ချစ်သူသက်တမ်း ၅နှစ် ရှိပြီဖြစ်တဲ့ စိုးသူ နဲ့ စိုးမြတ်နန္ဒာ

0
277

သရုပ်ဆောင်စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ ချစ်သူနှစ်ဦးဟာ မေလ ၂၂ ရက်နေ့ကချစ်သူသက်တမ်း ၅ နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်တာမို့ Happy Anniversary ဆိုတဲ့စာသားလေးကို သူ့တို့ရဲ့ ဖေ့စ်ဘုတ်ခ်ကွန်ရက်တွေ ပေါ် မှာအသီးသီးတင်ထားခဲ့တာတွေ့ရပါတယ်။ စိတ်တူကိုယ်တူရှိတဲ့သူတို့ ချစ်သူ နှစ်ဦးကတော့ အဘိဓမ္မာသင်တန်းတွေ အတူတက်ရောက်ခဲ့ကြပြီး ဘာသာ ရေးကိုလည်း အတူတူ လုပ်ဆောင်လေ့ရှိကြပါတယ်။ အနုပညာအလုပ်တွေ မလုပ်ဖြစ်ကြတာကြာပြီဖြစ်တဲ့ စိုးသူက မကြာခင် ရုပ်ရှင်ဇာတ်ကားတွေပြန်လည် ရိုက်ကူးတော့မှာ ဖြစ်တာကြောင့် သူ့ရဲ့ပရိ သတ်တွေလည်း ဝမ်းမြောက်ကြ ရတော့မှာပါ။ စိုးမြတ်နန္ဒာကလည်း နောက်ပိုင်းမှာ အလုပ်တွေများဖို့ ရှိတဲ့ အတွက် ပရိသတ်တွေအနေနဲ့ နားလည်ပေးစေချင်ကြောင်းကိုလည်း …

”ဒီလကုန်ကနေစပြီး အလုပ်တွေ အတော်ရှုပ်တော့မှာ။ ကလေးတွေ ကျောင်းပိတ်မယ်။ သူတို့ကို ခရီးပို့ရမယ်။ သူငယ်ချင်းတွေနဲ့လည်း ခရီး ရှည် သွားရမယ်။ ဘစိုးရုပ်ရှင်ရုံရိုက်မှာကို တောက်တိုမယ်ရလုပ်ပေးရမယ်။ ပြီး တော့ အွန်လိုင်းမှာ စီးပွားရေးတစ်ခုကိုfan group က မောင်တွေညီမ တွေနဲ့လုပ်ဖို့ရှိတယ်။ နောက်ထပ်အလုပ်တစ်ခုကတော့ US က ပစ္စည်း တစ်ခုကို ယူလိုက်တာ။ ဘာလဲဆိုတာတော့ နောက်မှ ကြေညာဝင်တော့ မယ်။ အဲဒီအလုပ်တွေနဲ့အပြိုင် အိမ်မှာပဲနေရင်း အလုပ်လုပ်ချင်တဲ့သင်တန်း ကြေးတွေလည်း မတတ်နိုင်တဲ့ အစ်မတွေ ညီမတွေကို ကိုယ်တတ်ထားတဲ့ပညာ လေးတွေ(မုန့်လုပ်တာ၊ ပန်းထိုးတာ) share ဖို့ရှိတယ်။ လူတော့နည်း နည်းရွေးမယ်။ နောက်နှစ်ဆန်းလောက်ပေါ့” လို့ စိုးမြတ်နန္ဒာက သူ့ရဲ့ပရိသတ် တွေကို သတင်းစကားပါးခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here