ကာရိုက်တာလေးမျိုးကို ခွဲပြီး သရုပ်ဆောင်နေတယ်ဆိုတဲ့ ဖူးစုံ ရဲ့ဇာတ်လမ်းတွဲ အသစ်များအကြောင်း

0
743

သရုပ်ဆောင်ဖူးစုံကတော့ လက်ရှိအချိန်မှာတော့ ဇာတ်လမ်းတွဲတွေကို ဆက်တိုက်ပါဝင်သရုပ်ဆောင်ရိုက်ကူးဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ကာရိုက် တာ အပြောင်းအလဲများစွာနဲ့ အပြင်အဆင်ကွာခြားမှုများအကြောင်းကို မေးမြန်းတဲ့အခါ …

”အစ်မက အခုလတ်တလောမှာ MRTV-4 ဇာတ်လမ်းတွဲ နှစ်တွဲကို ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတယ်။ ပထမတစ်ခုက ဒါရိုက်တာ ထက်နောင်နဲ့ စိတ်၏ခြေရာဆိုတဲ့ ဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲမှာ အစ်မကတော့ ထူးထူးခြားခြား အရွယ်လေးမျိုး သရုပ်ဆောင်ရတယ်။ အသက်၂၅ နှစ်လောက်က အရွယ်၊ အသက် ၃၅ အရွယ်၊ အသက် ၅ဝ အရွယ်နဲ့ အသက် ၆ဝ ကျော်အရွယ် သရုပ်ဆောင်ရတာပါ။ နောက်တစ်ခုကတော့ ထိုင်းဒါရိုက်တာနဲ့ ရိုက်ကူးတာ ကတော့ ရွှေဖူးစာဆုံရာမြေဆိုတဲ့ ဇာတ်လမ်းတွဲပါ။ ဒီဇာတ်ကားထဲမှာကျပြန်တော့လည်း ဆိုင်ခန်းတွေ အများကြီးနဲ့ဈေးကို ပိုင်ဆိုင်တဲ့ သူဌေးမကြီးနေရာက သရုပ်ဆောင်ထားပါ တယ်။ ကိုရန်လေးနဲ့အစ်မနဲ့က လင်မယားနေရာကပါ။ ဇာတ်ပုံစံနှစ်ခုလုံးကတော့ မတူပါ ဘူး။ ဧပြီလလောက်ကတည်းက စတင်ရိုက်ကူးခဲ့တာ သြဂုတ်လအထိ ဆက်တိုက်ပါပဲ”လို့ ဖူးစုံက ပြောပြပါတယ်။

လက်ရှိအချိန်မှာ ကာရိုက်တာအပြောင်းအလဲတွေကိုပဲ လက်ခံရိုက်ကူးနေတဲ့ ဖူးစုံက မင်းသမီးနေရာ၊ အဓိကနေရာဆိုတာထက် ပါဝင်ရတဲ့ ကာရိုက်တာရဲ့လေးနက်မှုကိုပဲ ထည့်သွင်းစဉ်းစားတယ်လို့ ဆိုပါတယ်။ ဖူးစုံရဲ့ လက်ရှိသရုပ်ဆောင်မှုတွေအပေါ် ခံယူ ချက်က …

”ဖူးစုံကတော့ အခုချိန်မှာသရုပ် ဆောင်တစ်ယောက်လို့ပဲ ကိုယ့်ကို ကိုယ်ခံယူပါ တယ်။ ဒါကြောင့် ကိုယ့်ဆီကို ဇာတ်တစ်ခုလာအပ်ပြီဆိုရင် ကိုယ့်ကိုပေးတဲ့ဇာတ်ကောင်က အဓိပ္ပာယ်ရှိလားဆိုတာကို အရင်စဉ်းစားပါတယ်။ အဓိပ္ပာယ်ရှိတဲ့ဇာတ်ကောင်ဆိုရင် အမေပဲ ဖြစ်ပါစေ၊ အဘွားပဲဖြစ်ပါစေ ဖူးစုံလုပ်သင့်တယ်လို့ခံယူတယ်။ အဓိကဇာတ်တစ်ခုမှာ တောက် လျှောက်ပါဝင်နေပေမယ့် အဓိပ္ပာယ်ရှိတဲ့ဇာတ်ကောင်မဟုတ်ရင် အဲဒါကိုရွေးချယ်ပြီး ရိုက်ကူး ဖြစ်မှာ မဟုတ်ပါဘူး။ ရတနာထဲကရတနာ ဇာတ်လမ်းတွဲမှာ ဆိုရင်လည်း ပရိသတ်တွေရဲ့ Feedback က တော်တော်လေးကောင်းပါတယ်။ ဒီဇာတ်လေးလာ အပ်တုန်းကဆိုရင်လည်း ဇာတ် ကောင်အတွက် ကိုယ်ဘာတွေ ပြင် ဆင်ရမလဲဆိုတာကိုလည်း စဉ်းစားတယ်။ အပြင် ပိုင်းအဝတ်အစားအပြင်အဆင်တွေအပြင်၊ စိတ်တွေ၊ စကားပြောတွေပါ ကြိုတင်ပြင်ဆင်ပါတယ်။ ဒီလိုအစစအရာရာပြင် ဆင်လိုက်လို့လည်း ပရိသတ်တွေရဲ့ တုံ့ပြန်မှုအားက ကောင်းခဲ့တယ်”လို့ ဖူးစုံက ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here