ရွှေမှုံရတီ မှားခဲ့တာတွေရှိရင် ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်လိုက်တဲ့ ဒေါ်မော်မော်ခိုင်

0
180

ရွှေမှုံရတီရဲ့ မိခင်ဒေါ်မော်မော်ခိုင်က သူ့သမီးရွှေမှုံရတီဟာ မိဘစကားကိုနားထောင်ပြီး မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သမီးလေးဖြစ်တယ်လို့ပြောပါတယ်။ မိဘကိုလုပ်ကျွေးတဲ့ သားသမီးက ကံကောင်းခြင်းတွေနဲ့သာ ပြည့်စုံနေသူတွေဖြစ်ကြတဲ့ အတွက် သမီးရွှေမှုံရတီဘဝကလည်း ကံကောင်းခြင်းတွေရမှာပါလို့ မိခင်ဒေါ်မော်မော်ခိုင်က ပြောပါတယ်။

ရွှေမှုံရတီက အသက် ၂ဝအရွယ်ပဲရှိသေးတာဆိုပေမယ့် အသက်အရွယ်နဲ့မလိုက်အောင်ကိုဘဲ ရင့်ကျက်တည်ငြိမ်မှုရှိနေတဲ့ သူတစ်ယောက်ပါ။ မိဘတွေ ဆွေမျိုးများအပေါ်ကိုလည်း သိတတ်လိမ္မာတဲ့ကလေးတစ်ယောက်ပါ။ ဒီလိုသမီးမျိုးဖြစ်အောင် မိခင်ဒေါ်မော်မော်ခိုင်သွန်သင်ဆုံးမပုံက. . .

”အန်တီကတော့ သူရင့်ကျက်လာအောင် မိဘတစ်ယောက်အနေနဲ့ သွန်သင်ဆုံးမပေးနေရတာပေါ့နော်။ မမှားသင့်တာမမှား အောင်ဆုံးမပေးတယ်။ သူကလည်းနာခံတယ်။ မှားနေတယ်ထင်ရင်လည်း အမေကိုတိုင်ပင်တယ်။ အန်တီကလည်းပြုပြင် ပေးတဲ့အတွက်ကြောင့်မိုလို့ သူကိုယ်တိုင်ကလည်း လိုက်နာတဲ့အတွက်ကြောင့်မိုလို့ သူလည်းတော်တော်ရင့်ကျက်လာပါတယ်။သူကအိမ်မှာဆိုလည်း တရားတွေထိုင်တယ်။ ပုတီးတွေစိပ်တယ်။ ဒါတွေလုပ်လို့လည်း သူရင့်ကျက်တည်ငြိမ်လာတယ်လို့အန်တီ ထင်တယ်။ သူကလည်း အမေ သမီး ဒီဘုရားတရားအလုပ်တွေလုပ်တာ အေးချမ်းလိုက်တာလို့သူပြောရှာတယ်။ အန်တီ့ဘက်က ဒီကလေးလေးကို ပရိ သတ်တွေ မမုန်းရအောင်လို့ ကိုယ့်သမီးလေး နာမည် ကောင်းလေးရအောင်လို့ သွန်သင်ဆုံးမပေးရတာပဲ။သူ့အနေနဲ့ကလည်း တဖြည်းဖြည်းနဲ့ပြုပြင် ပြောင်း လဲလာတာတွေရှိပါတယ်”လို့ မိခင်ဒေါ်မော်မော်ခိုင် ကပြောပြပါတယ်။

သမီးရွှေမှုံရတီ သူဝါသနာပါတဲ့ အနုပညာအလုပ်မှာ အခုလိုအောင်မြင်မှုတွေရရှိနေတဲ့အတွက်လည်း မိခင်တစ်ယောက်အနေနနဲ့ အတိုင်းမသိ ဝမ်းသာဂုဏ်ယူရပါတယ်လို့ပြောပါတယ်။သမီးဘဝ အနာဂတ်ရှေ့ရေးနဲ့ ပတ်သက်ရင်လည်း…

”သူ့ အနာဂတ်က သူ့ဘာသာရှိပြီးသားပါ။ အန်တီတို့စီမံလို့မရပါ ဘူး။ သူ့အနာဂတ်သူ့ကံကြမ္မာ သူ့ဘာသာသူရှိပြီးသားပါ။ အန် တီတို့ဖြစ်ချင်တိုင်းဖြစ်လို့ရတဲ့အရာဟုတ်ဘူး။ မမှားရအောင် လုပ်ပေးရမှာက အန်တီ့တာဝန်ပါ။ အန်တီက သူနဲ့ပတ်သက်တဲ့ အရာတွေဆို အခုချိန်ထိထမင်းတောင်ခွံ့ကျွေးရတာဆိုတော့ ကျန်တဲ့အရာတွေကဂိတ်ဆုံးပါပဲ။ နောက်ဆုံးအနေနဲ့ ပရိသတ် ကြီးတို့က သမီးလေးကိုချစ်ပေးပါ၊ အားပေးပေးပါ။ တကယ် လို့သမီးလေးအနေနဲ့ မှားတာတွေရှိခဲ့ရင်လည်းခွင့်လွှတ် ပေးပါ နားလည်ပေးဖို့ တောင်းပန်ချင်ပါတယ်”လို့ မိခင် ဒေါ်မော်မော်ခိုင်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here