ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် ဟာမိုနီရုပ်သေး ကွန်ရက်ပွဲ ထွေးဦး မြန်မာရုပ်သေးအဖွဲ့ တက်ရောက်မည်

0
77

ထွေးဦးမြန်မာရုပ်သေးအဖွဲ့က ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့်ဟာမိုနီရုပ်သေး ကွန်ရက်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှ Sema- thai Marionette Foundation ဟာ လူငယ်များ အကြားရုပ်သေး ပညာပြန့်ပွားရေးအတွက် အဓိကထား လုပ်ဆောင်နေတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ်မှစပြီးတော့ ကမ္ဘာ့ရုပ်သေးပွဲတော်နဲ့ လူငယ်ရုပ် သေးပွဲတော်များကို နှစ်စဉ် တစ်လှည့်စီ ကျင်းပခဲ့ပါတယ်။ ထွေးဦး မြန်မာအနေနဲ့လည်း ၂ဝ၁၄ ခုနှစ် ဟာမိုနီ ကမ္ဘာ့ရုပ်သေး ပွဲတော်၊ ၂ဝ၁၆ ခုနှစ် ဟာမိုနီ ကမ္ဘာ့ရုပ်သေးပွဲတော်၊ ၂ဝ၁၇ ခုနှစ် ဟာမိုနီ ကမ္ဘာ့ရုပ်သေးပွဲတော်၊ ၂ဝ၁၈ ခုနှစ် လူငယ်ရုပ်သေးပွဲတော် စသဖြင့် အသီးသီးတက်ရောက်ခဲ့ပါတယ်။

”ဒီကလေး နှစ်ယောက်ကို ပြည်ပက ချစ်ကြတယ်။ ဘန်ကောက် မှ မန္တလေးသို့ ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်တဲ့အတွက် ထိုင်းတွေက သူတို့ကို ချစ်ကြတယ်။ ဗီယက်နမ်တွေကလည်း စင်ကာပူမှာ တွေ့တုန်းကတည်းက ချစ်ကြတယ်။ အဲဒါကြောင့် ပွဲတော်ကို စရိတ်ပေးပြီး ဖိတ်ကြားတယ်။ နှစ်ဆန်းတုန်းကလည်း ထိုင်းနိုင်ငံ၊ ခိုရတ်ပွဲတော်တက်ရောက်ဖို့လည်း စရိတ်ပေးပြီး ဖိတ်ကြားတယ်။ အခုပွဲလည်း စရိတ်ပေးပြီး ဖိတ်ကြားပြန်တယ်။ ဦးထွေးတို့ ရင်းခဲ့ ရတဲ့ အချိန်၊ ငွေကြေးကလည်း မနည်းလှပါဘူး။ အခုတော့ ကိုယ်စိုက်ပျိုးတဲ့ အပင်က အသီးအပွင့်တွေစားရတယ် လို့ မှတ်ယူပါတယ်။ ချစ်သူများက မြန်မာကိုယ်စား မြန်မာ့အနုပညာကို သွားပြတယ်လို့ ဂုဏ်ယူကြပါတယ်။ အားပေးကြပါတယ်။ မလိုလားသူများက သွားကြပြန်ပြီ၊ ဘာမှမတတ်ဘဲ လုပ်စားနေကြတယ်လို့ မေးငေါ့ကြပါတယ်။ ချစ်သူ၊ မုန်းသူ နှစ်မျိုးစလုံး ရှိတတ်တဲ့ လောကကြီးမှာ မြှောက်လို့လည်း မမြောက်တတ်ပါ၊ မုန်းလို့လည်း စိတ်မဆိုးပါ။ ကိုယ်စိုက်ပျိုးတဲ့ အပင် ကိုယ်ရိတ်သိမ်းကြရမှာပါ”လို့ ထွေးဦးမြန်မာရုပ်သေးအဖွဲ့မှ ဦးထွေးက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here