နှစ်ကုန်ပိုင်းလောက်မှာ သားအမိနှစ်ယောက်Two Lady Show ပွဲ ပြုလုပ်မယ့်ရတနာမိုင်

0
235

ဒီနှစ်ကုန်ပိုင်းလောက်မှာ အဆိုတော်ရတနာမိုင်က သူ့ရဲ့မေမေအဆိုတော်ကြီးမိုင်နဲ့ Two Lady Show ပွဲပြု လုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲလေးက သားအမိနှစ်ယောက်စလုံးရဲ့ ဘဝအမှတ်တရတွေထဲက အမှတ်တရတစ်ခုဖြစ်စေဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါ တယ်။Two Lady Show နဲ့ပတ်သက်ပြီး ရတနာမိုင်က …

“ဘယ်လိုပါဖောင်းမန့်လေးတွေ လုပ်မယ်ဆိုတာကတော့ ခုမှစတင်စဉ်းစားနေတုန်း ပေါ့နော်။ ဇွန်လထဲလောက်မှပဲ စတင်အကောင်အထည်ဖော်မယ်။ သေချာတော့မသိသေးဘူး။မေမေ့ သီချင်းတွေကို မိုင်လေးသီဆိုမယ်။ မိုင်လေးသီချင်းတွေကို မေမေကဆိုမယ်ပေါ့နော်။ ဒီအစီ အစဉ်အတွက် မေမေ့တောင် စနောက်နေရတာ မေမေကသမီးသီချင်းဆိုတော့ သမီးဂါဝန် လေးတွေဝတ်ပြီး သီဆိုရမယ်လို့ (ရယ်လျက်)။ မေမေသီဆိုနိုင်တဲ့ အချိန်လေး။ မေမေသက်ရှိထင်ရှားရှိနေတဲ့ အချိန်လေးမှာ ဒီတူးလေဒီ ရှိုးပွဲ လေးကို မဖြစ်ဖြစ်အောင်ကိုလုပ်သွားမှာပါ”လို့ ပြောပြပါတယ်။ ဒီပွဲမှာ မိခင် ဖြစ်သူ တေးသံရှင်မိုင်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေကို ပြန်လည် သီဆိုမှာဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့ ရတနာမိုင်က ပြော ပါတယ်။ ဒီပွဲလေးက သူ့မေမေကို ပျော်ရွှင်မှုတွေကို အပြည့်အဝပေးနိုင် မယ့်ပွဲလေးဖြစ်မယ့်အကြောင်း ရတနာမိုင်က …

“မေမေ့သီချင်းတွေ သီဆိုရတော့ မေမေကိုယ်တိုင်ကလည်း အမှတ်တရ လေးဖြစ်စေချင်လို့ သီဆိုစေချင်တာဆိုတော့ မေမေပျော်မယ်ပေါ့နော်။ မေ မေပျော်တော့မိုင်လေးလည်း ပျော်ရပါတယ်။ မေမေပျော်အောင်လုပ်ပေး နိုင်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း ကျေနပ်ပီတိဖြစ်ရမှာပါ။ အမေက တကယ်ကိုအောင်မြင်ခဲ့တဲ့သူ။ အခုလည်းမေမေ့ရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို သီဆိုရမယ်ဆိုတော့ ပျော်နေတယ်” လို့ပြောပါတယ်။ အခုလတ်တလောမှာတော့ ဂီတနဲ့ပတ်သက်ပြီး သူထွက်ရှိထားတဲ့ ‘သူသိစေ’နဲ့ ‘ရိုးရိုးလေး’ အခွေတို့အတွက်MTVရိုက်ကူးနေပြီး Two Lady Show  ပွဲမတိုင်ခင်မှာလည်း သူ့မေမေရဲ့ သီချင်းတွေထဲက တော့ Selection ၆ ပုဒ် လောက်ကို မီနီအယ်လ်ဘမ် လေးထွက်ရှိဖို့ လုပ်ဆောင်သွားမယ်လို့ ရတနာမိုင်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here