ခိုင်နှင်းဝေ အကြောင်းပြောပြတဲ့ မိခင်ဖြစ်သူ ဒေါ်ချိုချိုမာ

0
716

ပရဟိတလုပ်ငန်းတွေမှာ ကိုယ့်အကျိုးကိုမငှဲ့ဘဲ အားသွန်ခွန်စိုက်ပြု လုပ်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ အတွက် အမေဖြစ်သူ ဒေါ်ချိုချိုမာကလည်း ဝမ်းသာပီတိဖြစ်နေကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။

”သမီးက တအားလိမ္မာတယ်။ ငယ်ငယ်ကတည်းကပေါ့။ သူငယ်ငယ်ကတည်းက သူ့အဖေနဲ့ ကွဲသွားခဲ့ရတယ်။ သူ့ကို အန်တီနဲ့ သူ့အဒေါ်(အကယ်ဒမီမြင့်မြင့်ခိုင်) ပဲ ပြုစုစောင့်ရှောက်ခဲ့တာ။ သူ့အဒေါ်ကပဲ စောင့်ရှောက် တာများပါတယ်။ သူက ငယ်ငယ်ကတည်းက သရုပ်ဆောင်ဝါသနာပါတယ်။ အမြဲတမ်း သူ့အဒေါ်နဲ့ ရှုတင်လိုက်လိုက်သွားတယ်။ အဲဒီကနေ တစ်ဆင့်၊ တစ်ဆင့်နဲ့ သရုပ်ဆောင် ဖြစ်လာခဲ့တယ်။ အခက်အခဲတွေကလည်း အများကြီးပေါ့။ ဒါပေမဲ့လည်း သမီးက ဖြစ်အောင်လုပ်တယ်။ သူအဲဒီလိုလုပ်လို့ပဲ သူအခုသူဖြစ်ချင်တာတွေလည်း ဖြစ်လာ တယ်လေ။ သရုပ်ဆောင်ဖြစ်တော့လည်း မိဘကိုထောက်ပံ့တယ်။ မိဘရဲ့ သွန်သင်ဆုံးမမှု ကိုလည်း သူလက်ခံတယ်။ ပြန်မပြောဘူး။ လိမ္မာတယ်။ အဲဒါနဲ့ သူ သရုပ် ဆောင်ပိုင်းမှာလည်း ထူးချွန်အောင် သရုပ်ဆောင်နိုင်ခဲ့တယ်။ အခု သူဝါသ နာပါတဲ့ သရုပ်ဆောင်အလုပ်ပဲ လုပ်တာလားဆိုတော့ မဟုတ်ဘူး။ မိဘမဲ့ ကလေးတွေကို ထောက်ပံ့ပေးရတာတွေ၊ ပြောရရင်တော့ ပရဟိတ လုပ် ငန်းတွေကိုလုပ်လာတယ်။ လုပ်တော့လည်း အတိုက်အခိုက်တွေတော့ ရှိတာပေါ့။ သူများတကာတွေက သူ့ကို မကောင်းပြောကြတယ်။ ဒါ တွေလည်း သူကဂရုမစိုက်ဘူး။ သူလုပ်နေတဲ့အလုပ်ကို ဆက်လုပ် တယ်။ အခုဆိုရင် ပိုပြီးလည်းစိတ်ဓာတ်က ရင့်ကျက်လာတယ်။ အရင်ကနဲ့လည်း မတူတော့ဘူး။ ဘယ်သူတွေ ဘာတွေပြောပြော သူဂရုမစိုက်တော့ဘူး။ အဲဒီအတွက်လည်း အန်တီသူ့ကိုကြည့်ပြီး လေးစားမိတယ်။ ရှင်းရှင်းပြောရရင် အန်တီတို့တောင် ဒီလိုမျိုး မလုပ် နိုင်ဘူး။ ဒါကိုသမီးက အကောင်းဆုံးလုပ်နိုင်တယ်။ အဲဒီအတွက်လည်း အန်တီအလွန်ဝမ်းသာတယ်။ အဲဒီအတွက် ဂုဏ်လည်းယူတယ်။ မိဘကို လုပ် ကျွေးတဲ့အတွက် သမီးလေးအောင်မြင်မှာပါ”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here