Original Gangster 3 ရုပ်ရှင်ဇာတ်ကားပြသခွင့်မရတဲ့အပေါ် ပါဝင် သရုပ်ဆောင်ထားတဲ့ ခိုင်သဇင်ငုဝါရဲ့ စကားသံ

0
187

သရုပ်ဆောင် ယုန်လေး၊ မြင့်မြတ်နဲ့ ထူးခြားတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Original Gan- gster3 အက်ရှင်ဇာတ်ကားကတော့ ရုံတင်ပြသခွင့်မရတော့ဘူးလို့ သိရပါတယ်။ ဆင်ဆာပြင်ဆင်ခွင့်မရဘဲ အများပြည်သူပြသရန် မသင့်ဆိုတဲ့ အကြောင်းအရာတွေကိုလည်း ကြားသိရသလို အလှမယ်များကို ပြန်ပေးဆွဲခြင်းက မြန်မာနိုင်ငံမှာမရှိဘူးဆိုတဲ့ အကြောင်းအရာတွေလည်း ရှိခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင် ထားတဲ့ခိုင်သဇင်ငုဝါကလည်းဇာတ်ကား ပြသခွင့်မရတဲ့အပေါ်သူမရဲ့စကားသံက….

“ညီမလည်း ကိုယုန်လေး Live တင်ထားတာကိုကြည့်လိုက်ရတယ်။ မြန်မာနိုင်ငံမှာMiss တွေကို ပြန် ပေးဆွဲတာ တစ်ခါမှ မရှိသေးဘူး။ လက်နက်ကိုင်ဆောင်တာမရှိဘူးလို့ ကြားတယ်။ ဒါဆိုရင် နိုင်ငံခြားကဇာတ်ကားတွေဆို ဘယ်လိုလုပ်မလဲပေါ့နော်။ လူတော် တော်များများက တော့ မြန်မာဇာတ်ကားတွေကို ပေါကားပေါကားလို့ ပြောချင်တယ်။ ဒါပေမဲ့တကယ်တမ်းဇာတ်ကားရိုက်ကူး ကြတဲ့အချိန်မှာ အခက်အခဲ တွေနဲ့ အပင်ပန်း ခံပြီးရိုက်ကြရတယ်။ ဒီလိုအပင်ပန်းခံထားပြီး ဆင်ဆာမရတဲ့ အခါ ပရိသတ်တွေကို ချပြချင်တဲ့ အနုပညာတွေ ဆုံးရှုံးရပါတယ်။ မြန် မာနိုင်ငံမှာ ရှိမှရမယ်ဆိုရင် ဒီလိုမျိုး ဇာတ်ကားတွေ နောက်ထပ်လည်းရှိ လာမှာ မဟုတ်တော့ဘူး။ ညီမတို့ လည်း ဒီဇာတ်ကားထဲမှာကူညီပြီး အကောင်းဆုံးကြိုးစားပေးထားတယ်။ အနုပညာ ရှင်တွေအတတ်ပညာရှင်တွေရဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ အနုပညာ ဖန်တီးမှုတွေ အားလုံးရင်းနှီးမြှုပ်နှံထားရတာဖြစ်တဲ့ အတွက် ဖြစ်နိုင်ရင်တော့ ရုံတင်ပြသခွင့်ရချင်ပါတယ်”လို့ သူက ပြောပြ ပါတယ်။

ဆက်လက်ပြီးOriginal Gan- gster 3 မှာ ပြန်ပေးဆွဲခံရတဲ့ အလှ မယ်တစ်ယောက်နေရာက ပါဝင် သရုပ်ဆောင်ထားတဲ့ ခိုင်သဇင်ငုဝါ ကလည်း ဇာတ်ကားရိုက်ကူးစဉ်က အခက်အခဲတွေနဲ့ ကာရိုက်တာ အ တွက် ပြင်ဆင်မှုများ အကြောင်းကိုလည်း …

“ညီမကအလှမယ်တစ်ယောက် အနေနဲ့ပါဝင်သရုပ်ဆောင်ထားတယ်။ ပြန်ပေးဆွဲ တဲ့အခန်းမှာ ပါဝင်တဲ့သရုပ်ဆောင် တွေလည်း တကယ်ကို ကြိုးကြိုး စားစားသရုပ်ဆောင်ခဲ့ကြတယ်။ ညီမတို့လည်း အဲဒီအခန်းကို ရိုက်ကူးဖို့အင်္ကျီ ဆိုရင်လည်းနှစ်စုံစီစဉ်ခဲ့တယ်။ သွေးပေတဲ့အခန်းနဲ့ သွေးမပေတဲ့အခန်း ကူးပြီး ပြန်ပြီးရိုက်ကူးတဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင်လို့ နေရာမလွဲအောင်ပေါ့။ နောက် ပြီး မိတ်ကပ်ပိုင်း၊ ဆံပင်ပိုင်းတွေကိုလည်းသေချာဂရုစိုက် ပြင်ဆင်ရိုက် ကူးခဲ့တာပါ။ ဒီလိုမျိုးရိုက်ကူးထားတာတွေက ပရိသတ်ကို ချ ပြခွင့်မရတဲ့အခါ ကိုယုန်လေးလိုပဲ ထပ်တူစိတ်မကောင်းပါဘူး။ ကိုယုန် လေးရဲ့ နောက်ထပ် ရရှိမယ့်အောင် မြင်မှုကိုလည်း ဒီဇာတ်ကားလေးနဲ့ ဖြစ်စေချင်ပါတယ်” လို့ ခိုင်သဇင်ငုဝါက ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here