The One And Only Wedding Fair 2018 ပွဲကြီးကို သြဂုတ်လတွင် ကျင်းပမည်

0
194

PARKROYAL HOTELမှ သြဂုတ်လ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ ဒုတိယ အကြိမ်မြောက်ပြုလုပ်ကျင်းပပြု လုပ် မယ့်The One And Only Wedding Fair 2018  ပွဲကြီးအကြောင်း စာနယ်ဇင်းများအား အသိပေးမိတ်ဆက်ပွဲကို မေလ ၁၇ ရက်နေ့ ညနေပိုင်းက PARKROYAL HOTELမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားပွဲကို အနုပညာ ရှင်များဖြစ်ကြတဲ့ အဆိုတော် မိုင်နှင့် ရတနာမိုင်၊ ရွှေပိုးအိမ်၊ နန္ဒီဝင့်နိုင်၊ ရွှေဇင်တို့နဲ့အတူ အခြားသော အနုပညာရှင် များတက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲကြီးမှာ ဒိုင်မွန်းစပွန်ဆာအဖြစ် ကူညီပေးသွားမယ့် သူကတော့Aroma Wedding One Stop Service Center မှ ဖြစ်ပါတယ်။ ဒီအတွက် Aromaမှ ကိုအောင်မြတ်သူက…

“ကျွန်တော်တို့ဒီပွဲကြီးမှာ အနုပညာရှင်များစွာ အသုံးပြုပြီးတော့ ဒီ wedding ပွဲကြီးကို အလှအပဆုံးဖြစ်အောင် ကြိုးစားပြီးတော့ တင်ဆက် ပြသသွားမှာပါ။ ကျွန်တော်တို့ ဒီပွဲကြီးကို The One And Only လို့ အမည်ပေးထားတယ်။ အဓိပ္ပါယ်ကတော့ တခြားဟိုတယ်တွေက ကျင်းပတဲ့ပွဲတွေနဲ့ မတူအောင် အိုင်ဒီယာတွေ၊ စိတ်ကူးကောင်း တွေ စိတ်ကူးထားပါတယ်။ ပါခ်ရွိုင်ရယ်ဟိုတယ် က တာဝန်ရှိသူတွေကလည်း Customer အတွက်ကိုလည်း တကယ့်ကို စိတ်စေတနာ အပြည့်နဲ့ ဒီပွဲလေးကို အကောင်းဆုံးကျင်းပ ပေးသွားမယ်။ ဒါကြောင့် ကျွန်တော်တို့ပြု လုပ်မယ့်ပွဲဟာ အဆင့်တန်းမီတဲ့ ပွဲတစ်ပွဲဖြစ် မယ်လို့ ယုံကြည်ပါတယ်” လို့ပြောပြပါတယ်။

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here