အကောင့်ဟက်ခ် ငွေညစ်ခြင်းကိုခံခဲ့ရတဲ့ သရုပ်ဆောင် ပန်းသော်တာ

0
206

ဒီနေ့ခေတ်မှာတော့ လူမှုကွန်ရက်ကို တစ်စတစ်စ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာကြသလို အသုံးပြုသူ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်အကောင့်တွေလည်း Hack ခံတာမျိုး၊ ငွေညစ်တဲ့ပြဿနာတွေလည်း ကြုံတွေ့လာကြရပါတယ်။ အထူးသဖြင့်တော့ အနုပညာရှင်များရဲ့ Facebook Account တွေ အများဆုံးဟက်ခ်ခံရပြီး သတင်းအချက်အလက်များ လည်း ပေါက်ကြားတဲ့အထိဖြစ်ပေါ်နေပါတယ်။ အကောင့်ဟက်ခ်ခံရသူ အနုပညာရှင်များထဲမှာတော့ တက် သစ်စသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ပန်းသော်တာလည်းပါဝင်နေပါတယ်။ ပန်းသော်တာကိုယ်တိုင်ကြုံ တွေ့ခဲ့ရတဲ့ အကောင့်ဟက်ခ် ငွေညစ်ခြင်းဖြစ်ခဲ့ရပုံကတော့ …

“ပန်းရဲ့အသိမောင်လေးတွေက ပြန်ပြီးရအောင်လုပ် ပေးနေကြတယ်။ ပန်းကိုယ်တိုင်ကG-mailလည်း မမှတ်မိဘူးဖြစ် နေတယ်။ ဒါကြောင့်လည်း သိပ်ပြီးအဆင်မပြေဘူး။ ဟက်ခ်တဲ့ လူတွေကလည်း လက်ရှိပန်းရဲ့အကောင့်ကို သုံးနေကြတယ်။ Status တွေလည်းတင်ပါတယ်။ သူတို့သုံးနေတာကို ကိုယ့်အကောင့်ထဲက သူငယ်ချင်းတွေက ကိုယ်သုံး တယ်လို့ပဲထင်နေကြတယ်။

Cover Photo ကို လည်း ပန်းပုံနဲ့ပဲထပ်ချိန်းထားတာဆိုတော့ ပန်း သုံးနေတယ်ပဲထင်ကြတာပေါ့။ ပန်းပြောချင် တာကတော့ ကိုယ်သူတို့ကိုစေတနာထား သလိုသူတို့ဘက်ကလည်း ကိုယ့်အပေါ် မှာ စေတနာထားတယ်ဆိုရင်တော့ အကောင့်ကိုပြန်ပေးစေချင် ပါ တယ်။ ကိုယ့်ဆီမှာ တခြားဘာ အကြောင်းအရာမှတော့မရှိ ဘူး။ သုံးနေတာကြာပြီ ဖြစ်တဲ့ အကောင့်လည်း ဖြစ်တယ်။ အနုပညာ အ သိုင်းအဝိုင်းက ကိုယ့်ရဲ့ စီနီ ယာတွေ၊ သူငယ်ချင်းတွေနဲ့ ပန်းသော်တာ အလုပ်ကိစ္စဆက်သွယ်တာ တွေရှိတဲ့အတွက် ဒီအကောင့်လေးကိုတော့ ပြန်လိုချင်တယ်။ တကယ်လို့ အကောင့်ပြန် ရရင်တော့ အရင်ဆုံးLive လွှင့်ပြီးကြေညာပေး မယ်။ သို့ပေမယ့်အကောင့်ကို ပြန်မပေးဘူး ဆိုရင်လည်းရပါတယ်။ ပန်းရဲ့အကောင့်ကို သုံးရတာပျော်တယ်ဆိုရင်လည်းလုပ်ပါ။ ပန်းက တော့ နောက်ထပ်အကောင့် အသစ်တစ်ခုနဲ့ချက် ချင်း Facebook ပြန်သုံးဖို့တော့ မဖြစ်နိုင်ဘူး။ အချိန်အတိုင်းအတာတစ်ခုလောက်အထိတော့ ကြမယ်လို့ ထင်ပါတယ်”လို့ ပန်းသော်တာက ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here