မိဘတွေနဲ့လည်း အဆင်ပြေကိုယ့်လည်း ချစ်မယ့်သူမျိုးကလက်ထပ် ယူမယ်ဆိုတဲ့ရွှေပိုးအိမ်

0
129

သရုပ်ဆောင် ရွှေပိုးအိမ်က တစ်ချိန်တစ်ခါတုန်းကတော့ အင်မတန်ချစ်မြတ်နိုးခဲ့ တဲ့ချစ်သူရှိခဲ့သလို ဒီချစ်သူကိုပဲ လက်ထပ်ယူဖို့အထိဆုံးဖြတ်ချက်တွေချခဲ့ဘူး တယ် လို့ဆိုပါတယ်။ အဲဒီနောက်ပိုင်း အသက် ၂၅ နှစ်ကျော် အရွယ်ကို ရောက်ရှိနေတဲ့ ဒီအရွယ်မှာတော့ အချစ်ရေးချစ်ရာတွေကို မစဉ်းစားဖြစ်တော့ ဘူးလို့ ပြော လာပါတယ်။

“ညီမခေါင်းထဲမှာက ညီမအနုပညာရယ်၊ ညီမမိဘရယ် ညီမပရိသတ် တွေရယ်ပဲရှိပါတယ်။ အချစ်ရေးတွေ အိမ်ထောင်ရေးတွေကိုညီမအချိန်နည်း နည်းကြာတော့မှပဲစဉ်းစားမှာပါ။ အချစ်ရေးကိုမစဉ်းစားသေး ဘူးဆိုတာ က ညီမကအနုပညာအလုပ်ကို တအားရူးသွပ်တယ်။ညီမတို့လို နာမည် မရသေးတဲ့သူတွေကအနုပညာအလုပ်ကိုပဲ အာရုံစိုက်မှ။ သရုပ် ဆောင် ဖို့အခွင့်အရေးရမှာလေ ။ အဲဒီအတွက်ကြိုးစားရမယ်။ကိုယ်လုပ် ချင်တဲ့ အလုပ်လေးတွေကို ဒီအရွယ်လေးမှာအကောင်အထည်ဖော် ရမယ် လေ။ ကျန်တာတွေကို စိတ်ဝင်စားနေလို့ရှိရင် ကိုယ်လုပ်ချင်တာတွေ ကိုယ့်ဆန္ဒ တွေက ပြည့်ဝလာမှာမဟုတ်တော့ဘူး” လို့ ရွှေပိုးအိမ်ကပြောပြပါတယ်။

အိမ်ထောင်ပြုရမယ့်အချိန်အခါကို ရောက်ရင်တော့ ကိုယ်တည်ဆောက် မယ့် မိသားစုလေးအတွက် သေချာလေးစဉ်းစားပေးသွားမှာဖြစ်ပြီး သူလိုချင် တဲ့ အိမ်ထောင်ဖက်မျိုးကိုလည်းရွှေပိုးအိမ်က…

“အဓိကကတော့ကိုယ့်ကိုယ်နားလည်ပေးနိုင်ရမယ်။ ကိုယ့်ကို ချစ်ရ မယ်၊ ကိုယ့်မိဘတွေနဲ့လည်း အဆင်ပြေရမယ်။ ပြီးတော့တကယ် အရည် အချင်းရှိတဲ့ ယောက်ျားမျိုး ဖြစ်ရမယ်လို့တော့စိတ်ကူးထားပါတယ်။ ဒီလို အတွေးရှိပေမယ့် ကိုယ်ဘယ်လိုဖူးစာဖက်မျိုးနဲ့ ကြုံရမလဲဆိုတာမသိနိုင်ဘူးလေ”လို့ပြောပြခဲ့ပါ တယ်။

ဇင်မာနွယ်
ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here