စမတ်ဖုန်းအသုံးများလာခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လိုကာကွယ်မလဲ Alice Ong

0
196

နည်းပညာခေတ်ကြီးထဲမှာ စမတ်ဖုန်းတစ်လုံးကတော့ လူတိုင်းကိုယ် စီဖုန်းကိုင်သုံးစွဲနေကြပြီ။ မြန်မာနိုင်ငံ မှာတော့ ဖေ့စ်ဘုတ်ခ်ကို တွင်တွင် ကျယ်ကျယ် သုံးစွဲနေကြတာဆိုတော့ ကားစီးလည်း ဖုန်းပွတ်၊ အိမ်မှာ ထိုင် နေရင်းလည်း ဖုန်းပွတ်၊ ရုံးခန်းမှာနေ လည်း ဖုန်းပွတ်နဲ့ ဖုန်းနဲ့ လူနဲ့အမြဲ တပူးတွဲတွဲတွေ ဖြစ်လာကြတယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ စဖုန်းကြောင့် ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်လာမလဲ။ အဲဒီအပေါ် ဖုန်းနဲ့ အမြဲတပူးတွဲတွဲ ရှိနေတတ်တဲ့ မင်းသမီးလေးAlice Ongကို မေးမြန်းဖြစ်ခဲ့ပါတယ်။ သူမဆိုရင်လည်း ဖုန်းကို အမြဲသုံး နေရသူ အနုပညာရှင်တစ်ယောက် ဆိုတော့ ဘယ်လိုကာကွယ်မှုတွေ လုပ်ရလဲ၊ ဘယ်လိုမျိုးလေးတွေ လုပ် ရင် အဆင်ပြေမလဲဆိုတာ တိတိကျ ကျ ရှင်း ပြပေးနိုင်ပါတယ်။ Alice Ong ရဲ့ ရှင်းပြပြော ဆိုတာကတော့ …

“ဖုန်းတွေမှာလည်းပါပါတယ်။Eye Care Mode ပေါ့နော်။ အဲဒါ လေးလုပ်ထားမယ်။ နောက်တစ်ခု ကဖုန်းတွေကို Screen ကြီးကြီး လေး လုပ်ထားမယ်ဆိုရင် အားလုံး အတွက်အဆင်ပြေတယ်။ ဘာဖြစ် လို့လဲဆို တော့ စာလုံးလေးတွေက ကြီးကြီး မြင်ရတယ်။ အာရုံတအား စိုက်စရာမလိုဘူး။ ဒါပေမဲ့ ဘယ် လောက် ပဲလုပ်ထား၊ လုပ်ထား ဖုန်းကြည့်ရတာ ကြာတယ်။ အမြဲသုံးရ တယ်။ အာရုံ စိုက်ရတယ်ဆိုရင် မျက်စိ ညောင်းတယ်။ အာရုံ ကြောတွေထိခိုက်တာ ဖြစ်တတ် တယ်။Alice ဆိုပိုဆိုး၊ ဖုန်းကြည့် ရတာ တင်မကဘူး။ ကင်မရာမီး တွေပါကြည့်နေရတာ နေ့ တိုင်း။ ရှုတင်တွေ မှာ ဆိုရင် လည်း ဒီအတိုင်းပဲလေ။ အဲ ဒီတော့မျက်စိကို အာဟာရ ဖြည့်ပေးတဲ့မျက်စဉ်း ခတ် ဆေးသုံးတယ်။ Alice သုံးနေကျဆေးလေးဆို ပြင်သစ်က ထုတ်တာ။ အပြာရောင်လေး။ မျက်စိထဲဝင်သွားရင်လည်း အပြာရောင်အတိုင်းပဲ။ ဒါပေမဲ့ ၂ မိနစ် လောက်နေရင် ပုံမှန်အရောင်ပြန် ဖြစ်သွားရော။ အဲဒါလေးအမြဲခတ် ပေးရ တယ်။ မဟုတ်ဘူးဆိုရင် ကြာ ရင် မျက်ဖြူ ကအဖြူရောင် မဟုတ်ဘဲ နဲ့ ဝါတာ တို့ဖြစ်တတ်တယ်။ ပြီးတော့ ရေများ များသောက်ပေါ့။ ရေများများ သောက်ရင် မျက်စိအားလည်း ပြန် ကောင်းလာတယ်။ ပြီးတော့ မျက်စိ ကို အာဟာရဖြစ်စေမယ့် အစားအ သောက်တွေ ဥပမာ-မုန်လာဥနီတို့၊ ငါးတို့ အဲဒါတွေကတကယ်ကို အကျိုး ရှိပါတယ်။ နောက်တစ်ခုက ဖုန်းဆို တာ လိုအပ်လို့သုံးရင်တကယ်အသုံးဝင်တယ်။ ဒါပေမဲ့ မလိုအပ်ဘဲနဲ့ တစ် နေကုန်ထိုင် ကြည့်ရင်ကြည့်နေတတ်တယ်။ Alice ဆိုရင် အဲဒီလိုပဲ။ အဲဒီတော့ ကိုယ်ဝါသနာ ပါရာတစ်ခုခုလုပ်နေပေါ့။ ဗူငခန ဆို စာအုပ်ဖတ်နေတယ်။ အဲဒါဆို အဆင်ပြေ တာပေါ့”  လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here