အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်သွားမယ့် ပြည့်ဖူးခိုင်

0
310

သရုပ်ဆောင် နဝရတ်ရဲ့ ဝမ်းကွဲညီမသရုပ်ဆောင် ပြည့်ဖူးခိုင် တစ်ယောက်ကဆိုရင်အနုပညာအလုပ်တွေ မလုပ်ကိုင်ဖြစ်တော့တာ အချိန်အတော်ကြာမြင့်ခဲ့ပါပြီ။ အနုပညာလောကနဲ့ဝေးကွာမှုကို နှစ်အားဖြင့် တွက်မယ်ဆိုရင် ၈ နှစ်လောက်ရှိသွားခဲ့ပါပြီ။ ဒါကြောင့်မို့အခုနှစ်တွေအတောအတွင်းမှာ ပြည့်ဖူးခိုင် တစ်ယောက် ဘာတွေလုပ် ဖြစ်နေလဲဆိုတော့ “ပညာရေးလုပ် ဖြစ်တယ်။ ရှေ့နေအလုပ်ကိုလုပ်ဖြစ် တယ်။ စာအုပ်တွေဖတ်တယ်။ စား လိုက်သောက်လိုက်နေတယ်။ဒါပေမဲ့ အဓိကလုပ်တာကတော့ ရှေ့နေ အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာသေချာလေးသင်ယူလိုက်တယ်”လို့ ပြည့်ဖူးခိုင်ကပြောပြပါတယ်။

ဒီလိုမျိုးတွေ လေ့လာသင်ယူနေတဲ့အချိန်မှာ အနုပညာလောကကို လွမ်းဆွတ်တမ်းတမှုတွေဖြစ်လား ဆိုတော့ပြည့် ဖူးခိုင်က “ဇာတ်ကားတွေလာလို့ရှိရင်စခရင်ရှော့ရိုက်ပြီးလာပို့ကြတယ်။ သူတို့က အစ်မမတွေ့ တာ ကြာပြီ အစ်မရဲ့ အနုပညာအလုပ်တွေ ကိုတွေ့ချင်တယ်။မြင်ချင်တယ်ဆိုတဲ့ အချိန်မှာ စိတ်မကောင်း ဖြစ်ပြီး ကိုယ်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ ခံစားရတယ်။အဲဒီလို ကိုယ့်ကိုချစ်ပေးတဲ့ သူတို့ ရင်ထဲမှာက မေတ္တာတရားတွေကို မျက်ကွယ်မပြုချင်ဘူးပေါ့နော်။ အဲဒီအတွက်ကြောင့် မလို့တတ်နိုင်တာ လေးတွေ လုပ်ပေးဖို့ စဉ်းစားထားတယ်”လို့ ပြည့်ဖူးခိုင်ပြောပြပါတယ်။

သူ့ကိုအခုချိန်ထိ ချစ်ခင်အားပေးကြပြီး ဇာတ်ကားများလည်း ရိုက်ကူးစေချင် ကြတဲ့ပရိသတ်များကြောင့် သူအနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်သွားမှာ ဖြစ်ပြီး အခုချိန်မှာ သူလုပ်ဆောင်ချင်တဲ့ အနုပညာအလုပ် တွေကိုလည်းပြောပြရာမှာ “သီချင်းတွေဆိုချင်တယ်။ဖက်ရှင်လှလှလေးတွေနဲ့ အလှဓာတ်ပုံတွေရိုက်ပြီး ပရိသတ်ကိုပြချင်တယ်။ ပြီးတော့ဒီအချိန်မှာ ကိုယ့်အသက် အရွယ်လေးနဲ့ လိုက်ဖက်မှုရှိတဲ့နေရာမျိုးလေးတွေ ကာရိုက်တာမျိုး လေးတွေဆိုရင်တော့ လက်ခံ ပြီးရိုက်ကူးသွားပါ့မယ်။ ဒီလိုအနုပညာအလုပ်တွေပြန်ပြီးလုပ်ကိုင် ဖြစ်ရင်ညီမကိုလိုအပ်ချက်တွေရှိနေရင်တောင်အားပေးပါအုံး။ ချစ်ခင်ပေးကြဖို့ မေတ္တာရပ်ခံ ပါတယ်”လို့ ပြည့်ဖူးခိုင်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here