ဂျူနီယာသရုပ်ဆောင်တွေကို မိန်းမလျာဇာတ်ရုပ်အတွက်သင်ပြပေးနေတဲ့ ရဲလေးမ

0
179

မိန်းမလျာကာရိုက်တာဖြင့် ပရိ သတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင် ရဲလေးမကတော့ သူ့ကို အားပေးတဲ့ပရိသတ်တွေက အနု ပညာလောကထဲမှမဟုတ်ဘဲ အပြင် မှာလည်း မိန်းမလျာတစ်ယောက် အနေနဲ့ပဲသိနေကြတယ်လို့ပြောပါ တယ်။ “ဇာတ်ကားတွေ သရုပ်ဆောင် အတိုင်း မိန်းမလျာကာရိုက်တာပဲ သရုပ်ဆောင်ရတာများတယ်။ ပြီး တော့ ဆရာတွေကလည်း ကိုယ့်ကို မြင်တာနဲ့ ဒီမိန်းမလျာကာ ရိုက် တာကိုပဲ သရုပ်ဆောင်ခိုင်းဖို့ပဲ မြင် ကြတယ်။ အဲဒီအတွက် ကိုယ်က လည်း မိန်းမလျာကာရိုက်တာပဲ သရုပ်ဆောင်နေရတာပါ။ အမှန်တ ကယ်တော့ ဆရာတွေခိုင်းတဲ့ဟာ ဘာကိုမဆို အစ်ကိုလုပ်နိုင်တယ်။ ခိုင်းတဲ့အတိုင်းလည်း အကုန်လုပ် သွားမှာပါ။ ပြီးတော့ တခြားအစ်ကို ကို အားပေးကြတဲ့ပရိသတ်တွေက အစ်ကို့ကို ရုပ်ရှင်ထဲမှာ သရုပ်ဆောင် နေတဲ့ မိန်းမလျာကာရိုက်တာအတိုင်း အပြင်မှာလည်း အစ်ကို့ကို အခြောက် လို့ထင်နေကြတာတွေရှိတယ်။ အမှန် တကယ်တော့ အစ်ကိုကမိန်းမလျာ မဟုတ်ပါဘူး။ ရုပ်ရှင်ထဲမှာပဲ သရုပ် ဆောင်ထားတာပါ။ အပြင်မှာကတော့ မိသားစုကို ရှာဖွေလုပ်ကိုင်ကျွေးမွေး နေတဲ့ ယောက်ျားတစ်ယောက်အဖြစ် နဲ့ပဲ ရပ်တည်နေရတာပါ”လို့ ရဲလေး မက ပြောပါတယ်။

မိန်းမလျာကာရိုက်တာကို သရုပ်ဆောင်ရချိန်မှာ အဲဒီကာရိုက် တာနဲ့ လိုက်ဖက်အောင် ဘယ်လိုပြင် ဆင်မှုတွေလုပ်ခဲ့ရသလဲလို့ မေးကြည့် တဲ့အခါမှာတော့ ရဲလေးမက “အစ် ကိုက မိန်းမလျာကာရိုက်တာကို သရုပ်ဆောင်ခဲ့တာကြာပြီ။ မိန်းမ လျာကာရိုက်တာဆိုတဲ့အတွက် မိန်း ကလေးနဲ့ လိုက်ဖက်မယ့် အပြင်အ ဆင်တွေ လုပ်ရတာပေါ့။ မိတ်ကပ်၊ အင်္ကျီတွေက အစပေါ့။ မိတ်ကပ်ဆို လည်း မိန်းကလေးနဲ့တူရအောင် အစ်ကိုကိုယ်တိုင်ပဲ မိတ်ကပ်တွေ လိမ်းတယ်။ တဖြည်းဖြည်းနဲ့ပဲ သွားရ တာပေါ့။ စစချင်းမှာတော့ ခက်ခဲခဲ့ တာပေါ့။ နောက်ပိုင်းကျတော့လည်း သူ့ဘာ သူအဆင်ပြေသွားတာပဲ လေ။ အခုဆိုရင် ရိုက်ကွင်းရောက်ရင် ကိုယ်နဲ့အတူတူ သရုပ်ဆောင်မယ့် အခြောက်တွေကိုလည်း အစ်ကိုမိတ် ကပ်တွေ ဘာတွေလိမ်းပေးဖြစ်တယ်။ အစ်ကိုတို့ အခုရိုက်ကူးနေတဲ့ သူ့ ထက်ကဲ ဇာတ်ကားထဲမှာလည်း ဖိုက် စတား အဖွဲ့တစ်ဖွဲ့လုံးက အခြောက် ကာရိုက်တာနဲ့ သရုပ်ဆောင်ရတာဆို တော့ သူတို့ကိုလည်း မိတ်ကပ်လိမ်း ပေးဖြစ်တယ်။ ကိုယ်က ဒီကာရိုက် တာမှာ ကျွမ်းကျင်နေပြီဆိုတော့ မကျွမ်းကျင်သေးတဲ့ ဂျူနီယာလေး တွေကို လိုတဲ့ နေရာတွေ သင်ပေးဖြစ် တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here