ဂျာမနီနိုင်ငံ အခြေစိုက်လျှပ်စစ် ကုမ္ပဏီတစ်ခုဖြစ် တဲ့Siemens ရဲ့ အရောင်ပြခန်းကို မြန်မာနိုင်ငံမှာ စတင်ဖွင့်ခဲ့ပြီဖြစ်ပါတယ်။ မေလ ၅ ရက်နေ့က ရန်ကုန် မြို့ ကြည်မြင်တိုင် ကမ်းနားလမ်းမှာရှိတဲ့Beside Royal Sin Min Condo မှာဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ Siemens ထုတ်ကုန်များနဲ့ နည်းပညာပိုင်းဆိုင်ရာ Solution များကိုPublic Market နှင့် Private Market နှစ်ခုစလုံးမှာ ရောင်းချနိုင်ရန် ဆောင်ရွက် နေကြောင်းလည်း သိရပါတယ်။Siemens ရဲ့ မြန်မာ ပြည်ကိုယ်စားလှယ်ဖြစ်တဲ့Khin Maung Nyunt Companyမတည်ဖွင့်လှစ်ခြင်းလည်းဖြစ်ပါတယ်။ အဆိုပါ Siemens Showroom နဲ့ ပတ်သက်ပြီး Khin Maung Nyunt Company ရဲ့ MD ဖစ်တဲ့ ဦးခင်မောင်ညွန့်က …
“ဒီ Showroom က မြန်မာပြည်မှာ ပထမဆုံးဖွင့်လှစ်တဲ့Show -room ဖြစ်ပါတယ်။ ဒီ Showroom မှာ လျှပ်စစ်နဲ့ပတ်သက်လို လိုအပ်တဲ့ ပစ္စည်းတွေ၊ လိုအပ်တဲ့ဝန်ဆောင်မှုတွေအားလုံးကို လာရောက်စုံစမ်းဆွေးနွေးပြီး အကြံယူနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း လိုအပ်တာတွေအားလုံးကို ပံ့ပိုးကူညီဆောင်ရွက်သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။
ဇော်ဝင်းအောင်