ချစ်သူမရှိတော့တဲ့ Single တစ်ယောက်ပါ ရွှေမှုံရတီ

0
289

သရုပ်ဆောင် ရွှေမှုံရတီက မေလ ၁၆ ရက်နေ့က ကျရောက်ခဲ့တဲ့သူမရဲ့ အသက် ၂ဝ ပြည့်မွေးနေ့မှာ မှော်ဘီမြို့က အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ မွေးနေ့အလှူပြု လုပ်ခဲ့ပါတယ်။ မွေးနေ့အလှူအဖြစ် လှူဒါန်းမှုများကတော့ အောင် ဇမ္ဗူတောရ ဆရာတော် ဘဒ္ဒန္တပဏ္ဍ ဝံသနှင့် သံဃာတော်အပါး ၁ဝ၈ ပါး တို့ကို သင်္ကန်းများနေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုရားဖူးရောက်လာကြတဲ့ဧည်ပရိသတ်အယောက် ၁ဝဝဝ ကျော်တို့အတွက် ကြက်သားနဲ့ ထော ပတ်ထမင်းတို့ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

ရွှေမှုံရတီက အသက် ၁၈ ပြည့်မွေးနေ့ပွဲကိုတော့ ဟိုတယ်တစ် ခုမှာ ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့သလို ၁၉ နှစ်ပြည့်မွေးနေ့တုန်းက လည်း မန္တလေးမြို့မှာပရိသတ်များနဲ့ အတူ မွေးနေ့ပွဲကျင်းပ ခဲ့တာဖြစ်ပါ တယ်။ ဒီနှစ်မွေးနေ့မှာတော့ ရှေ့နှစ်တွေကလို မပြုလုပ်ဘဲ ဘုန်းကြီးကျောင်းမှာပဲ မွေးနေ့အလှူပြုလုပ်ဖြစ်ခဲ့ပုံကို ရွှေမှုံရတီက …

”အသက်ကြီးပြီးလေ။ ၂ဝ ဆိုတော့ ထိပ်စီးက ပြောင်းသွားပြီးဆို တော့ လူကြီးဆန်ရမယ်လေ။ညီမနဂို က တည်းက ပွဲတွေလည်းလုပ်တယ်။အလှူတွေလည်း အများကြီး လုပ်ဖြစ်တယ်။ ဒါပေမဲ့ ဖေ့စ်ဘုတ်ခ်ပေါ်တော့ မတင်ဖြစ်ဘူး။ ဒီအလှူကျတော့ အမှတ်တရလေးလည်း ဖြစ်သွားအောင် အသက် ၂ဝ လည်း ဖြစ်တော့ အမှတ်တရလေးဖြစ်ချင်လို့ လုပ်လိုက် တာပါ”လို့ ပြောပါတယ်။

အသက် တစ်နှစ်ထက် တစ်နှစ်အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ရင့် ကျက်လာအောင်တည်ငြိမ်လာအောင် ကြိုးစားနေထိုင် ကြောင်းမိဘတွေကိုလည်း သူ့အသက်ရှင်နေသရွေ့ လုပ်ကျွေးပြုစုသွားမှာဖြစ်ပြီး ဘဝအဆက်ဆက်မှာ မိဘကိုလုပ် ကျွေးခွင့်ရတဲ့သားသမီးတစ်ယောက်ပဲဖြစ် ရပါလို၏လို့ အမြဲဆုတောင်း ပါတယ်”လို့ ရွှေမှုံရတီက ပြောပြပါတယ်။

ဒီနှစ်မွေးနေ့မှာ မိဘတွေမျိုး ညီအစ် ကို မောင်နှမတွေ We Love တွေထံက မွေးနေ့ဆက် ဆောင်များရရှိခဲ့တဲ့အတွက် ရွှေမှုံရတီပျော်ရွှင်နေ တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလို ပျော်ရွှင်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ သူမက ဝမ်းနည်းစရာ စကား တစ်ခွန်းကို ပြောပြခဲ့ပါတယ်။ဒါကတော့ ချစ် သူနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ စကားပါ။ ချစ်သူနဲ့ တကယ် လမ်းခွဲလိုက်ပြီး လားဆိုတော့ …

”ဟုတ်ပါတယ်။ မရှိတော့ပါဘူး။ Single ပါ။အခုတအားပျော်ပါတယ်။လွတ်လပ်တဲ့အရသာကို ဘဝမှာ ဒါပထမဆုံးအကြိမ်ခံစားရခြင်းဆိုတော့ ညီမတအားပျော်ပါတယ်”လို့ ရွှေမှုံရတီက ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါ တယ်။ ရှေ့ဆက်ပြီးတော့ ဘယ်လိုချစ်သူမျိုးကို ရွေးချယ်သွားဦးမလဲဆိုတော့ …

”ညီမအသက်က အခုမှငယ်ငယ် လေးရှိသေးတော့ အခုတော့မပြော သးပါ ဘူး။ နောက်ကျမှအေးဆေး ပြောပြမယ်။ အချိန်တွေ အများကြီးရှိပါသေး တယ်။ အခုတော့ ညီမရဲ့ မွေးနေ့မှာ တအားကို လွတ်လပ်နေတယ်။ တအားကို ပျော်ရွှင်နေ တယ်။ ညီမရဲ့ မိသားစုတွေ ချစ်ရခင်ရသူတွေနဲ့ အတူရှိတဲ့အတွက် ပျော်တယ်”လို့ ရွှေမှုံရတီကပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here