ရုပ်ရှင်ဇာတ်ကားပိုစတာပေါ်က ဝေဖန်ထောက်ပြခံရတဲ့ နာရီနဲ့ပတ်သက်ပြီး အောင်ရဲလင်း ရဲ့ ဖြေရှင်းချက်

0
385

မကြာမီ ရုံတင်ပြသတော့မယ် ဒါရိုက်တာခင်စောမျိုးရိုက်ကူးတဲ့ ”မတစ်ထောင်တစ်ကောင်ဘွား” ရုပ်ရှင်ဇာတ်ကားမှာ ကျော်ရဲအောင်၊ ခိုင် သင်းကြည့်၊ သင်ဇာဝင့်ကျော်၊ ထွန်လွင်အောင်စတဲ့ သရုပ်ဆောင်များနဲ့အတူ အောင်ရဲလင်းက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဆရာမင်းသိင်္ခရဲ့ အောင်မြင်ပြီးသား ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး သူ့အနေနဲ့ ဒီရုပ်ရှင်ဇာတ်ကားကို လက်ခံရိုက်ကူးခဲ့ရခြင်းနဲ့ သူ့ရဲ့ ပါဝင်သရုပ်ဆောင်မှုအပိုင်းကိုလည်း သရုပ်ဆောင်အောင်ရဲလင်းက ခုလိုပြောပြခဲ့ပါတယ်။

”လက်ခံရိုက်ကူးဖြစ်ခဲ့တာကတော့ အဓိက ဒီဇာတ်ကားထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေကို သဘောကျလိုပါ။ ကျွန်တော်သရုပ်ဆောင်တဲ့ ကာရိုက်တာကိုလည်း ကြိုက်တယ်။ အဲဒါကြောင့် လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ ဒီဇာတ်ကားထဲမှာ ကျွန်တော်အနေနဲ့ အိုက်တင်ဆိုလည်း မျက်လုံးနဲ့ လည်း သရုပ်ဆောင်ထားတာများပါတယ်။မျက်လုံးပိုင်းဆိုင်ရာကိုပဲ အကောင်းဆုံးလေ့ကျင့်ပြီးတော့ သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အားမရလိုက်တာတစ်ခုကတော့ နောက်က Tattoo က ပေါ်နေတယ်။ အဲဒါတစ်ခုတော့ အားမရလိုက်ဘူး။ ကျွန်တော်ပြန်ပြီး ကြည့်ရှုတုန်းကတော့ သိပ်မသိသာဘူးလို့ထင်ခဲ့တယ်။ ဒါပေမဲ့ ပိတ်ကားမှာပြန် ကြည့်ရှုတဲ့အခါကျရင်တော့ နည်းနည်းပေါ်တာပေါ့။ ဝတ္ထုထဲမှာ အရင်ခေတ်ကကျတော့ ပုဝါစည်းထားတယ်။ ဒါပေမဲ့ ကျွန် တော်တို့ ဒီဘက်ခေတ်မှာကျတော့ ကျွန်တော်တို့ရိုက်ကွင်းမှာ လုပ်ကြည့်ပါ သေးတယ်။ နည်းနည်းရယ်စရာဖြစ်နေတယ်။ မျက်နှာဖုံးကို ရွေးချယ်လိုက်တဲ့ အကြောင်းကတော့ ဒီမျက်နှာဖုံးကိုကြည့်လိုက်တာနဲ့ လူသတ်တယ်ဆိုတဲ့ လူ တစ်ယောက်ရဲ့ ကာရိုက်တာကို ပေါ် လွင်စေပါတယ်။ အဲဒါကြောင့် မျက်နှာဖုံးကို ရွေးချယ်လိုက်တာပါ”လို့ သူက ပြောပြခဲ့ပါတယ်။

”မတစ်ထောင် တစ်ကောင်ဘွား” ရုပ်ရှင်ဇာတ်ကားပိုစတာပေါ်က ဝေဖန်ထောက် ပြခံရတဲ့ လက်ပတ်နာရီကိစ္စနဲ့ပတ်သက်ပြီးလည်း …

”အဲဒီလက်ပတ်နာရီက ကျွန်တော်ခုဝတ်လာပါတယ်(G- Shock အမှတ်တံဆိပ် မဟုတ်တဲ့ လက်ပတ်နာရီကို ထုတ်ပြလျက်)။ ကျွန်တော်အနေနဲ့ကတော့ ဖြေရှင်းလေ့ ဖြေရှင်းထမရှိပါဘူး။ သူတို့စိတ်ထဲမှာ ကျွန်တော်ကိုG- Shock လို့ပြောတာ လည်းကြား တယ်။ ကျွန်တော့်အနေနဲ့ကတော့ ငြင်းစရာမရှိပါဘူး။ ဇာတ်ကား လာရောက်အား ပေးကြည့်ရှုတဲ့အခါကျရင်တော့ သိရမှာပါ”လို့ အောင်ရဲလင်းက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here