုင်း တော့မဟုတ်ဘူးပေါ့။ ကျောင်းတိုင်းကိုတော့မဆိုလိုပါဘူး။ သင်ကြားတဲ့ အပေါ်မှာလည်း လူဦးရေ များတဲ့ အတွက် တစ်ယောက်ချင်းဆီကိုလိုက် ဂရုမစိုက်နိုင်ဘူးပေါ့။ စမငလအေန ကျောင်းရဲ့ အားသာချက်က သေချာ လည်း ဂရုစိုက်တယ်။ သေချာလုပ် ပေးတယ်။ သန့်ရှင်းမှုပိုင်းလည်း ကောင်းတယ်။ ဘက်လိုက်တာမျိုး လည်း မရှိဘူးပေါ့။ လတ်တလောမှာ တော့ ပုဂ္ဂလိကကျောင်းတွေကအဆင် ပြေနေသေးတယ်။

————————-

မငုဝါ

ကလေးတွေ ပညာရေးကိုပြော ချင်တာက ခဏခဏမပြောင်းပါ နဲ့လို့။ စနစ်တခုကို အပြောင်းအလဲ လုပ်လွန်းတော့ ဒီအပြောင်းအလဲကို သားကောင်ဖြစ်တဲ့ ကလေးငယ်တွေ က လှိမ့်ခံနေရပါတယ်။မိဘတစ် ယောက်အနေနဲ့ ပညာရေးစနစ် ကောင်းတဲ့ ခေတ်မှာ ကိုယ့်ကလေးကို စာသင်စေချင်ပါတယ်။ အခုဟာက စာမေးပွဲခုမရှိတော့ဘူး။ခုရှိပြန်ပြီ။အခုပဲအစိုးရစစ်၊အခုတိုင်းစစ်အမျိုးစုံကို ပြောင်းနေတဲ့အခါကျတော့ က လေးတွေကို သင်တဲ့ဆရာတွေ က လည်း အတော်ခက်ခဲပါတယ်။နောက် ဖြစ်နိုင်ရင်စာသင်ချိန်မှာပဲ ကလေးငယ်ကိုစာသင်စေချင်တယ်။ကျောင်းခန်းထဲကစာသင်ချိန်အပြင် ထပ်ပြီးကျူရှင်သွားရတဲ့အရာက လည်း သူတို့အတွက်ရော၊ မိဘ အ တွက်ပါ ခက်ခဲပါတယ်။ တချို့မြင် နေရတဲ့ကလေးတွေဆို ဆရာမဆီမှာ တစ်ချိန်တက်ရတယ်။ ကျူရှင် မေး ခွန်းရအောင် နောက်တကယ်တတ် အောင်အပြင်မှာ တစ်ခါတတ်ရတယ်။ကျောင်းချိန်ကျောင်းတတ်ရတယ်။ဘယ်မလဲသူ့အတွက်နားချိန်။ ဒါတွေ က လုံးဝအဆင်မပြေပါဘူး။ နောက် ဆုံးနိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေး တည် ငြိမ်ဖို့ဆို ဒီအခြေခံကောင်းအောင် သင်နေတဲ့ပညာရေးစနစ်ငြိမ်ဖို့လို တာပေါ့။ ခဏခဏပြောင်းနေတဲ့ စနစ်ကြောင့် ကလေးတွေကြီးလာ ရင်လည်း ဘာအလုပ်လုပ်ခဏခဏ ပြောင်းနေပြီး တည်ငြိမ်မှာ မဟုတ် ဘူးလို့ထင်တယ်။

အောင်ပြည့်စုံ

 


LEAVE A REPLY

Please enter your comment!
Please enter your name here